(Zawgyi/Unicode)
ေရခဲဖုံးေနတဲ့ အႏၱာတိကတိုက္ကို ကမၻာ့ သတၱမေျမာက္တိုက္ႀကီးအျဖစ္ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၀၀ က ရွာေဖြေတြ႔ရွိခဲ့ၾကျပီးတဲ့ေနာက္ ႏုိင္ငံေပါင္းစုံက ပိုင္နက္နယ္ေျမရရွိဖို႔ ၾကိဳးစားခဲ့ၾကပါတယ္။ ၁၉၅၉ ခုႏွစ္မွာေတာ့ ဒီတိုက္ၾကီးကို အကာအကြယ္ေပးဖို႔ Antarctica Treaty ကို ႏုိင္ငံအမ်ား လက္မွတ္ေရး ထိုးခဲ့ၾကပါတယ္။ ဒါေပမဲ့ ဒီစာခ်ဳပ္ဟာ ဥတုရာသီ ေျပာင္းလဲမႈေၾကာင့္ ထြက္ေပၚလာတဲ့ စိန္ေခၚမႈေတြကို ၾကိဳတင္ မွန္းဆ ႏုိင္စြမ္း မရွိခဲ့ပါဘူး။ VOA သတင္းေထာက္ Arash Arabasadi ရဲ႕ သတင္းေပးပို႔ခ်က္ကို ကိုရဲမင္းထြန္းက ေျပာျပပါမယ္။
သစ္သားကိုယ္ထည္နဲ႔ တည္ေဆာက္ထားတဲ့ ပင္လယ္ကူး သေဘၤာႀကီး ေတြကို အသုံးျပဳၿပီး နယ္ေျမ စြန္႔စား ရွာေဖြသူေတြဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၀၀ က ေရခဲအျပည့္ ဖုံးလႊမ္း ေနတဲ့ အႏၱာတိကတိုက္ႀကီးကို ရွာေဖြေတြ႔ရွိခဲ့ၾကပါတယ္။ သူတို႔ ဒီ တိုက္သစ္ႀကီးကို ရွာေဖြေတြ႔ရွိပံုကို Blyth Tall Ship သေဘာၤကုမၸဏီက Clive Gray က အခုလို ေျပာျပခဲ့ပါတယ္။
“အဲဒီ အခ်ိန္က ဘယ္သူကမွအႏၱာတိကတိုက္ကို မေရာက္ဖူးခဲ့ၾကဘူး။ ေျမပုံေပၚမွာ ေတြ႔ရမွာ အားလုံးက ေရခဲေတြခ်ည္းပဲေလ။ ဒါေၾကာင့္ သူတို ႔ေတြ တကယ္ေတာ့ ေျမပုံလမ္းေၾကာင္းကို လြန္သြားျပီး ဒီ တိုက္ၾကီးကို ေတြ႔ခဲ့ၾကတာ။”
အႏၱာတိကတိုက္ကို အသစ္ရွာေတြ႔တဲ့ ပိုင္နယ္နယ္ေျမလို႔ ေၾကညာျပီး ႏုိင္ငံေတြက အလံေတြ လႊင့္ထူေနတဲ့အခ်ိန္မွာပဲ စီးပြားရွာခ်င္တဲ့ လူေတြကလည္း အႏၱာတိကကုိ သြားၾကပါတယ္။ ေနာက္ဆုံး ၁၉၅၉ ခုႏွစ္ ေရာက္ေတာ့မွပဲ ႏုိ္င္ငံေပါင္းစုံ ပါ၀င္လက္မွတ္ေရးထိုးတဲ့ အႏၱာတိက သေဘာတူ စာခ်ဳပ္ (Antarctica Treaty) ကို ရရွိခဲ့တာပါ။ အဲဒီ စာခ်ဳပ္ကို လက္မွတ္ေရးထိုးတဲ့ ႏုိင္ငံေတြက အသစ္ရွာေဖြေတြ႕ရွိတဲ့ ဒီတိုက္ သစ္ၾကီးကို ျငိမ္းခ်မ္းေရးနဲ႔ သိပၸံဆိုင္ရာ စူးစမ္းရွာေဖြေရးမွာ ပူးေပါင္း အသုံးျပဳမယ္လို႔ သေဘာတူခဲ့ၾကပါတယ္။
ဒါေပမယ့္ ဥတုရာသီ ေျပာင္းလဲလာတာ၊ ခရီးသြားလုပ္ငန္း အရွိန္ျမွင့္လာတာနဲ႔ စီးပြားျဖစ္ ငါး ဖမ္းတာ အရင္ထက္ ပိုခက္ခဲလာတာေတြဟာ အႏၱာတိက တိုက္ၾကီးအဖို႔ စိန္ေခၚမႈေတြ ပိုျပီး ၾကံဳေတြ႔ရေတာ့မယ္ဆိုတဲ့ အဓိပၸါယ္ျဖစ္ပါတယ္။
ဒီ အခ်က္ေတြေၾကာင့္ ႏုိ္င္ငံေတြ ဘယ္လို ျပဳမူလာ မလဲဆိုတာကိုလည္း ျဗိတိန္ႏုိင္ငံ Royal Holloway တကၠသိုလ္က ပထ၀ီ ႏုိင္ငံေရး ပါေမာကၡ Claus Dodds က အခုလို ေျပာပါတယ္။
“တရုတ္လို ႏုိင္ငံမ်ိဳးေတြကလည္း ဒီ တိုက္ၾကီးကို ဘယ္လို အုပ္ခ်ဳပ္မလဲဆိုျပီး ေတာင္းဆိုရာမွာ ပိုျပီး အခရာ က်တဲ့ေနရာက ပါလာလိမ့္မယ္။”
အႏၱာတိကအေပၚ ႏုိင္ငံစုံ ေျခခ်ၾကတဲ့နည္းတူပဲ ပင္လယ္ ေရမ်က္ႏွာျပင္ ျမင့္တက္ေနတာကလည္း ႏုိင္ငံစုံ ရင္ဆိုင္ေနရတဲ့ ေဘးအႏၱရာယ္ ျဖစ္ပါတယ္။ ဒီ အႏၱရာယ္ကို ရင္ဆိုင္ေျဖရွင္းေရးမွာ ႏုိင္ငံေတြ လက္တြဲ ေဆာင္ရြက္ၾကဖို႔ ျဖစ္လာပါတယ္။
ျဗိတိန္ ႏုိ္င္ငံျခားေရး အရာရွိ Jane Rumble က သူတို႔ အႏၱာတိကကို ဘာေၾကာင့္ ဒီေလာက္ ေလ့လာေနရသလဲဆိုတာကို ေျပာျပပါတယ္။
“ကၽြန္မတို႔ ဒီေလာက္ ေလ့လာေနရတဲ့ အေၾကာင္းရင္းကေတာ့ အႏၱာတိက ကေန ေပ်ာ္က်လာမယ့္ ေရေတြက တစ္ေန႔မွာ ျဗိတိသွ် ကမ္းေျခကို ေရာက္လာမွာ စိုးလို႔ပါပဲ။ လက္ရွိစာခ်ဳပ္အရ အႏၱာတိကတိုက္ကို နားလည္ႏုိင္ဖို႔ ႏုိင္ငံေတြ ပူးေပါင္းေဆာင္ရြက္မွ ပိုေကာင္း တယ္ဆိုတဲ့ အေထာက္အထား ေတြ ရွိပါတယ္။ ျပီးေတာ့ ဒီတိုက္ၾကီးကို ဘယ္လို အုပ္ခ်ဳပ္မလဲဆိုတာကို တစ္ႏိုင္ငံတည္းက ေျပာေနတာထက္ ပူးေပါင္း ေဆာင္ရြက္ျပီး ေျပာမွ ပိုျပီး ေျပာေရးဆိုခြင့္ရွိလာမွာ ျဖစ္ပါတယ္။”
တိတိက်က်ေျပာရရင္ေတာ့ နယ္ေျမသစ္ စူးစမ္းရွာေဖြသူ ေတြဟာ ကမၻာ့ေတာင္ဘက္စြန္းက အႏၱာတိကတိုက္ၾကီးကို ၁၈၂၀ ခုႏွစ္က ရွာေဖြ ေတြ႔ရွိခဲ့တာပါ။ ၁၉၅၉ ခုႏွစ္မွာ ရရွိခဲ့တဲ့ အႏၱာတိကစာခ်ဳပ္ကိုေတာ့ ႏုိ္င္ငံေပါင္း ၁၂ ႏုိင္ငံ စတင္လက္မွတ္ ေရးထိုးရာကေန အခုအခါ လက္မွတ္ ေရးထိုးထားတဲ့ စာခ်ဳပ္အဖြဲ႔၀င္ ႏုိင္ငံေပါင္း ၅၀ ေက်ာ္သြားၿပီ ျဖစ္ပါတယ္။
.........................
အန္တာတိကတိုက် ရှေ့ရေး စိန်ခေါ်မှုများ
(Unicode)
ရေခဲဖုံးနေတဲ့ အန္တာတိကတိုက်ကို ကမ္ဘာ့ သတ္တမမြောက်တိုက်ကြီးအဖြစ် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ က ရှာဖွေတွေ့ရှိခဲ့ကြပြီးတဲ့နောက် နိုင်ငံပေါင်းစုံက ပိုင်နက်နယ်မြေရရှိဖို့ ကြိုးစားခဲ့ကြပါတယ်။ ၁၉၅၉ ခုနှစ်မှာတော့ ဒီတိုက်ကြီးကို အကာအကွယ်ပေးဖို့ Antarctica Treaty ကို နိုင်ငံအများ လက်မှတ်ရေး ထိုးခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီစာချုပ်ဟာ ဥတုရာသီ ပြောင်းလဲမှုကြောင့် ထွက်ပေါ်လာတဲ့ စိန်ခေါ်မှုတွေကို ကြိုတင် မှန်းဆ နိုင်စွမ်း မရှိခဲ့ပါဘူး။ VOA သတင်းထောက် Arash Arabasadi ရဲ့ သတင်းပေးပို့ချက်ကို ကိုရဲမင်းထွန်းက ပြောပြပါမယ်။
သစ်သားကိုယ်ထည်နဲ့ တည်ဆောက်ထားတဲ့ ပင်လယ်ကူး သင်္ဘောကြီး တွေကို အသုံးပြုပြီး နယ်မြေ စွန့်စား ရှာဖွေသူတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ က ရေခဲအပြည့် ဖုံးလွှမ်း နေတဲ့ အန္တာတိကတိုက်ကြီးကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ သူတို့ ဒီ တိုက်သစ်ကြီးကို ရှာဖွေတွေ့ရှိပုံကို Blyth Tall Ship သဘောၤကုမ္ပဏီက Clive Gray က အခုလို ပြောပြခဲ့ပါတယ်။
“အဲဒီ အချိန်က ဘယ်သူကမှအန္တာတိကတိုက်ကို မရောက်ဖူးခဲ့ကြဘူး။ မြေပုံပေါ်မှာ တွေ့ရမှာ အားလုံးက ရေခဲတွေချည်းပဲလေ။ ဒါကြောင့် သူတို့တွေ တကယ်တော့ မြေပုံလမ်းကြောင်းကို လွန်သွားပြီး ဒီ တိုက်ကြီးကို တွေ့ခဲ့ကြတာ။”
အန္တာတိကတိုက်ကို အသစ်ရှာတွေ့တဲ့ ပိုင်နယ်နယ်မြေလို့ ကြေညာပြီး နိုင်ငံတွေက အလံတွေ လွှင့်ထူနေတဲ့အချိန်မှာပဲ စီးပွားရှာချင်တဲ့ လူတွေကလည်း အန္တာတိကကို သွားကြပါတယ်။ နောက်ဆုံး ၁၉၅၉ ခုနှစ် ရောက်တော့မှပဲ နိုင်ငံပေါင်းစုံ ပါဝင်လက်မှတ်ရေးထိုးတဲ့ အန္တာတိက သဘောတူ စာချုပ် (Antarctica Treaty) ကို ရရှိခဲ့တာပါ။ အဲဒီ စာချုပ်ကို လက်မှတ်ရေးထိုးတဲ့ နိုင်ငံတွေက အသစ်ရှာဖွေတွေ့ရှိတဲ့ ဒီတိုက် သစ်ကြီးကို ငြိမ်းချမ်းရေးနဲ့ သိပ္ပံဆိုင်ရာ စူးစမ်းရှာဖွေရေးမှာ ပူးပေါင်း အသုံးပြုမယ်လို့ သဘောတူခဲ့ကြပါတယ်။
ဒါပေမယ့် ဥတုရာသီ ပြောင်းလဲလာတာ၊ ခရီးသွားလုပ်ငန်း အရှိန်မြှင့်လာတာနဲ့ စီးပွားဖြစ် ငါး ဖမ်းတာ အရင်ထက် ပိုခက်ခဲလာတာတွေဟာ အန္တာတိက တိုက်ကြီးအဖို့ စိန်ခေါ်မှုတွေ ပိုပြီး ကြုံတွေ့ရတော့မယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။
ဒီ အချက်တွေကြောင့် နိုင်ငံတွေ ဘယ်လို ပြုမူလာ မလဲဆိုတာကိုလည်း ဗြိတိန်နိုင်ငံ Royal Holloway တက္ကသိုလ်က ပထဝီ နိုင်ငံရေး ပါမောက္ခ Claus Dodds က အခုလို ပြောပါတယ်။
“တရုတ်လို နိုင်ငံမျိုးတွေကလည်း ဒီ တိုက်ကြီးကို ဘယ်လို အုပ်ချုပ်မလဲဆိုပြီး တောင်းဆိုရာမှာ ပိုပြီး အခရာ ကျတဲ့နေရာက ပါလာလိမ့်မယ်။”
အန္တာတိကအပေါ် နိုင်ငံစုံ ခြေချကြတဲ့နည်းတူပဲ ပင်လယ် ရေမျက်နှာပြင် မြင့်တက်နေတာကလည်း နိုင်ငံစုံ ရင်ဆိုင်နေရတဲ့ ဘေးအန္တရာယ် ဖြစ်ပါတယ်။ ဒီ အန္တရာယ်ကို ရင်ဆိုင်ဖြေရှင်းရေးမှာ နိုင်ငံတွေ လက်တွဲ ဆောင်ရွက်ကြဖို့ ဖြစ်လာပါတယ်။
ဗြိတိန် နိုင်ငံခြားရေး အရာရှိ Jane Rumble က သူတို့ အန္တာတိကကို ဘာကြောင့် ဒီလောက် လေ့လာနေရသလဲဆိုတာကို ပြောပြပါတယ်။
“ကျွန်မတို့ ဒီလောက် လေ့လာနေရတဲ့ အကြောင်းရင်းကတော့ အန္တာတိက ကနေ ပျော်ကျလာမယ့် ရေတွေက တစ်နေ့မှာ ဗြိတိသျှ ကမ်းခြေကို ရောက်လာမှာ စိုးလို့ပါပဲ။ လက်ရှိစာချုပ်အရ အန္တာတိကတိုက်ကို နားလည်နိုင်ဖို့ နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်မှ ပိုကောင်း တယ်ဆိုတဲ့ အထောက်အထား တွေ ရှိပါတယ်။ ပြီးတော့ ဒီတိုက်ကြီးကို ဘယ်လို အုပ်ချုပ်မလဲဆိုတာကို တစ်နိုင်ငံတည်းက ပြောနေတာထက် ပူးပေါင်း ဆောင်ရွက်ပြီး ပြောမှ ပိုပြီး ပြောရေးဆိုခွင့်ရှိလာမှာ ဖြစ်ပါတယ်။”
တိတိကျကျပြောရရင်တော့ နယ်မြေသစ် စူးစမ်းရှာဖွေသူ တွေဟာ ကမ္ဘာ့တောင်ဘက်စွန်းက အန္တာတိကတိုက်ကြီးကို ၁၈၂၀ ခုနှစ်က ရှာဖွေ တွေ့ရှိခဲ့တာပါ။ ၁၉၅၉ ခုနှစ်မှာ ရရှိခဲ့တဲ့ အန္တာတိကစာချုပ်ကိုတော့ နိုင်ငံပေါင်း ၁၂ နိုင်ငံ စတင်လက်မှတ် ရေးထိုးရာကနေ အခုအခါ လက်မှတ် ရေးထိုးထားတဲ့ စာချုပ်အဖွဲ့ဝင် နိုင်ငံပေါင်း ၅၀ ကျော်သွားပြီ ဖြစ်ပါတယ်။