သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AI ဆိုင်ရာ လုံခြုံရေးစိုးရိမ်ချက် ကန်နဲ့တရုတ်ဆွေးနွေး


AI နည်းပညာအသုံးပြုမှုနဲ့ပတ်သက်လို့ တရုတ်နဲ့အမေရိကန်တို့ ဆွစ်ဇာလန်နိုင်ငံမှာ ဆွေးနွေးနေ။ (ယခင်မှတ်တမ်းဓာတ်ပုံ)
AI နည်းပညာအသုံးပြုမှုနဲ့ပတ်သက်လို့ တရုတ်နဲ့အမေရိကန်တို့ ဆွစ်ဇာလန်နိုင်ငံမှာ ဆွေးနွေးနေ။ (ယခင်မှတ်တမ်းဓာတ်ပုံ)

AI ဉာဏ်ရည်တုနည်းပညာနဲ့ပတ်သက်လို့ လုံခြုံရေးစိုးရိမ်ချက်တွေအပေါ် အမေရိကန်နဲ့ တရုတ်တာဝန်ရှိသူတွေက အင်္ဂါနေ့က ဆွစ်ဇာလန်နိုင်ငံမှာ တခါးပိတ် ဆွေးနွေးခဲ့ကြပါတယ်။

တရုတ်အနေနဲ့ နည်းပညာဆိုင်ရာမူဝါဒမှာ လွှမ်းမိုးနိုင်ဖို့ အမေရိကန်ဘက်က လမ်းဖွင့်မှာမဟုတ်ဘူးလို့ အမေရိကန်တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။ AI နဲ့ပတ်သက်ပြီး ဖြစ်လာနိုင်ခြေအန္တရာယ်တွေကို လျှော့ချဖို့ နှစ်နိုင်ငံကိုယ်စားလှယ်တွေ ဆွေးနွေးမှာဖြစ်တယ်လို့ အမရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။

AI ဉာဏ်ရည်တုနည်းပညာနယ်ပယ်ကို လွှမ်းမိုးနိုင်ဖို့ အမေရိကန်နဲ့တရုတ်တို့ကြားမှာ အပြင်းအထန် ပြိုင်ဆိုင်နေကြတာပါ။ တရုတ်နိုင်ငံဟာ ဉာဏ်ရည်တုနည်းပညာကို အရပ်ဘက်မှာရော စစ်ဖက်နဲ့ နိုင်ငံလုံခြုံရေးပိုင်းတွေမှာပါ တိုးမြှင့်နေတာကြောင့် တရုတ်ရဲ့ AI အသုံးပြုမှုဟာ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ နိုင်ငံလုံခြုံရေးပိုင်းကိုပါ အားနည်းလာစေနိုင်တယ်လို့ အမေရိကန်တာဝန်ရှိသူက ပြောပါတယ်။ AI နဲ့ပတ်သက်လို့ စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်ရေးမှာ အမေရိကန်အနေနဲ့ တရုတ်နဲ့ အပြိုင်အဆိုင်ဆောင်ရွက်နေပြီး နိုင်ငံအားလုံး လက်ခံနိုင်မယ့် စည်းမျဉ်းတချို့ကို ရှာဖွေနေတယ်လို့ နောက်ထပ် အမေရိကန်တာဝန်ရှိသူတဦးက ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken တရုတ်နိုင်ငံကို သွားရောက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့တဲ့နောက် အခုလို AI ဉာဏ်ရည်တုနည်းပညာဆိုင်ရာ နှစ်နိုင်ငံဆွေးနွေးပွဲတရပ်လုပ်မယ်လို့ ပြီးခဲ့တဲ့လက ကြေညာခဲ့တာပါ။ အခု ဆွေးနွေးပွဲမှာတော့ အမေရိကန်ဘက်က သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ၊ နိုင်ငံခြားရေးဌာနနဲ့ ကုန်သွယ်ရေးဌာနတွေက တာဝန်ရှိသူတွေ ပါဝင်ကြပါတယ်။

Forum

XS
SM
MD
LG