သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ဖြေရှင်းရာမှာ အာဆီယံအခန်းကဏ္ဍ APHR မေးခွန်းထုတ်


လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) အင်တာနက်စာမျက်နှာ
လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) အင်တာနက်စာမျက်နှာ

အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်မဖော်ဘဲ၊ ဆက်ပြီးတော့ မထီမဲ့မြင့်ပြုနေတဲ့ မြန်မာစစ်ကောင်စီကို ပိုပြီးတော့ ခိုင်မာတဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံအမတ်များအဖွဲ့ (APHR) က တောင်းဆိုလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပတဲ့ အာဆီယံဒေသတွင်းက အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ ကိုယ်စားလှယ်တွေ တက်ရောက်နေကြတဲ့ အာဆီယံလူထုဖိုရမ်မှာ APHR အဖွဲ့ရဲ့ ပူးတွဲဥက္ကဋ္ဌလည်းဖြစ်၊ မလေးရှားလွှတ်တော်အမတ်ဟောင်း Charles Santiago က အဲဒီလို တောင်းဆိုလိုက်တာပါ။

အခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံရဲ့ အဓိကအာဘော်က အာဆီယံက အရေးကြီးတယ်ဆိုတာပါ။ ဒါပေမဲ့ အထူးသဖြင့် မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ ပြဿနာတွေလိုမျိုး အဓိက အရေးပါတဲ့ကိစ္စရပ်တွေမှာ အာဆီယံက နှုတ်ဆိတ်နေတာကြောင့် အဖွဲ့ရဲ့ သက်ဆိုင်မှုကို မေးခွန်းထုတ်လိုက်တာဖြစ်တယ်လို့ ပြောပါတယ်။ အာဆီယံအနေနဲ့ ဒေသတွင်းမှာ အရေးကြီးဆုံးကိစ္စရပ်တခုကို ဖြေရှင်းဖို့အတွက် အတူတကွ မလုပ်နိုင်ဘူးဆိုရင် အာဆီယံအနေနဲ့ ဘယ်လိုလုပ်အရေးပါနိုင်မှာလဲလို့ မေးခွန်းထုတ်လိုက်သလို၊ အာဆီယံရဲ့ နိုင်ငံခြားဆက်ဆံရေးမူဝါဒကို အဖွဲ့ဝင်နိုင်ငံတွေက ဆုံးဖြတ်တာလား တရုတ်နိုင်ငံက ဆုံးဖြတ်တာလားလို့လည်း Charles Santiago က မေးခွန်းထုတ်လိုက်ပါတယ်။

အာဆီယံလူထုဖိုရမ်ကိုတော့ စက်တင်ဘာ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ဂျကာတာမြို့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ဧပြီလအတွင်းမှာ အာဆီယံက မြန်မာအရေးနဲ့ ပတ်သက်တဲ့ အရေးပေါ် အစည်းအဝေးကျင်းပခဲ့ပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း တက်ရောက်ခဲ့ပြီး အဲဒီအစည်းအဝေးအတွင်း မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး၊ တွေ့ဆုံဆွေးနွေး အဖြေရှာရေး နဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ရေး အပါအဝင် မြန်မာ့အကျပ်အတည်း ကူညီဖြေရှင်းနိုင်မယ့် ဘုံသဘောတူညီချက် ၅ ရပ်ကို သဘောတူ ချမှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG