သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး ၂ ယောက် တွေ့ဆုံ

အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့ တရုတ် ကာကွယ်ရေးဝန်ကြီး Dong Jun တို့ တွေ့ဆုံနေစဉ် (မေ ၃၁၊ ၂၀၂၄)
အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့ တရုတ် ကာကွယ်ရေးဝန်ကြီး Dong Jun တို့ တွေ့ဆုံနေစဉ် (မေ ၃၁၊ ၂၀၂၄)

အမေရိကန်နဲ့ တရုတ် စစ်တပ်အချင်းချင်း ဆက်ဆံရေးကို လာမယ့် လပိုင်းတွေအတွင်း ပြန်စမယ်လို့ အမေရိကန်ကာကွယ်ရေး ဝန်ကြီး Lloyd Austin က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ နှစ်နိုင်ငံ လုံခြုံရေးဆိုင်ရာ ဆက်ဆံရေး ပြန်လည် တည်ငြိမ်လာနေတဲ့အပေါ် တရုတ်အစိုးရ ကလည်း အမွှမ်းတင်ပြောကြားခဲ့ပါတယ်။

Shangri-La လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲအတွက် စင်ကာပူနိုင်ငံကို ရောက်နေကြတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့ တရုတ် ကာကွယ်ရေးဝန်ကြီး Dong Jun တို့ ဒီကနေ့ Shangri-La ဆွေးနွေးပွဲ ဘေးပန်းမှာ သီးခြား တွေ့ဆုံခဲ့ကြပြီးတဲ့နောက် နှစ်နိုင်ငံ စစ်ဘက်ဆက်ဆံရေး ပြန်စဖို့ ပြောဆိုလာတာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ တရုတ် တပ်မှူးကြီးတွေကြား တယ်လီဖုန်းနဲ့ ဆက်သွယ်ဆွေးနွေးမှုကို လာမယ့် လတွေအတွင်း ပြန်လည်စတင်မယ်လို့ ဝန်ကြီး Austin ရဲ့အပြောကို Pentagon ကထုတ်ပြန်ခဲ့ပါတယ်။

နှစ်နိုင်ငံကြား ပဋိပက္ခဆိုင်ရာ ဆက်သွယ် ဆောင်ရွက်ရေးအဖွဲ့ရဲ့ လုပ်ငန်းတွေ ဒီနှစ်ကုန် ပြန်လည်စတင်မယ့် အစီအစဉ်တွေကိုလည်း ဝန်ကြီး Austin ကကြိုဆိုကြောင်း Pentagon ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်နဲ့ တရုတ် ကာကွယ်ရေးဝန်ကြီး ၂ ဦးကြား ၂ နိုင်ငံ စစ်ဘက်ဆက်ဆံရေး၊ ထိုင်ဝမ်အရေးနဲ့ တောင်တရုတ်ပင်လယ်ကိစ္စ၊ ယူကရိန်းစစ်ပွဲ၊ ပါလက်စတိုင်း အစ္စရေးပဋိပက္ခတွေနဲ့ပတ်သက်တဲ့ အမြင်တွေကို အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ တရုတ်ကာကွယ်ရေးဌာနပြောခွင့်ရ Wu Qian ကသတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဒီလို တွေ့ဆုံဆွေးနွေးမှုဟာ လက်တွေ့ကျ၊ အပြုသဘောဆောင်ပြီး မဟာဗြူဟာအရ ထိရောက်တဲ့ ဆွေးနွေးပွဲဖြစ်တယ်လို့ သူက ဖော်ပြပြောဆိုခဲ့ပါတယ်။

အမေရိကန်နဲ့ တရုတ် ကာကွယ်ရေးဝန်ကြီး နှစ်ဦးဟာ ၁၈ လအတွင်း ပထမဆုံးအကြိမ် တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ကမ္ဘာတဝန်းက ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်နေတဲ့ Shangri –La လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပနေတဲ့ ဟိုတယ်ကြီးမှာပဲ ဝန်ကြီး နှစ်ဦး ၁ နာရီကျော်ကြာ သီးခြား တွေ့ဆုံခဲ့ကြတာပါ။

တောင်တရုတ်ပင်လယ် ရေပြင်ပိုင်နက်တွေကို တရုတ်တို့က ပိုင်ဆိုင်တယ်လို့ ပြောနေတဲ့ အငြင်းပွားမှု၊ ထိုင်ဝမ်ကျွန်းအနီး တရုတ်က အကြီးအကျယ် စစ်ရေးလေ့ကျင့်မှုတွေ မကြာခင်က လုပ်ခဲ့သလို၊ တရုတ်နဲ့ အမေရိကန်ကြား ဆက်ဆံရေး တင်းမာနေချိန်မှာ ကာကွယ်ရေးဝန်ကြီးနှစ်ဦး တွေ့ဆုံကြတာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး ၂ ယောက် တွေ့ဆုံ
please wait

No media source currently available

0:00 0:01:27 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG