အာဖဂန်နစ္စတန်နိုင်ငံမှာ နိုင်ငံခြားသူ အမျိုးသမီး သတင်းထောက် ၂ ဦးကို ရဲတယောက်က သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ အတွက် တဦးသေဆုံးပြီး နောက်တဦး ကတော့ ဒဏ်ရာရသွားတယ်လို့ အာဖဂန် အရာရှိတွေကပြောပါတယ်။
ပစ်ခတ်တဲ့ ရဲ ကို ဖမ်းဆီးထားပြီးဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ဘာကြောင့် အခုလို ပစ်ခတ်မှုဖြစ်ရသလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။
ပစ်ခတ်မှုဟာ အာဖဂန်နစ္စတန်နိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲမတိုင်ခင် တရက်အလိုမှာ ဖြစ်ပွားခဲ့ပြီး အခင်းဖြစ်တဲ့နေရာ ကတော့ နိုင်ငံအရှေ့ပိုင်း ပါကစ္စတန်နယ်စပ်အနီးမှာရှိတဲ့ Khost ခရိုင်က ရဲစခန်းဝင်း တခုအတွင်းမှာ ဖြစ်ခဲ့တာပါ။ သေဆုံးသွားတဲ့ အမျိုးသမီး သတင်းထောက်ဟာ အသက် ၄၈ နှစ်အရွယ် Anja Niedringhaus ဖြစ်ပြီး ဂျာမဏီနိုင်ငံက ဓါတ်ပုံဆုရရှိထားသူဖြစ်ပါတယ်။ သူမဟာ AP သတင်းဌာနအတွက် လုပ်ကိုင်ပေးနေသူဖြစ်ပြီး၊ နောက် AP သတင်းထောက် ဖြစ်တဲ့ Kathy Gannon ကတော့ ဒဏ်ရာ ၂ ချက်ထိမှန်ပြီး၊ အခုတော့ သူမရဲ့ကျန်းမာရေးဟာ ပုံမှန် အနေအထားမှာ ရှိနေပြီဖြစ်တယ်လို့ ဆိုပါတယ်။
စနေနေ့မှာ ကျင်းပမယ့် နိုင်ငံတော်အဆင့်နဲ့ ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေကို အကြမ်းဖက်နည်း အသုံးပြုပြီး နှောက်ယှက် ဟန့်တားမယ်လို့ တာလီဘန်တွေက ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့လတုံးကလည်း ပြင်သစ် သတင်းဌာနမှာ လုပ်ကိုင်နေတဲ့ ထင်ရှားတဲ့ အာဖဂန်နိုင်ငံသား သတင်းထောက်တဦးကို တာလီဘန် သေနတ်သမားတွေက ပစ်သတ်ခဲ့ကြပါတယ်။