သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောက်ထပ် တောင်ကိုရီးယား Jeju လေယာဉ်တစီး ဆင်းသက်ဂီယာ ချို့ယွင်း


Jeju လေကြောင်းလိုင်း
Jeju လေကြောင်းလိုင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ Gimpo လေဆိပ်ကနေ Jeju ကျွန်းကို ဒီနေ့ တနင်္လာနေ့ မနက် ထွက်ခွာတဲ့ လေယာဉ်တစင်း ဆင်းသက်ဂီယာ ချို့ယွင်းတဲ့အတွက် Gimpo လေဆိပ်ကို ပြန်လာပြီး ဆင်းသက်ခဲ့ရတဲ့အကြောင်း Yohhap သတင်းမှာ ဖေါ်ပြပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၁၆၁ ယောက် လိုက်ပါပြီး ထိခိုက်ဒဏ်ရာရမှုတော့ မရှိဘူးလို့ သတင်းမှာ ဖေါ်ပြပါတယ်။

တနင်္ဂနွေနေ့က Jeju လေကြောင်းလိုင်းပိုင် လေယာဉ်တစီး လေယာဉ်ပြေးလမ်းချော် တံတိုင်းကို တိုက်မိပြီး မီးလောင်ခဲ့တဲ့အတွက် လူ ၁၇၉ ယောက် သေဆုံးမှုဖြစ်ပွားခဲ့ပြီးတဲ့နောက် တနင်္လာနေ့မှာ နောက်ထပ် လေယာဉ်တစီး ဆင်းသက်ဂီယာချို့ယွင်းတဲ့ သတင်းပေါ်ထွက်ခဲ့တာပါ။ ဆင်းသက်ဂီယာ ချို့ယွင်းတဲ့ လေယဉ်ဟာ တနင်္ဂနွေနေ့က မီးလောင်ပျက်ဆီးသွားတဲ့ Boeing 737-800 နဲ့ အမျိုးအစားတူ လေယာဉ်ဖြစ်ပါတယ်။

ဘိုးရင်းလေယာဉ်ကုမ္ပဏီနဲ့ အမေရိကန်ပြည်ထောင်စု လေကြောင်းထိန်းသိမ်းရေးဌာနကတော့ လေယာဉ်ပြေးလမ်းချော် မီးလောင်ပျက်ဆီးခဲ့မှုကို စုံစမ်းစစ်ဆေးရာမှာ လိုအပ်တာတွေ ကူညီ‌ပေးဖို့ ကမ်းလှမ်းထားပါတယ်။ တနင်္ဂနွေနေ့က သေဆုံးခဲ့တဲ့ ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်း ၁၇၉ ယောက်ထဲမှာ ထိုင်းနိုင်ငံသား ၂ ယောက်ပါဝင်တယ်ဆိုတာကို ထိုင်းအစိုးရက အတည်ပြုပါတယ်။

Forum

XS
SM
MD
LG