သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် အမျိုးသားလုံခြုံရေးအကြံပေး တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့

အမေရိကန် အမျိုးသား လုံခြုံရေးအကြံပေး Jake Sullivan နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့ တွေ့ဆုံနေစဉ် (ဩဂုတ် ၂၇၊ ၂၀၂၄)
အမေရိကန် အမျိုးသား လုံခြုံရေးအကြံပေး Jake Sullivan နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့ တွေ့ဆုံနေစဉ် (ဩဂုတ် ၂၇၊ ၂၀၂၄)

ကမ္ဘာ့အင်အားကြီး နိုင်ငံကြီးတွေ ဖြစ်တဲ့ အမေရိကန်နဲ့ တရုတ် တင်းမာမှုတွေ လျော့ကျဖို့ ကြိုးပမ်းတဲ့အနေနဲ့ အမေရိကန် အမျိုးသား လုံခြုံရေးအကြံပေး Jake Sullivan ဟာ တရုတ်နိုင်ငံကို ရောက်ရှိနေပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။

နှစ်နိုင်ငံကြား သဘောထားတူတဲ့ အရာတွေရော၊ သဘောထား ကွဲလွဲနေတာတွေကိုပါ ဆွေးနွေး ညှိနှိုင်းပြီး ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းနိုင်ရေး ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ သူတို့နှစ်ဦး တံခါးပိတ် ဆွေးနွေးပွဲ မစခင် သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

"နှစ်နိုင်ငံ ဆက်ဆံရေးကို တာဝန်သိသိ တည်ဆောက်သွားနိုင်အောင် သမ္မတ ဂျိုးဘိုင်ဒန်က စိတ်ပိုင်းဖြတ် ဆောင်ရွက်နေတယ် ဆိုတာကို သမ္မတ ရှီ နဲ့ ပြောဆိုမှုတွေမှာလည်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပြီး ဖြစ်ပါတယ်" လို့ အမေရိကန် အမျိုးသား လုံခြုံရေးအကြံပေး Jake Sullivan ပြောသွားပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ကလည်း တရုတ်-အမေရိကန် နှစ်နိုင်ငံခြား ဆက်ဆံရေးဟာ အလှည့်အပြောင်းတွေ များခဲ့ကြောင်းနဲ့ တည်ငြိမ်ပြီး ရေရှည် တည်တံ့ခိုင်မာတဲ့ တိုးတက်မှု အခြေအနေကို ကူးပြောင်းသွားဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။

Jake Sullivan ဟာ သူ အမျိုးသားလုံခြုံရေး အကြံပေးအဖြစ် ၂၀၁၆ ခုနှစ်က စတင် တာဝန်ယူခဲ့ပြီး နောက်ပိုင်း တရုတ်နိုင်ငံကို ပထမဆုံး သွားရောက်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။ အခုခရီးစဉ်အတွင်း အရှေ့အလယ်ပိုင်းနဲ့ ယူကရိန်းအရေး ကိစ္စတွေ အပြင် ထိုင်ဝမ်အရေး၊ တောင်တရုတ်ပင်လယ်အရေးနဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေး ကိစ္စတွေကို ဆွေးနွေးဖို့အတွက် တရုတ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံသွားဖို့ ရှိပါတယ်။

ကန် အမျိုးသားလုံခြုံရေးအကြံပေး တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG