သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AI လုံခြုံရေးစိုးရိမ်ချက် ကန်နဲ့တရုတ်အရာရှိတွေဆွေးနွေးမည်


ကယ်လီဖိုးနီးယား လေတပ်အခြေစိုက်စခန်း Edwards က AI နည်းပညာထောက်ကူပြု U.S. Air Force F-16 ဂျက်တိုက်လေယာဥ်
ကယ်လီဖိုးနီးယား လေတပ်အခြေစိုက်စခန်း Edwards က AI နည်းပညာထောက်ကူပြု U.S. Air Force F-16 ဂျက်တိုက်လေယာဥ်

ဉာဏ်ရည်တုနည်းပညာ AI နဲ့ပတ်သက်ပြီးလုံခြုံရေးစိုးရိမ်ချက်တွေကို အမေရိကန်နဲ့တရုတ်နိုင်ငံအရာရှိတွေ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။

နည်းပညာဆိုင်ရာမူဝါဒတွေမှာ တရုတ်တို့လွှမ်းမိုးနိုင်အောင် ဂျနီဗာမှာဆွေးနွေးပွဲက တံခါးဖွင့်ပေးမှာမဟုတ်ဘူးလို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။ ဉာဏ်ရည်တုနည်းပညာဆိုင်ရာအန္တရာယ်တွေလျှော့ချနိုင်အောင် နှစ်နိုင်ငံကိုယ်စားလှယ်တွေဆွေးနွေးမှာဖြစ်တယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။

'AI နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ ဆောင်ရွက်ချက်တွေမှာ နှစ်နိုင်ငံသဘောမတူတာတွေတော့ရှိပါတယ်။ ဒါပေမဲ့ ဉာဏ်ရည်တုနည်းပညာနဲ့ပတ်သက်ပြီး ဆက်သွယ်ဆောင်ရွက်ကြတာက ကမ္ဘာကြီး ပိုမိုလုံခြုံမှုရှိစေနိုင်ပါတယ်' လို့ အမေရိကန်အကြီးတန်းအရာရှိကပြောပါတယ်။

AI နည်းပညာလောကကို လွှမ်းမိုးထားနိုင်ဖို့ အမေရိကန်နဲ့တရုတ်တို့ အကြိတ်အနယ်ယှဥ်ပြိုင်နေကြတာဖြစ်ပြီး တရုတ်နိုင်ငံကတော့ အရပ်ဖက်၊ စစ်ဖက်နဲ့ နိုင်ငံတော်လုံခြုံရေးကဏ္ဍတွေမှာပါ AI နည်းပညာတွေကို အရှိန်မြှင့် အသုံးပြုလာနေတယ်လို့ အမေရိကန်အရာရှိတဦးက ပြောပါတယ်။ တရုတ်ရဲ့ AI နည်းပညာအသုံးပြုမှုက အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်လာနိုင်စရာရှိတယ်လို့လည်း သူကဆက်ပြောပါတယ်။ AI နည်းပညာမှာ စည်းမျဥ်းစည်းကမ်းတွေသတ်မှတ်ဖို့ တရုတ်နဲ့အမေရိကန်တို့ ယှဥ်ပြိုင်နေကြပြီး တချို့စည်းမျဥ်းတွေဟာ တကမ္ဘာလုံးလိုက်နာကျင့်သုံးနိုင်တာမျိုးဖြစ်နိုင်မလားဆိုတာ လေ့လာဆန်းစစ်နေပါတယ်လို့လည်းအခြား အမေရိကန်အရာရှိတဦးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG