သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AI ခေါင်းကိုင် ဖခင်ကြီး နည်းပညာအန္တရာယ်သတိပေး


Foto Achiv: Logo OpenAI la sou ekran yon telefon entelijan nan Boston, 21 Mas, 2023.
Foto Achiv: Logo OpenAI la sou ekran yon telefon entelijan nan Boston, 21 Mas, 2023.
လူအများနဲ့ဆက်သွယ် ဖြေကြားပေးတဲ့ ChatGPT ဉာဏ်ရည်တု Chatbot ခေတ်မှာ Artificial Intelligence လို့ခေါ်တဲ့ဉာဏ်ရည်တု နည်းပညာအကြောင်း သတိပေးနှိုးဆော်တာတွေကို အများအပြား တွေ့လာရပါတယ်။ နည်းပညာနဲ့ စက်မှုလုပ်ငန်းရှင် အီလွန်မာစ်၊ ပညာရှင် နိုမ်ချမ်စကီး (Noam Chomsky) ကနေ အသက် ၉၉ နှစ်အရွယ်ရှိပြိဖြစ်တဲ့ အငြိမ်းစားနိုင်ငံရေးခေါင်‌ဆောင်တဦးဖြစ်သူ ဟင်နရီကစ်ဆင်ဂျာ အထိ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေကဒီ အကြောင်းပြောခဲ့ကြပါတယ်။
ဒါပေမယ့် AI လို့လည်း အတိုကောက်ခေါက်ကြတဲ့ ဒီ ဉာဏ်ရည်တု နည်းပညာ အကြောင်း လေ့လာနေတဲ့ သုတေသန ပညာရှင်တွေရဲ့ အဝန်းအဝိုင်းမှာအထိ ဒီနည်းပညာ အကြောင်း သတိပေးလာတာကတော့ အထူး သတိပြုစရာ ဖြစ်လာပါတယ်။

AI ရဲ့ ရှေ့ဆောင်သုတေသီတဦးလည်း ဖြစ်၊ “AI ရဲ့ ခေါင်းကိုင်ဖခင်ကြီး” လို့ ညွှန်းဆိုခံရလေ့ ရှိတဲ့ ဂျက်ဖရီ ဟင်တန် (Geoffrey Hinton) က Google နည်းပညာ ကုမ္ပဏီ က နုတ်ထွက်ခဲ့ပြီးနောက်မှာ သူဖန်တီးပေးခဲ့တဲ့ နည်းပညာ ရဲ့ အန္တရာယ်တွေအကြောင်းကို ပိုပြီး လွတ်လွတ်လပ်လပ်နဲ့ ပြောဆိုလာ နိုင်နေပါတယ်။ အေပီ သတင်းဆောင်းပါး တပုဒ်ကို အခြေခံပြီး ကိုငြိမ်းချမ်းအေးက ပြောပြပါမယ်

ဟင်တန်ကလွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာ ကတည်းကစက်တွေကို လူ့ဦးနှောက်အတိုင်း လေ့လာသင်ယူစေတဲ့ ဉာဏ်တုနည်းပညာရဲ့ကနဦးကာလ နက်နဲတဲ့သင်ယူမှုဆိုင်ရာနဲ့ အာရုံကြောကွန်ရက်လို့ ခေါ်ကြတဲ့ Neuron တွေ တခုနဲ့တခုချိတ်ဆက်ထားတဲ့ ကွန်ရက်လေ့လာမှု ရှေ့ဆောင်အလုပ်တွေကို လုပ်ခဲ့သူပါ။ ဒါတွေက မျက်မှောက်ခေတ်မှာ တွေ့မြင်နေရတဲ့ဉာဏ်ရည်တုနည်းပညာ AI ရဲ့ အခြေခံအုတ်မြစ်လည်းဖြစ်ပါတယ်။

အခုလပိုင်းတွေထဲမှာတော့ AI နည်းပညာကဏ္ဍမှာ အသစ် ဆန်းသစ်တီထွင်မှုတွေက အရှိန်မြင့်လာခဲ့ပါတယ်။

Microsoft ရဲ့ ပံ့ပိုးပေးမှုနဲ့ ဆန်ဖရန်စစ္စကို အခြေစိုက် OpenAI ကုမ္ပဏီက ဉာဏ်ရည်တု နည်းပညာသုံး ChatGPT နောက်ဆုံးဗားရှင်း GPT-4 ကို မတ်လက ထုတ်ပြခဲ့ပါတယ်။

Google ကလည်း အလားတူ စကားပြောဆို ဆက်သွယ်နိုင်တဲ့ “Bard” လို Chatbot တွေ တီထွင်တာ အပါအဝင် တခြား ထိပ်တန်း နည်းပညာ ကုမ္ပဏီကြီးတွေကလည်း ဒီ AI နည်းပညာကဏ္ဍမှာ အပြိုင်အဆိုင် ရင်းနှီးမြှုပ်နှံလာကြပါတယ်။

ဒါပေမယ့် ဒီ AI chatbot တွေရဲ့ အန္တရာယ် အချို့အကြောင်းကို AI ဖခင်ကြီး ဟင်တန် ဘီဘီစီ သတင်းဌာနဲ့ အင်တာဗျူးမှာ သတိပေးသွားခဲ့ပါတယ်။ ဒီ နည်းပညာတွေက "အတော်လေး ကြောက်စရာကောင်းတယ်" လို့ သူက ပြောပါတယ်။ AI chatbot တွေက အခုအချိန်မှာ လူသားထက် ဉာဏ်မမီဘူး ဆိုပေမယ့် မကြာခင်မှာ ဖြစ်ကောင်း ဖြစ်လာနိုင်မယ်လို့ သူက ဆိုပါတယ်။

မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ် ရီဗျူး မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာလည်း ဟင်တန်က ရွေးကောက်ပွဲ တွေကိုခြယ်လှယ်တာမျိုး ဒါမှမဟုတ် အကြမ်းဖက်မှုကို လှုံ့ဆော်တာလို့ လူ့အဖွဲ့အစည်းအပေါ် ထိခိုက်စေနိုင်တဲ့ AI နည်းလမ်းတွေအသုံးပြုနိုင်တဲ့ “မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ အသုံးပြုသူ” တွေရဲ့ အန္တရာယ်ကို ထောက်ပြခဲ့ပါတယ်။

အသက် ၇၅ နှစ် ရှိပြီဖြစ်တဲ့ ဟင်တန်ကနည်းပညာကုမ္ပဏီကြီးအတွက် အလုပ်မလုပ်တော့တဲ့ သူတယောက် အနေနဲ့ ဖြစ်နိုင်ခြေ ရှိတဲ့ အန္တရာယ်တွေအကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောလို့ရအောင် သူက ဂူဂဲလ်ကနေ အနားယူခဲ့တာလို့ ဆိုပါတယ်။

ဒါပေမယ့် သူထွက်ခွာကြောင်းကြေညာပြီးကတည်းက ဟင်တန်က AI နည်းပညာနဲ့ ပတ်သကပြီး ဂူဂဲလ်က "အလွန်တာဝန်သိသိနဲ့ လုပ်ဆောင်နေတယ်" လို့ တစိုက်မတ်မတ် ပြောဆိုခဲ့ပါတယ်။

ဂူဂဲလ်နဲ့ ပတ်သက်ပြီး အကောင်းပြောစရာတွေအများရှိတယ်လို့လည်း ဟင်တန်က ဆိုပြီး ဒီလို မှတ်ချက်စကားတွေကို သူဂူဂဲလ်မှာ မရှိတော့တဲ့ အချိန်ပြောမှပိုယုံနိုင်စရာရှိမယ်လို့ ပြောပါတယ်။ ဟင်တန်ဟာ တိုရွန်တိုမြို့က ဂူဂဲလ်ရဲ့ သုတေသနအဖွဲ့မှာ ၁၀ နှစ်ကြာကြီးကြပ်ပြီးနောက်သူ အနားယူ ခဲ့ကြောင်း ဂူဂဲလ်ကုမ္ပဏီက အတည်ပြုခဲ့ပါတယ်။
AI ခေါင်းကိုင် ဖခင်ကြီး နည်းပညာအန္တရာယ်သတိပေး
please wait

No media source currently available

0:00 0:04:10 0:00
AI နဲ့ ပတ်သက်ပြီး အများစု ဆွေးနွေးငြင်းခုံကြတာကတော့ အဓိကအန္တရာယ်တွေက အနာဂတ်မှာ ကြုံလာမလား ဒါမှမဟုတ် လက်ရှိပစ္စုပ္ပန်မှာလားဆိုတာပါ။ တဖက်မှာ လူသားဉာဏ်ရည်ကို အစားထိုးတဲ့ ကွန်ပျူတာတွေကြောင့် လူသားရဲ့ ဖြစ်တည်မှု အပေါ် ခြိမ်းခြောက်တဲ့အထိ အန္တရာယ် ရှိတယ်လို့ ယူဆထားကြတာတွေ ရှိပါတယ်။

အခြားတဖက်မှာလည်း စီးပွားရေးလုပ်ငန်းတွေနဲ့ အစိုးရအဖွဲ့အစည်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပြီဖြစ်တဲ့ အလိုအလျောက်နည်းပညာစနစ် အေပါ်သက်ရောက်တဲ့လက်တွေ့ကမ္ဘာမှာ ကြုံရနိင်တဲ့ အန္တရာယ်တွေနဲ့ ပတ်သက်တဲ့စိုးရိမ်မှုတွေပါ။

ယူကေ အခြေစိုက်ဒေတာသိပ္ပံနဲ့ ဉာဏ်ရည်တုနည်းပညာဆိုင်ရာအဖွဲ့တခုဖြစ်တဲ့ အယ်လန်တူရင်း အင်စတီကျူ့က ပါမောက္ခမိုက်ဝူလ်ဒရစ်ချ် ကတော့ လက်တွ့ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ အကြောင်း အခုလို ရှင်းပြပါတယ်။

“ဆယ်ကျော်သက် တယောက်က အပျော်သဘောနဲ့ ပရိုဂရမ်တခုရေးဆွဲပြီး အစိုးရရဲ့ အရေးကြီးတဲ့ ဌာနတချို့ကို တိုက်ခိုက်တာ၊ ဝန်ဆောင်မှုတချို့ကို ဆိုက်ဘာတိုက်ခိုက်တာမျိုးကို စိတ်ကူးကြည့်နိုင်ပါတယ်။ အဲ့ဒါက ကမ္ဘာကြီးပျက်သွားမယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် လက်တွေ့ အလုပ်တွေကို ထိခိုက်သွားနိုင်ပါတယ်”

AI သုတေသီတွေက အရင်ကတည်းက AI စနစ်တွေထဲမှာ လူမျိုးရေး၊ ကျား၊ မ နဲ့ အခြားဘက်လိုက်မှုပုံစံ တွေနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေကိုထောက်ပြခဲ့ကြတာပါ။

လန်ဒန်သိပ္ပံပြတိုက်က ဂလင်းမော်ဂန်ကတော့ "လူတွေက AI ကို ဘယ်လို အသုံးပြုမလဲ ဆိုတာက ပို စိုးရိမ်စရာကောင်းတယ်” လို့ ဆိုပါတယ်။

"ဆိုချင်တာက ဒီ AI က မှားယွင်းတဲ့နည်း၊ ထိခိုက်စေနိင်တဲ့ နည်းနဲ့ အသုံးပြုနိုင်တဲ့ လက်နက် ကိရိယာတခုပါပဲ။ ပြီးတော့ ဒါကမှ တကယ့်ကို စိုးရိမ်စရာလို့ ကျွန်တော်ထင်တယ်၊ ဒါပေမယ့် AI ဒါမှမဟုတ် စက်ရုပ်တွေက ပြန်ပုန်ကန်ပြီး လူသားမျိုးနွယ်ကို ဖြုတ်ချတော့မယ်ဆိုတဲ့ တခါတရံ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတွေမှာ ပါတတ်သလိုမျိုးကတော့ စိုးရိမ်စရာနည်းပါတယ်။"

ဟင်တန်ဟာ ၂၀၁၉ ခုနှစ်မှာ တူရင်းဆုရရှိတဲ့ AI ရှေ့ဆောင် သုံးဦးအနက်မှ တဦးဖြစ်ပြီး ဒီဆုဟာ နည်းပညာနယ်ပယ်ရဲ့ နိုဘယ်ဆုလို့ လူသိများတဲ့ ဂုဏ်ယူစရာ ဖြစ်ပါတယ်။

အခြားဆုရရှိသူနှစ်ဦးဖြစ်တဲ့ ကနေဒါ နိုင်ငံသား ကွန်ပျူတာ သိပ္ပံပညာရှင် ယောရှုဝါဘန်ဂျို (Yoshua Bengio) နဲ့ ပြင်သစ် ကွန်ပျူတာ သိပ္ပံပညာရှင် Yann LeCun (ယန်လူကန်) တို့ကလည်း AI ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးကြပါတယ်။
XS
SM
MD
LG