သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

APEC ထိပ်သီးညီလာခံမှာ ကန်နဲ့တရုတ်သမ္မတတို့ သီးခြားတွေ့ဆုံမည်


တရုတ်သမ္မတရှီကျင့်ပင်နဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်တို့ မနှစ်က အမေရိကန်၊ ကယ်လီဖိုးနီးယား APEC ညီလာခံမှာ တွေ့ဆုံခဲ့ကြတဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။ (နိုဝင်ဘာ ၁၅၊ ၂၀၂၃)
တရုတ်သမ္မတရှီကျင့်ပင်နဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်တို့ မနှစ်က အမေရိကန်၊ ကယ်လီဖိုးနီးယား APEC ညီလာခံမှာ တွေ့ဆုံခဲ့ကြတဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။ (နိုဝင်ဘာ ၁၅၊ ၂၀၂၃)

ထိပ်သီးညီလာခံနှစ်ခုတက်ရောက်ဖို့ ဒီနေ့ ကြာသပတေးနေ့ တောင်အမေရိကတိုက်ကိုသွားမယ့် သမ္မတ Joe Biden ရဲ့ခရီးစဉ်အတွင်း တရုတ်သမ္မတ Xi Jinping နဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။

ပီရူးနိုင်ငံ Lima မြို့တော်မှာ နက်ဖြန်သောကြာနဲ့ စနေနေ့မှာကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး APEC ညီလာခံဘေးပန်းမှာ အမေရိကန်နဲ့တရုတ်သမ္မတတို့ စနေနေ့ကျရင် တွေ့ဆုံမှာဖြစ်တယ်လို့ အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan ကပြောပါတယ်။

သမ္မတ Biden အနေနဲ့ တရုတ်နဲ့အမေရိကန်ဆက်ဆံရေး ဆက်လက်တည်ငြိမ်နေဖို့ အရေးကြီးကြောင်း အဓိကထားပြီးတရုတ်သမ္မတကို ပြောမှာဖြစ်တယ်လို့ လုံခြုံရေးအကြံပေး Sullivan က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

‘အမေရိကန်မှာ အစိုးရအပြောင်းအလဲလုပ်နေချိန်အတွင်း တရုတ်နဲ့အမေရိကန်ကြား တည်ငြိမ်၊ ရှင်းလင်းမြင်သာပြီးကြိုတင်ခန့်မှန်းနိုင်တဲ့ ဆက်ဆံရေးမျိုး ဆက်လက်ရှိနေဖို့ လိုအပ်ကြောင်း ပြောမှာ ဖြစ်တယ်’ လို့ ပြောသွားတာပါ။ ၂နိုင်ငံပြိုင်ဆိုင်မှုမှာလည်း တာဝန်သိစွာရှေ့တိုးသွားနိုင်ဖို့ အဆင့်တိုင်း မှာ ရေရှည်ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖွင့်ထားဖို့၊ အထူးသဖြင့် စစ်တပ်အချင်းချင်းကြားမှာ ဆက်ဆံရေးလမ်းကြောင်းတွေ ဖွင့်ထားဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ကို အလေးထားပြောကြားမှာ ဖြစ်တယ်လို့ အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က ဗုဒ္ဓဟူးနေ့တုန်းကသတင်းထောက်တွေ ကို ပြောခဲ့ပါတယ်။ သမ္မတ Biden လက်ထက်မှာ တရုတ်သမ္မတ Xi နဲ့ တတိယအကြိမ်မြောက် လူချင်းတွေ့ဆုံမှုဖြစ်ပါလိမ့်မယ်။

သမ္မတ Biden ဟာ တနင်္လာနဲ့ အင်္ဂါနေ့တွေကျရင်တော့ Brazil နိုင်ငံ Rio de Janeiro မြို့မှာကျင်းပမယ့် စီးပွားရေးအင်အားကြီး G20 ထိပ်သီး စည်းဝေးပွဲကို တက်ရောက်မှာဖြစ်ပါတယ်။ အမေရိကန်မှာ နောင် ၂ လအကြာမှာ Trump အစိုးရသစ်တက်လာတော့မှာဖြစ်တာနဲ့အတူ အနာဂတ်မှာ ဘယ်လို မူဝါဒသစ်တွေ ဖြစ်လာမလဲဆိုတဲ့ မေးခွန်းထုတ်မှုတွေ ရှိနေချိန်မှာ ကမ္ဘာ့ခေါင်းဆောင်တွေ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ အထူးသဖြင့် Trump ရဲ့ ပထမအကြိမ် အစိုးရလက်ထက်က တရုတ်နိုင်ငံက ကုန်ပစ္စည်းတွေအပေါ် သွင်းကုန်ခွန်ဒေါ်လာ ဘီလျံ ၃၆၀ ထက်မနည်းကောက်ခံခဲ့တာကြောင့် အခု ဒုတိအကြိမ် သမ္မတသက်တမ်းမှာလည်း တရုတ်နဲ့ ကုန်သွယ်ရေးတင်းမာမှုတွေ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

APEC ထိပ်သီးညီလာခံမှာ ကန်နဲ့တရုတ်သမ္မတတို့ သီးခြားတွေ့ဆုံမည်
please wait

No media source currently available

0:00 0:01:53 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG