သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ၿဂိဳဟ္တုပစ္ဒုံး စမ္းသပ္မႈ ကန္ျပဳလုပ္မည္မဟုတ္ ဒုသမၼတ ကတိေပး


US-POLITICS-HARRIS-SPACE-FORCE


[[Zawgyi/Unicode]]

ၿဂိဳဟ္တုပစ္ဒုံးက်ည္ကို စမ္းသပ္မွာမဟုတ္ဘူးလို႔ အေမရိကန္ျပည္ေထာင္စုက ဧၿပီလ ၁၈ ရက္ တနလၤာေန႔က ေၾကညာလိုက္ပါတယ္။ မၾကာခင္က ႐ုရွားက အလားတူ စမ္းသပ္ခ်က္တရပ္ကို စမ္းသပ္လိုက္တဲ့အတြက္ အပိုင္းအစေတြက ႏိုင္ငံတကာ အာကာသ စခန္းကို အႏၲရာယ္ျပဳခဲ့တာေၾကာင့္ အေမရိကန္ကေဝဖန္ခဲ့ပါေသးတယ္။ အေမရိကန္ ႏိုင္ငံ ကာလီဖိုးနီးယားျပည္နယ္ Vandenberg အာကာသတပ္ဖြဲ႕ အေျခစိုက္စခန္းမွာ အမ်ိဳးသားအာကာသေကာင္စီဥကၠ႒ အေမရိကန္ ဒုတိယသမၼတ Kamala Harris က ခုလို ေၾကညာခဲ့တာပါ။

“အႏၲရာယ္ႀကီးလွၿပီး တိုက္႐ိုက္တက္သြားတဲ့ ၿဂိဳဟ္တုပစ္ ဒုံးက်ည္ကိုမစမ္းသပ္ဖို႔ အေမရိကန္ျပည္ေထာင္စုက ကတိကဝတ္ျပဳေၾကာင္း ဒီကေန႔ က်မ ေၾကညာအပ္ပါတယ္။ ႐ိုး႐ိုးရွင္းရွင္း ေျပာရရင္ ဒီ စမ္းသပ္ခ်က္ေတြက အႏၲရာယ္မ်ားလွပါတယ္။ က်မတို႔ လုပ္လိမ့္မယ္မဟုတ္ဘူး။ အဲဒီလို ကတိကဝတ္ျပဳတာ က်မတို႔က ပထမဆုံးႏိုင္ငံပါ။ အေမရိကန္ျပည္ေထာင္စုကိုယ္စား၊ ႏိုင္ငံအားလုံး က်မတို႔နဲ႔လက္တြဲၾကဖို႔ ဒီကေန႔ ဖိတ္ေခၚအပ္ပါတယ္လို႔ အေမရိကန္ ဒုတိယသမၼတက ေျပာသြားတာပါ။

ၿဂိဳဟ္တုပစ္ဒုံးက်ည္ကို ႏိုဝင္ဘာလ ၁၅ ရက္ေန႔က ႐ုရွားက စမ္းသပ္ပစ္လႊတ္ခဲ့တာပါ။ ဆိုဗီယက္ေခတ္က တင္ထားခဲ့တဲ့ သူလွ်ိဳ ၿဂိဳဟ္တုကို ပစ္ခတ္ခဲ့ရာမွာ အပိုင္းအစေပါင္း အနည္းဆုံး ၁,၆၃၂ စ ျဖစ္သြားခဲ့တယ္လို႔ အေမရိကန္အာကာသတပ္ဖြဲ႕ရဲ႕ အခ်က္အလက္မ်ား က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============


[[Unicode]]

ဂြိုဟ်တုပစ်ဒုံး စမ်းသပ်မှု ကန်ပြုလုပ်မည်မဟုတ် ဒုသမ္မတ ကတိပေး

ဂြိုဟ်တုပစ်ဒုံးကျည်ကို စမ်းသပ်မှာမဟုတ်ဘူးလို့ အမေရိကန်ပြည်ထောင်စုက ဧပြီလ ၁၈ ရက် တနင်္လာနေ့က ကြေညာလိုက်ပါတယ်။ မကြာခင်က ရုရှားက အလားတူ စမ်းသပ်ချက်တရပ်ကို စမ်းသပ်လိုက်တဲ့အတွက် အပိုင်းအစတွေက နိုင်ငံတကာ အာကာသ စခန်းကို အန္တရာယ်ပြုခဲ့တာကြောင့် အမေရိကန်ကဝေဖန်ခဲ့ပါသေးတယ်။ အမေရိကန် နိုင်ငံ ကာလီဖိုးနီးယားပြည်နယ် Vandenberg အာကာသတပ်ဖွဲ့ အခြေစိုက်စခန်းမှာ အမျိုးသားအာကာသကောင်စီဥက္ကဋ္ဌ အမေရိကန် ဒုတိယသမ္မတ Kamala Harris က ခုလို ကြေညာခဲ့တာပါ။

“အန္တရာယ်ကြီးလှပြီး တိုက်ရိုက်တက်သွားတဲ့ ဂြိုဟ်တုပစ် ဒုံးကျည်ကိုမစမ်းသပ်ဖို့ အမေရိကန်ပြည်ထောင်စုက ကတိကဝတ်ပြုကြောင်း ဒီကနေ့ ကျမ ကြေညာအပ်ပါတယ်။ ရိုးရိုးရှင်းရှင်း ပြောရရင် ဒီ စမ်းသပ်ချက်တွေက အန္တရာယ်များလှပါတယ်။ ကျမတို့ လုပ်လိမ့်မယ်မဟုတ်ဘူး။ အဲဒီလို ကတိကဝတ်ပြုတာ ကျမတို့က ပထမဆုံးနိုင်ငံပါ။ အမေရိကန်ပြည်ထောင်စုကိုယ်စား၊ နိုင်ငံအားလုံး ကျမတို့နဲ့လက်တွဲကြဖို့ ဒီကနေ့ ဖိတ်ခေါ်အပ်ပါတယ်လို့ အမေရိကန် ဒုတိယသမ္မတက ပြောသွားတာပါ။

ဂြိုဟ်တုပစ်ဒုံးကျည်ကို နိုဝင်ဘာလ ၁၅ ရက်နေ့က ရုရှားက စမ်းသပ်ပစ်လွှတ်ခဲ့တာပါ။ ဆိုဗီယက်ခေတ်က တင်ထားခဲ့တဲ့ သူလျှို ဂြိုဟ်တုကို ပစ်ခတ်ခဲ့ရာမှာ အပိုင်းအစပေါင်း အနည်းဆုံး ၁,၆၃၂ စ ဖြစ်သွားခဲ့တယ်လို့ အမေရိကန်အာကာသတပ်ဖွဲ့ရဲ့ အချက်အလက်များ က ပြောပါတယ်။

==============

XS
SM
MD
LG