သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သမၼတဘိုင္ဒန္  APEC ထိပ္သီး စည္းေဝးပြဲ တက္မည္မဟုတ္


 အေမရိကန္သမၼတ ဂ်ဳိးဘုိင္ဒန္

[[Zawgyi/Unicode]]

လာမယ့္ ႏိုဝင္ဘာ ၁၈ နဲ႔ ၁၉ ရက္ ထိုင္းႏိုင္ငံမွာက်င္းပမယ့္ အာရွ ပစိဖိတ္ စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈညီလာခံ APEC ထိပ္သီးအစည္းအေဝးကို အေမရိကန္ သမၼတ Joe Biden တက္ေရာက္ေတာ့မွာမဟုတ္ဘဲ ဒုသမၼတ Kamala Harris ပဲ တက္ေရာက္မယ့္အေၾကာင္း ထိုင္းႏိုင္ငံထုတ္သတင္းေတြမွာ ေရးပါတယ္။

ကမာၻ႔ေခါင္းေဆာင္ေတြ ေတာ္ေတာ္မ်ားမ်ားတက္ေရာက္မယ့္ အစည္းအေဝးကို အေမရိကန္သမၼတ Joe Biden ကိုယ္တိုင္မတက္ေရာက္တာဟာ ႏိုင္ငံတကာ ႏိုင္ငံေရး မ်က္ႏွာစာမွာ ထိုင္းအစိုးရရဲ႕ ပုံရိပ္က်ဆင္းေနၿပီး ျပည္တြင္း ဒီမိုကေရစီေရး ေမွးမွိန္ေနတဲ့ အေျခအေနကို မီးေမာင္းထိုးျပတာလို႔ ေလ့လာသူေတြ သုံးသပ္ တာကို ထိုင္းႏိုင္ငံထုတ္ PBS သတင္းဌာနက ေရးပါတယ္။

သမၼတ Joe Biden ဟာ ႏိုဝင္ဘာ ၁၆ ရက္နဲ႔ ၁၇ ရက္ေန႔ အင္ဒိုနီးရွားႏိုင္ငံ ဘာလီကြၽန္းမွက်င္းပမယ့္ စီးပြားေရး အင္အားေကာင္းတဲ့ ႏိုင္ငံ ၂၀ (G-20) အစည္းအေဝးကိုေတာ့ တက္ေရာက္မွာပါ။ ဒါေပမယ့္ ေနာက္ ၁၈ ရက္နဲ႔ ၁၉ ရက္ ထိုင္းႏိုင္ငံမွာ က်င္းပမယ့္ APEC အစည္းအေဝးကို မတက္ေတာ့ဘဲ အိမ္ျဖဴေတာ္မွာ သူ႔ေျမးမေလးရဲ႕ မဂၤလာပြဲဧည့္ခံပြဲရွိတဲ့အတြက္ ဝါရွင္တန္ကို ခ်က္ျခင္းျပန္မယ့္အေၾကာင္း သတင္းေတြမွာ ေရးပါတယ္။

သမၼတ Biden ကိုယ္တိုင္ APEC အစည္းအေဝးကို မတက္တာေၾကာင့္ ဝန္ႀကီးခ်ဳပ္ တာဝန္ျပန္လည္ ထမ္းေဆာင္ခြင့္ရထားတဲ့ ထိုင္းဝန္ႀကီးခ်ဳပ္ Prayut Chan-o-cha အေနနဲ႔ ကမာၻ႔ ေခါင္းေဆာင္ေတြနဲ႔ ပုခုံးခ်င္းယွဥ္ၿပီး ႏိုင္ငံေရးအရ ကိုယ္ကိုကိုယ္ ျမႇင့္တင္မယ့္ ႀကိဳးစားမႈ ထင္သေလာက္ ခရီးမေပါက္ဘူးဆိုတာ သတင္းမွာ သုံးသပ္ ေဖၚျပပါတယ္။

ဝန္ႀကီးခ်ဳပ္ Prayut Chan-o-cha ကို ဆန႔္က်င္တဲ့ ဆႏၵျပပြဲတခ်ိဳ႕လည္း ၿပီးခဲ့တဲ့ သတင္းပတ္ကုန္က ဘန္ေကာက္ၿမိဳ႕ေနရာတခ်ိဳ႕မွာ ေပၚေပါက္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

သမ္မတဘိုင်ဒန် APEC ထိပ်သီး စည်းဝေးပွဲ တက်မည်မဟုတ်

လာမယ့် နိုဝင်ဘာ ၁၈ နဲ့ ၁၉ ရက် ထိုင်းနိုင်ငံမှာကျင်းပမယ့် အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုညီလာခံ APEC ထိပ်သီးအစည်းအဝေးကို အမေရိကန် သမ္မတ Joe Biden တက်ရောက်တော့မှာမဟုတ်ဘဲ ဒုသမ္မတ Kamala Harris ပဲ တက်ရောက်မယ့်အကြောင်း ထိုင်းနိုင်ငံထုတ်သတင်းတွေမှာ ရေးပါတယ်။

ကမ္ဘာ့ခေါင်းဆောင်တွေ တော်တော်များများတက်ရောက်မယ့် အစည်းအဝေးကို အမေရိကန်သမ္မတ Joe Biden ကိုယ်တိုင်မတက်ရောက်တာဟာ နိုင်ငံတကာ နိုင်ငံရေး မျက်နှာစာမှာ ထိုင်းအစိုးရရဲ့ ပုံရိပ်ကျဆင်းနေပြီး ပြည်တွင်း ဒီမိုကရေစီရေး မှေးမှိန်နေတဲ့ အခြေအနေကို မီးမောင်းထိုးပြတာလို့ လေ့လာသူတွေ သုံးသပ် တာကို ထိုင်းနိုင်ငံထုတ် PBS သတင်းဌာနက ရေးပါတယ်။

သမ္မတ Joe Biden ဟာ နိုဝင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှကျင်းပမယ့် စီးပွားရေး အင်အားကောင်းတဲ့ နိုင်ငံ ၂၀ (G-20) အစည်းအဝေးကိုတော့ တက်ရောက်မှာပါ။ ဒါပေမယ့် နောက် ၁၈ ရက်နဲ့ ၁၉ ရက် ထိုင်းနိုင်ငံမှာ ကျင်းပမယ့် APEC အစည်းအဝေးကို မတက်တော့ဘဲ အိမ်ဖြူတော်မှာ သူ့မြေးမလေးရဲ့ မင်္ဂလာပွဲဧည့်ခံပွဲရှိတဲ့အတွက် ဝါရှင်တန်ကို ချက်ခြင်းပြန်မယ့်အကြောင်း သတင်းတွေမှာ ရေးပါတယ်။

သမ္မတ Biden ကိုယ်တိုင် APEC အစည်းအဝေးကို မတက်တာကြောင့် ဝန်ကြီးချုပ် တာဝန်ပြန်လည် ထမ်းဆောင်ခွင့်ရထားတဲ့ ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha အနေနဲ့ ကမ္ဘာ့ ခေါင်းဆောင်တွေနဲ့ ပုခုံးချင်းယှဉ်ပြီး နိုင်ငံရေးအရ ကိုယ်ကိုကိုယ် မြှင့်တင်မယ့် ကြိုးစားမှု ထင်သလောက် ခရီးမပေါက်ဘူးဆိုတာ သတင်းမှာ သုံးသပ် ဖေါ်ပြပါတယ်။

ဝန်ကြီးချုပ် Prayut Chan-o-cha ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတချို့လည်း ပြီးခဲ့တဲ့ သတင်းပတ်ကုန်က ဘန်ကောက်မြို့နေရာတချို့မှာ ပေါ်ပေါက်ခဲ့ပါတယ်။

XS
SM
MD
LG