=== [[ ZAWGYI ]] ===
မိုက္ခ႐ိုေဆာ့ဖ္ ေဆာ့ဖ္ဝဲေတြမွာ ဉာဏ္ရည္တု နည္းပညာ ထည့္သြင္း
ကြန္ပ်ဴတာ နည္းပညာကုမၸဏီႀကီး တခုျဖစ္တဲ့ မိုက္ခ႐ိုေဆာ့ဖ္ (Microsoft)ဟာ ၿပိဳင္ဖက္ ဂူဂဲလ္ Google ရဲ႕ ၿပိဳင္ဆိုင္မႈ တိုးလာတာကို တန္ျပန္တဲ့အေနနဲ႔ သူ႔ရဲ႕ လူသုံးမ်ားတဲ့ Office ေဆာ့ဖ္ဝဲကို အဆင့္ျမႇင့္တင္ၿပီး AI လို႔ အတိုေကာက္ေခၚတဲ့ Artificial Intelligence - ဉာဏ္ရည္တုနည္းပညာစနစ္ကို ထည့္သြင္းလိုက္ပါတယ္။
စာစီစာ႐ိုက္လုပ္ေပးတဲ့ Microsoft Word ၊ စာရင္းဇယားေတြျပဳစုတဲ့ Excel အစရွိတဲ့ ပညာေရးနဲ႔ လုပ္ငန္းခြင္သုံး ေဆာ့ဖ္ဝဲေတြပါတဲ့ Microsoft 365 မွာ အသုံးျပဳသူေတြကို ကူညီေပးမယ့္ "copilot" လို႔ေခၚတဲ့ AI နည္းပညာ ဝန္ေဆာင္မႈ ပါဝင္လာတာပါ။
အဲဒီ လုပ္ငန္သုံး၊ ေက်ာင္းသုံး ဝန္ေဆာင္မႈ အပလီေကးရွင္းေတြကို သုံးရာမွာ AI က ပထမဆုံးမူၾကမ္း အဆင့္ကို ဖန္တီးေပးႏိုင္မွာျဖစ္လို႔ အေၾကာင္းအရာေတြ ဖန္တီးရာမွာ ပိုၿပီး အလုပ္တြင္က်ယ္လာမွာ ျဖစ္ပါတယ္။ အလုပ္သမားေတြရဲ႕အလုပ္ခ်ိန္ကို ေလွ်ာ့ခ်ေပးႏိုင္မယ္လို႔ မိုက္ခ႐ိုေဆာ့ဖ္က ေျပာပါတယ္။
" ဒီ AI မ်ိဳးဆက္သစ္က ကုန္ထုတ္စြမ္းအားတိုးတက္မႈ လႈိင္းသစ္ကို ဖြင့္ေပးမယ္" လို႔ မိုက္ခ႐ိုေဆာ့ဖ္ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ Satya Nadella က ေျပာပါတယ္။
ေနာက္ထပ္ နည္းပညာကုမၸဏီႀကီး တခုျဖစ္တဲ့ Google ကလည္း သူ႔ရဲ႕ အင္တာနက္ ဝန္ေဆာင္မႈ၊ အြန္လိုင္း စာပို႔ ဆက္သြယ္တဲ့ Gmail ဝန္ေဆာင္မႈေတြမွာ AI နည္းပညာကို ထည့္သြင္းမယ့္လို႔ အဂၤါေန႔ကပဲ ေၾကညာထားၿပီး သူ႔ရဲ႕ ကိုယ္ပိုင္ စာစီစာ႐ိုက္ အပလီေကးရွင္းမွာ အလိုအေလ်ာက္ စာမူၾကမ္း ေရးဖြဲ႕ေပးတဲ့ ဝန္ေဆာင္မႈလည္း ပါလာဖို႔ ရွိတယ္ ဆိုပါတယ္။
ဒီလို ဉာဏ္ရည္တု AI နည္းပညာ အသစ္ေတြဟာ Microsoft ရဲ႕ ပံ့ပိုးေပးမႈနဲ႔ OpenAI ကုမၸဏီက ChatGPT လို႔ ေခၚတဲ့ ဉာဏ္ရည္တု Chatbot ဝန္ေဆာင္မႈတခုကို မႏွစ္က စတင္ခဲ့ၿပီးေနာက္ပိုင္းမွာ AI က လူအမ်ားၾကား ပ်ံ႕ႏွံ႔ခဲ့သလို ကုမၸဏီႀကီးေတြကလည္း အၿပိဳင္အဆိုင္ ဉာဏ္ရည္တု နည္းပညာေတြ သုံးလာၾကတာပါ။
ChatGPT ဟာ ဘာသာစကားအမ်ိဳးမ်ိဳး နဲ႔ လူအမ်ားကို အျပန္အလွန္ ဆက္သြယ္ၿပီး ၫႊန္ၾကားတဲ့အမိန႔္ေတြအတိုင္း အလိုအေလ်ာက္ လုပ္ေဆာင္ေပးႏိုင္ပါတယ္။ ဒီ နည္းပညာက အလ်င္အျမန္နဲ႔ တိုးတက္ေနၿပီး အခု သီတင္းပတ္ထဲမွာပဲ စြမ္းေဆာင္ရည္ ပိုေကာင္းတဲ့ GPT-4 ဗားရွင္းကို စတင္ျဖန႔္ခ်ိထားပါတယ္။
=== {{ UNICODE }} ===
မိုက်ခရိုဆော့ဖ် ဆော့ဖ်ဝဲတွေမှာ ဉာဏ်ရည်တု နည်းပညာ ထည့်သွင်း
ကွန်ပျူတာ နည်းပညာကုမ္ပဏီကြီး တခုဖြစ်တဲ့ မိုက်ခရိုဆော့ဖ် (Microsoft)ဟာ ပြိုင်ဖက် ဂူဂဲလ် Google ရဲ့ ပြိုင်ဆိုင်မှု တိုးလာတာကို တန်ပြန်တဲ့အနေနဲ့ သူ့ရဲ့ လူသုံးများတဲ့ Office ဆော့ဖ်ဝဲကို အဆင့်မြှင့်တင်ပြီး AI လို့ အတိုကောက်ခေါ်တဲ့ Artificial Intelligence - ဉာဏ်ရည်တုနည်းပညာစနစ်ကို ထည့်သွင်းလိုက်ပါတယ်။
စာစီစာရိုက်လုပ်ပေးတဲ့ Microsoft Word ၊ စာရင်းဇယားတွေပြုစုတဲ့ Excel အစရှိတဲ့ ပညာရေးနဲ့ လုပ်ငန်းခွင်သုံး ဆော့ဖ်ဝဲတွေပါတဲ့ Microsoft 365 မှာ အသုံးပြုသူတွေကို ကူညီပေးမယ့် "copilot" လို့ခေါ်တဲ့ AI နည်းပညာ ဝန်ဆောင်မှု ပါဝင်လာတာပါ။
အဲဒီ လုပ်ငန်သုံး၊ ကျောင်းသုံး ဝန်ဆောင်မှု အပလီကေးရှင်းတွေကို သုံးရာမှာ AI က ပထမဆုံးမူကြမ်း အဆင့်ကို ဖန်တီးပေးနိုင်မှာဖြစ်လို့ အကြောင်းအရာတွေ ဖန်တီးရာမှာ ပိုပြီး အလုပ်တွင်ကျယ်လာမှာ ဖြစ်ပါတယ်။ အလုပ်သမားတွေရဲ့အလုပ်ချိန်ကို လျှော့ချပေးနိုင်မယ်လို့ မိုက်ခရိုဆော့ဖ်က ပြောပါတယ်။
" ဒီ AI မျိုးဆက်သစ်က ကုန်ထုတ်စွမ်းအားတိုးတက်မှု လှိုင်းသစ်ကို ဖွင့်ပေးမယ်" လို့ မိုက်ခရိုဆော့ဖ်ရဲ့ အမှုဆောင်အရာရှိချုပ် Satya Nadella က ပြောပါတယ်။
နောက်ထပ် နည်းပညာကုမ္ပဏီကြီး တခုဖြစ်တဲ့ Google ကလည်း သူ့ရဲ့ အင်တာနက် ဝန်ဆောင်မှု၊ အွန်လိုင်း စာပို့ ဆက်သွယ်တဲ့ Gmail ဝန်ဆောင်မှုတွေမှာ AI နည်းပညာကို ထည့်သွင်းမယ့်လို့ အင်္ဂါနေ့ကပဲ ကြေညာထားပြီး သူ့ရဲ့ ကိုယ်ပိုင် စာစီစာရိုက် အပလီကေးရှင်းမှာ အလိုအလျောက် စာမူကြမ်း ရေးဖွဲ့ပေးတဲ့ ဝန်ဆောင်မှုလည်း ပါလာဖို့ ရှိတယ် ဆိုပါတယ်။
ဒီလို ဉာဏ်ရည်တု AI နည်းပညာ အသစ်တွေဟာ Microsoft ရဲ့ ပံ့ပိုးပေးမှုနဲ့ OpenAI ကုမ္ပဏီက ChatGPT လို့ ခေါ်တဲ့ ဉာဏ်ရည်တု Chatbot ဝန်ဆောင်မှုတခုကို မနှစ်က စတင်ခဲ့ပြီးနောက်ပိုင်းမှာ AI က လူအများကြား ပျံ့နှံ့ခဲ့သလို ကုမ္ပဏီကြီးတွေကလည်း အပြိုင်အဆိုင် ဉာဏ်ရည်တု နည်းပညာတွေ သုံးလာကြတာပါ။
ChatGPT ဟာ ဘာသာစကားအမျိုးမျိုး နဲ့ လူအများကို အပြန်အလှန် ဆက်သွယ်ပြီး ညွှန်ကြားတဲ့အမိန့်တွေအတိုင်း အလိုအလျောက် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒီ နည်းပညာက အလျင်အမြန်နဲ့ တိုးတက်နေပြီး အခု သီတင်းပတ်ထဲမှာပဲ စွမ်းဆောင်ရည် ပိုကောင်းတဲ့ GPT-4 ဗားရှင်းကို စတင်ဖြန့်ချိထားပါတယ်။