သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ လုံခြုံရေးကောင်စီမှာ ဉာဏ်ရည်တုနည်းပညာ အကြောင်း အချေအတင် ဆွေးနွေး


In this photo provided by United Nations Photo, a wide view of the first ever Security Council meeting on artificial intelligence (AI) held, July 18, 2023, at U.N. headquarters in New York.
In this photo provided by United Nations Photo, a wide view of the first ever Security Council meeting on artificial intelligence (AI) held, July 18, 2023, at U.N. headquarters in New York.


Artificial Intelligence (AI) လို့ ခေါ်ကြတဲ့ ဉာဏ်ရည်တု နည်းပညာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဒီသီတင်းပတ်ထဲ ဆွေးနွေးခဲ့ကြရာမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က “AI ဟာ လူသားတွေရဲ့ ဘဝနယ်ပယ်တိုင်းမှာ အကျိုးသက်ရောက်မှု ရှိလာမယ်” လို့ ပြောပါတယ်။

တပြိင်တည်းမှာပဲ “ဒီ ထူးခြားဆန်းပြားလှတဲ့ ခေတ်လွန် နည်းပညာကို ထိန်းညှိ စောင့်ကြည့်နိုင်ဖို့ နိုင်ငံအားလုံး ပါဝင်တဲ့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းသစ်တစ်ခု ဖွဲ့စည်းဖို့” အတွက် တောင်းဆိုလိုက်ပါတယ်။ ဂူတာရက်စ်က "လက်ရှိမှာ AI က အစပဲရှိသေးလို့ သင်ယူလေ့လာတဲ့ စိတ်အခြေခံနဲ့ ဒီနည်းပညာသစ်အပေါ် အရေးတကြီး သဘောဆောင်ကာ ချဥ်းကပ်ရမှာဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ခြုံလွှမ်း ကြည့်နိုင်ဖို့လည်းလိုကြောင်း လုံခြုံရေးကောင်စီကို တိုက်တွန်းခဲ့ပါတယ်။"

AI က ကျန်းမာရေး၊ ပညာရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေမှာ လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်ပုံတွေအပေါ် ဆွေးနွေးခဲ့ကြသလို စောင့်ကြည့် ထိန်းကွပ်မှုမရှိရင် AI ကို တလွဲ အသုံးချနိုင်တဲ့ အလားအလာတွေကိုလည်း လုံခြုံရေးကောင်စီမှာ ဆွေးနွေးခဲ့ကြပါတယ်။

အမေရိကန်သံတမန် Jeffrey DeLaurentis က လည်း စားနပ်ရိက္ခာဖူလုံရေး၊ ပညာရေးနဲ့ ဆေးဝါး စတဲ့ ကမ္ဘာတဝန်း ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ AI က ကြီးကြီးမားမား အထောက်အကူဖြစ်မှာ ဖြစ်ပေမယ့် တဖက်မှာလည်း သတင်းမှားတွေ ဖြန့်ဝေတာ၊ ဘက်လိုက်မှုနဲ့ မညီမမျှမှုတွေကို ပိုကြီးထွားလာစေတာ၊ အန္တရာယ်ရှိတဲ့ ဆိုင်ဘာ ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တိုးလာစေနိုင်လို့ ဒါဟာ ပဋိပက္ခတွေကို အရှိန်မြင့်နိုင်သလို ခြိမ်းခြောက်လာဖွယ် အလားအလာတွေ ရှိနေတယ်လို့လည်း သတိပေးပါတယ်။

ဒီ အစည်းအဝေးမှာ သဘာပတိအဖြစ် ဆောင်ရွက်တဲ့ အခုလရဲ့ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး James Cleverly ကတော့ AI ရဲ့ ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုတွေကို စီမံခန့်ခွဲနိုင်ဖို့ နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ကြဖို့ တောင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG