သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်ကန့်သတ်ချက်ကြောင့် အမ်းမြို့နယ်မှာ စားနပ်ရိက္ခာရှားပါး 


A soldier in Buthidaung township in Rakhine State (မှတ်တမ်းဓါတ်ပုံ)
A soldier in Buthidaung township in Rakhine State (မှတ်တမ်းဓါတ်ပုံ)

ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်းက ဒလက်ချောင်းကျေးရွာအုပ်စု အတွင်းသို့ ဆန်နဲ့ စားနပ်ရိက္ခာ တင်သွင်းမှုတွေကို စစ်တပ် စစ်ရေးဂိတ်တွေက ပိတ်ထားတာကြောင့် ဆန်ရိက္ခာတင်ယူဖို့ ခက်ခဲနေတြယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ရန်ကုန်ကလာတဲ့ သတင်းကို ကိုခင်မောင်စိုးမင်း က တင်ပြပေးပါမယ်။

စစ်တပ်ကန့်သတ်ချက်ကြောင့် အမ်းမြို့နယ်မှာ စားနပ်ရိက္ခာရှားပါး

{{Zawgyi/Unicode}}
ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်းက ဒလက်ချောင်းကျေးရွာအုပ်စု အတွင်းသို့ ဆန်နဲ့ စားနပ်ရိက္ခာ တင်သွင်းမှုတွေကို စစ်တပ် စစ်ရေးဂိတ်တွေက ပိတ်ထားတာကြောင့် ဆန်ရိက္ခာတင်ယူဖို့ ခက်ခဲနေတြယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုလို ရိက္ခာသယ် ယူခွင့်ပိတ် လိုက်တာကြောင့် ဒလက်ချောင်းအုပ်စုမှာ ရှိတဲ့ ကျေးရွာပေါင်း ၅၀နီးပါးလောက် စားနပ်ရိ က္ခာပြတ်လပ်မယ့်အနေအထားရှိနေတယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ရန်ကုန်ကလာတဲ့ သတင်းကို ကိုခင်မောင်စိုးမင်း က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်က ဒလက်ချောင်းကျေးရွာအုပ်စုအတွင်းသို့ ကုန်းလမ်းကြောင်းအတိုင်း ဆန်တင် ယူတာတွေက လမ်းမှာရှိတဲ့ စစ်ကောင်စီ စစ်ဆေးဂိတ်တွေက ပြီးခဲ့တဲ့ မေလ ၆ရက်နေ့ကတည်း ပိတ်ထားတယ်လို့ အမ်းဒေသခံ လူမှုရေး တက်ကြွ လုှပ်ရှားသူတဦးက ဗွီအိုအေကို ပြောပါတယ်။

“ ကျနော်တို့ အမ်းမြို့နယ်ထဲမှာ ပါဝင်တဲ့ ဒလက်အုပ်စုကို တပ်မတော်က နေပြီးတော့ ကုန်ကြောင်းရေကြောင်းတွေကို မေလ ၆ရက်နေ့ကနေပြီးတော့ စားနပ်ရိက္ခာ ဖြတ်လိုက်တယ်။ စားနပ်ရိက္ခာ ဖြတ်လိုက်တယ်ဆိုတာက ဆန်တင်ယူခွင့်တွေကို လုံခြုံရေး တင်းတင်းကြပ်ကြပ်နဲ့ ပိတ်ပင်လိုက်တယ်ပေါ့၊ ”

တောင်ပေါ်ဒေသဖြစ်တဲ့ ဒလက်ချောင်းအုပ်စုမှာ ကျေးရွာပေါင်း ၅၀နီးပါးရှိပြီး သစ်ခုတ်၊ ဝါးခုတ်နဲ့ တောင်ယာစိုက်ခင်းလုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကြောင်း နေသူတွေလည်းဖြစ်ပြီး စားဝတ်နေရေးအတွက် ဆန်တွေကိုတော့ တစ်ခြားမြို့နယ် တွေကဝယ် ယူရတာ လည်းဖြစ်ပါတယ်။

ဒလက်ချောင်းဒေသအတွက် ဆန်နဲ့ စားနပ်ရိက္ခာတွေကို အမ်းမြို့နဲ့ ကမ်းထောင်းကြီးမြို့နယ်တွေက အဓိကဝယ်ယူရတာဖြစ်ပြီး လက်ရှိမှာတော့ ကုန်းလမ်း ရေလမ်းနှစ်ခုလုံးမှာ ရှိတဲ့ စစ်ကောင်စီစစ်ဆေး ရေးဂိတ်တွေက ရိက္ခာသယ်ယူခွင့်တွေကို ပိတ်ထားတာဖြစ်တယ် လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။

လက်ရှိမှာတော့ ဒလက်ချောင်းအုပ်စုအတွင်းမှာ ဆန်ဈေးတွေ အဆမတန်တတ်နေတာကြောင့် စားဝတ်နေရေးခက်ခဲနေကြတယ်လို့ ဒလက်ချောင်းအုပ် အလယ်ချောင်း ကျေးရွာက အမျိုးသမီးတစ်ဦးကပြောပါတယ်။

“ ဆန်ကလုံးဝအခက်အခဲဖြစ်နေပါတယ် ။ ဒီမှာ ဆန်ကဝယ်လို့တော့ ရသေးတယ်။ ဒါပေမယ့် ဈေးကတအားကြီးတယ်။ ဒီမှာက တရက်လုပ် တရက်စားနေရတာကို ဘယ်လိုလုပ်ရ မလဲဆိုတာ မပြောတတ်တော့ပါဘူး။ အခုတော့ ဗူးလိုက်ဝယ်စားနေရတယ်။”

လက်ရှိမှာတော့ ဒလက်ချောင်းအုပ်စုအတွင်းမှာ ဆန်တွေ ဝယ်ယူလို့ ရနေသေးတယ် ဆိုပေမယ့် အုပ်စုအတွင်းမှာ ရှိတဲ့ ဆန်တွေ ကုန်သွားရင် အငတ်ဘေးနဲ့ ကြုံရနိုင်တယ်လို့လည်း အမ်း တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ကိုမျိုးလွင်က ဗွီအိုအေကိုပြောပါတယ်။

“ အခုကတော့ အရောင်းဆိုင်တွေမှာ ဆန်တွေ မပြတ်သေးတဲ့အတွက်ကြောင့် ဒေသခံတွေ ကတော့ ဈေးတက်ရင်လည်း ဝယ်လို့ ရတဲ့ အနေအထားမှာ ရှိနေတယ်။ အဲဒီဆန်တွေ ကုန်သွားရင်တော့ ရိက္ခာတွေကုန်သွားမယ်ဆိုရင်တော့အဲဒီဒေသမှာ ရှိတဲ့ ပြည်သူအများစု ထဲကတော့ အငတ်ဘေးကို ဆက်ရောက်သွားနို်င်တယ်”

အဲဒီ ဒလက်အုပ်စုဖက်မှာ ပြီးခဲ့တဲ့ နှစ်တွေကလည်း ရခိုင်လက်နက်ကိုင်AAအဖွဲ့နဲ့ တပ်မတော်တို့ကြား တိုက်ပွဲတွေအတွင်း ဒေသခံတွေရဲ့ စားနပ်ရိက္ခာသယ်ယူခွင့်တွေ ကန့်သတ်ခံခဲ့ရတာကြောင့် စားနပ်ရိက္ခာ ပြတ်လပ်တာတွေကို ကြုံတွေ့ခဲ့ရတာတွေလည်း ရှိခဲ့တာပါ။အခုလက်ရှိမှာတော့ တိုက်ပွဲ တစ်စုံတစ်ရာ ဖြစ်ပွားတာမရှိဘဲ ရိက္ခာသယ်ယူ ခွင့်တွေကို စစ်ကောင်စီ တပ်တွေက ပိတ်လိုက်တာဖြစ်တယ်လို့လည်း ကိုမျိုးလွင်က ပြောပါတယ်။

“ အထူးသဖြင့် ၂၀၁၉ ၂၀၂၀ စစ်ရေး ပဋိပက္ခတွေ ရှိတုန်းက ဒလက်ကို ရိက္ခာတွေ ဖြတ်ခဲ့တယ်။ အဲဒီတုန်းကလည်း ဆန်မရှိလို့ ထမင်းမစားရတဲ့ ပြည်သူတွေက သစ်သီးသစ်ရွက်တွေ ဟင်းသီးဟင်းရွက်တွေကို ချက်ပြီး စားရတဲ့ အနေအထားဖြစ်ခဲ့တယ်။ အဲဒီတုန်းကတော့ စစ်ရေးပဋိပက္ခကြောင့် လုံခြုံရေး အကြောင်းပြီး ပိတ်ခဲ့တယ်။ အခုက စစ်ရေး ပဋိပက္ခမဖြစ်ပဲနဲ့ ရိက္ခာဖြတ်လိုက်တာကို ကြုံနေရ တယ်ပေါ့နော်။”

အမ်းမြို့နယ်အတွင်းက ဒလက်ချောင်းအတွင်းကို ဆန်ရိက္ခာသယ်ယူခွင့်တွေ ပိတ်ထားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ ပတ်သတ်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဗီွိအိုအေက ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိခဲ့တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အမ်းမြို့မှာ ရှိတဲ့ စစ်ကောင်စီကခန့်အပ်ထားတဲ့ အနောက်ပိုင်း တိုင်းစစ်တိုင်းဌာနာချုပ် တိုင်းမှုးကို မြေပြင်မှာ နည်းမျိုးစုံနဲ့ ပြဿနာ ဖန်တီးနေတာကြောင့် ပြဿနာပိုတက်အောင်မလုပ်ဖို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ် နိုင် က သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ သတိပေးရေး တင်ထားတဲ့နောက် ရခိုင်မှာ စစ်ရေးတင်း မာမှုတွေရှိလားမလား စိုးရိမ်မှုတိုး လာပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်နယ်က မြို့နယ်အများစုမှာ မြို့ဝင်မြို့ ထွက်တွေမှာ စစ်ဆေး ရေးတင်းကြပ်တာတွေ ကုန်ပစ္စည်းသယ်ယူခွင့်ကန့် သတ်တာတွေနဲ့ ဒေသခံတွေကို AA နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးတာတွေရှိ လာတယ်လို့လည်း ဒေသခံတွေကပြောဆိုကြ ပါတယ်။

တိုက်ရိုက် လင့်ခ်

..................................

စဈတပျကန့ျသတျခကြျကွောင့ျ အမျးမွို့နယျမှာ စားနပျရိက်ခာရှားပါး
{{Zawgyi/Unicode}}














XS
SM
MD
LG