သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အမျိုးသား လုံခြုံရေးအရာရှိ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးမည်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အမျိုးသားလုံခြုံရေး အကြံပေး Jake Sullivan
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အမျိုးသားလုံခြုံရေး အကြံပေး Jake Sullivan

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အမျိုးသားလုံခြုံရေး အကြံပေး Jake Sullivan ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ ဆွေးနွေးဖို့ လာမယ့် သီတင်းပတ်ထဲမှာ တရုတ်နိုင်ငံကို သွားရောက်မှာ ဖြစ်ကြောင်း အစီစဉ်ကို သိထားတဲ့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

သူတို့ ၂ ဦး ဆွေးနွေးပွဲမှာ သမ္မတ ဘိုင်ဒန်နဲ့ တရုတ်သမ္မတ ရှီကျင့်ပင်တို့ ဒီနှစ်နှောင်းပိုင်း တွေ့ဆုံနိုင်ဖို့ ကိစ္စကိုပါ ထည့်သွင်းဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။ ဒါဟာ သမ္မတအိမ်ဖြူ အမျိုးသားလုံခြုံရေး အကြံပေး တဦး အနေနဲ့သွားရောက်တဲ့ မစ္စတာ Sullivan ရဲ့ တရုတ်နိုင်ငံ ပထမဆုံး ခရီးစဉ် ဖြစ်ပါတယ်။

အခု လို သွားရောက်တွေ့ဆုံမယ့် အစီစဉ်ဟာ အမေရိကန် - တရုတ် ဆက်ဆံရေး ပုံမှန်ရှိစေဖို့ရည်ရွယ်တဲ့ အဆင့်မြင့် အရာရှိအဆင့် သံတမန် ဆက်ဆံမှုတွေ လုပ်ဆောင်တဲ့ နောက်ဆုံးလုပ်ရပ်တခုလည်း ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲဟာ တရုတ်ဘက်က နျူကလီယား အန္တရာယ်ကင်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုတွေကို ဆိုင်းငံ့ထားခဲ့တဲ့ နောက်ပြုလုပ်မယ့် ဆွေးနွေးပွဲ ဖြစ်ပြီး ကျယ်ပြန့်တဲ့ အကြောင်းအရာအစုံနဲ့ မဟာဗျူဟာ ဆိုင်ရာ ဆွေးနွေးမှု ဖြစ်ကြောင်းလည်းပြောပါတယ်။

Georgetown တက္ကသိုလ် ပါမောက္ခတဦးဖြစ်တဲ့ အရင် CIA ရဲ့ တရုတ်အရေးသုံးသပ်သူ Dennis Wilder ကတော့ အမေရိကန်ဘက်က မဟာဗျူဟာအရ တည်ငြိမ်မှုရှိစေရေး လို လေးနက်တဲ့ ဆွေးနွေးမှုတွေ လုပ်ချင်ပေမယ့် တရုတ်ဘက်က လက်ခံချင်ပုံ မရသလို၊ နျူကလီယားလက်နက်စတင်အသုံးမပြုဖို့ သဘောတူညီချက်ရအောင် တရုတ်ဘက်က ဆွေးနွေးချင်ပေမယ့် အမေရိကန်ဘက်က ဒီကိစ္စမျိုးလုပ်ဖို့ ပြင်မထားကြောင်းနဲ့ ဒီလို ၂ ဘက်ကြား ကွဲလွဲမှုတွေ အတွက် အလုပ်အဖွဲ့ဆွေးနွေးမှုမျိုး လိုအပ်နေတယ်လို့ VOA ကို ပြောပါတယ်။

Forum

XS
SM
MD
LG