သုံးရလွယ်ကူစေသည့် Link များ

Nuclear လက်နက် ခြိမ်းခြောက်မှု ကုလအတွင်းရေးမှူးချုပ်သတိပေး


ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ရဲ့သတင်းစာရှင်းလင်းပွဲ။ (သြဂုတ် ၈၊ ၂၀၂၂)
ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ရဲ့သတင်းစာရှင်းလင်းပွဲ။ (သြဂုတ် ၈၊ ၂၀၂၂)

[[Zawgyi/Unicode]]

နျူကလီးယားလက်နက်တွေရဲ့အန္တရာယ်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တနင်္လာနေ့က သတိပေးလိုက်ပါတယ်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့က သတင်းစာဆရာများကလပ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ မစ္စတာ Antonio Guterres က ခုလို ပြောလိုက်တာပါ။

“ခု အချိန်က နျူကလီးယား ထိပ်တိုက်တွေ့နိုင်တဲ့အန္တရာယ် ပြန်ကြုံနေရချိန် ဖြစ်ပါတယ်။ ဆယ်စုပေါင်းများစွာ မေ့နေခဲ့ကြတဲ့ ကိစ္စပါ။ နျူကလီးယားလက်နက်ကို ပထမဆုံး စ အသုံးမပြု၊ စ မခြိမ်းခြောက်ဘူးဆိုတဲ့မူအတိုင်း ကတိကဝတ်ထားရှိကြဖို့ နျူကလီးယား လက်နက်နိုင်ငံတွေကို တောင်းဆိုရမယ့်အချိန် ဖြစ်ပါတယ်။ နျူကလီးယာားလက်နက်မပိုင်ဆိုင်တဲ့ တိုင်းပြည်တွေ ကလည်း သူတို့ လက်နက်တွေနဲ့ပတ်သက်လို့ အပြည့်အဝ ပွင့်လင်းမြင်သာစွာရှိကြဖို့ တောင်းဆိုရမယ့်အချိန် ဖြစ်ပါတယ်။” လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောပါတယ်။

ဟီရိုရှီးမားနဲ့ နာဂါစကီ မြို့တွေအပေါ် အနုမြူဗုံးချခဲ့တဲ့ ၇၇ နှစ်မြောက် အခမ်းအနားကို လွန်ခဲ့တဲ့ ၂ ရက်က တက်ရောက်ခဲ့ရင်း ဂျပန် နိုင်ငံကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရောက်ရှိနေတာ ဖြစ်ပါတယ်။

“ပထဝီနိုင်ငံရေးတင်းမာမှုတွေနဲ့ နျူကလီးယားအန္တရာယ် ပြန်လာနေတဲ့အချိန်မှာ ဂျပန်နိုင်ငံရဲ့ တသမတ်တည်း ခိုင်ခိုင်မာမာ ထားရှိတဲ့ ငြိမ်းချမ်းရေးအသံက ပိုလို့ အရေးပါလာနေပါတယ်” လို့လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ဆိုပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဟာ ဂျပန် နိုင်ငံကနေ Mongolia နဲ့ တောင် Korea ကို ခရီး ဆက်မှာပါ။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]


နြူကလီးယားလကျနကျတှရေဲ့အန်တရာယျကို ကုလသမဂ်ဂအတှငျးရေးမှူးခြုပျက တနငျ်လာနေ့က သတိပေးလိုကျပါတယျ။





XS
SM
MD
LG