သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ေနရပ္ျပန္ အမ္းၿမိဳ႕နယ္ စစ္ေဘးေရွာင္ တေထာင္ေက်ာ္ကို ေငြ ၅ သိန္းစီ နဲ႔ ဆန္ ေထာက္ပံံ႔


ရခိုင္စစ္ေဘးေရွာင္ ဒုကၡသည္မ်ား (ယခင္မွတ္တမ္းဓါတ္ပုံ)

ေနရပ္ျပန္ အမ္းၿမိဳ႕နယ္ စစ္ေဘးေရွာင္ တေထာင္ေက်ာ္ကို ေငြ ၅ သိန္းစီ နဲ႔ ဆန္ ေထာက္ပံံ႔

{{Zawgyi/Unicode}}
ရခိုင္ျပည္နယ္ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တည္ရွိတဲ့ အမ္းၿမိဳ႕နယ္အတြင္းက စစ္ေျပး ဒုကၡသည္တေထာင္ေက်ာ္ဟာ မေန႔က စၿပီး ေနရပ္ျပန္ေနၾကပါၿပီ။ ေနရပ္ျပန္သြားတဲ့ စစ္ေျပးဒုကၡသည္ေတြကို ျပည္နယ္ေကာင္စီက ေငြက်ပ္ငါးသိန္းနဲ႔ ဆန္ရိကၡာေတြ ေထာက္ပံ့ေပးတယ္လို႔လည္း ဒုကၡသည္ေတြက ေျပာဆိုၾကပါတယ္။ ဒီအေၾကာင္းအျပည့္အစုံကိုေတာ့ ရန္ကုန္ကလာတဲ့ သတင္းကို ကိုေအာင္လြင္ဦး က တင္ျပေပးပါမယ္။

ရခိုင္ျပည္နယ္ အမ္းၿမိဳ႕ေပၚ ဒုကၡသည္စခန္းက စစ္ေျပးဒုကၡသည္ ၁ေထာင္ေက်ာ္ဟာမေန႔က စၿပီးေနရပ္ျပန္ၾကပါတယ္။မိမိသေဘာဆႏၵအေလ်ာက္ ေနရပ္ျပန္ခ်င္တဲ့ သူေတြကို ျပည္နယ္ေကာင္စီက စာရင္းေကာက္ယူထားတာျဖစ္ၿပီး ေနရပ္ျပန္တဲ့ အခါမွာလည္း အိမ္ေထာင္စု တစုကို ေငြက်ပ္ငါးသိန္းနဲ႔ ဆန္တစ္လစာေထာက္ပံ့ေပးတယ္လို႔လည္း အမ္းၿမိဳ႕နယ္ အမွတ္(၁) စစ္ေဘးဒုကၡသည္စခန္းတာဝန္ခံ ကိုသန္းခ်ိဳကေျပာပါတယ္။

“ လူဦးေရ တစ္ေထာင္ေက်ာ္ေပါ့ေနာ္။ ဒီလူေတြကို ျပန္မယ္ဆိုလို႔ရွိရင္ေတာ့ ျပည္နယ္ အစိုးရက တစ္အိမ္ေထာင္ကို ငါးသိန္းေပးမယ္ေပါ့ေနာ္၊ ခ႐ိုင္ေဘးစီမံက ဆန္ရိကၡာ တစ္လစာ၊ ျပန္သြားတဲ့ အခ်ိန္မွာလည္း တျခား ဘာေပးလဲ ဆိုေတာ့ ပစၥည္း ၁၇မ်ိဳးေပးတယ္၊ အိုးခြက္ ဇြန္း ပန္းကန္၊ ေဆာင္၊ ျခင္ေထာင္ ပုဆိုး ထဘီ၊ ဆပ္ျပာတို႔ အဲတာေတြ ေပးလိုက္တယ္၊ ျပန္တာက ဒါနဲ႔ဆိုရင္ ေလးႀကိမ္ေျမာက္ရွိၿပီဗ်ာ။”

ၿပီးခဲ့တဲ့ ၂၀၁၉ခုႏွစ္ အေစာပိုင္းေလာက္စၿပီး ရခိုင္လက္နက္ကိုင္ AA အဖြဲ႕နဲ႔ အစိုးရတပ္တို႔ၾကား တိုက္ပြဲေတြ ျဖစ္ပြားခဲ့တာေၾကာင့္ အမ္းၿမိဳ႕နယ္ ဒလက္ေခ်ာင္းအုပ္က ေဒသခံ ေသာင္းနဲ႔ခ်ီၿပီး အမ္းၿမိဳ႕ေပၚကို ထြက္ေျပးၾကရတာပါ။

အမ္းၿမိဳ႕နဲ႔ မိုင္၃၀နီးပါးေဝးတဲ့ ဒလက္ေခ်ာင္းအုပ္စု ႐ြာေဟာင္းေက်း႐ြာက ဦးေအာင္ဝင္း ကေတာ့ စစ္ေရွာင္စခန္းမွာ အေနၾကာသြားရင္ ႐ြာမွာက်န္ခဲ့တာေတြ ဆုံးရႈံးသြားမွာ ေၾကာက္လို႔ ေနရပ္ျပန္လာရတာလို႔ ေျပာပါတယ္။

လက္ရွိမွာေတာ့ အဲဒီဒလက္ေခ်ာင္းဖက္မွာ အစိုးရတပ္နဲ႔ ရခိုင္လက္နက္ကိုင္AAအဖြဲ႕တို႔ ႏွစ္ဖက္ တပ္စြဲထားတာေတြရွိတာေၾကာင့္ စိုးရိမ္ရတယ္လို႔လည္း ဦးေအာင္ဝင္းကေျပာပါတယ္။

“ အေျခအေနကေတာ့ ကိုယ့္ရပ္ကိုယ့္႐ြာမွာ ယခင္ကလို သူတို႔သတ္မွတ္ထားတဲ့ေနရာေတြကို မသြားရဘူးေပါ့ေနာ္၊ သူတို႔မသတ္မွတ္တဲ့ေနရာေတြကိုေတာ့ လြတ္လြတ္လပ္လပ္ သြားလာလို႔ ရတယ္ေလ၊ စိုးရိမ္မႈကေတာ့ ရွိတာေပါ့ဗ်ာ။ ဘယ္လို႔လည္း ဆိုေတာ့ အခုအခ်ိန္ က သူတို႔ ႏွစ္ဖက္လုံးက ဆုတ္ခြာမႈမွမရွိေသးတာကို။ကိုယ့္ေဒသကို ျပန္လာတာက အခုအခ်ိန္က စစ္ေရးလည္း ေအးခ်မ္းေနတယ္၊ ၿပီးေတာ့ ၾကာသြာလို႔ရွိရင္ ကိုယ္ပိုင္ဆိုင္တဲ့အရာေတြကို ဆုံးရႈံးသြားမွာကို ေၾကာက္တယ္၊ အိမ္တို႔ ယာတို႔ သီးပင္ေတြတို႔ေပါ့၊”

အမ္းၿမိဳ႕နယ္ အတြင္းက စစ္ေျပးဒုကၡသည္စခန္းေတြမွာ ဒုကၡသည္ ငါးေထာင္ေက်ာ္ ေနထိုင္ၾကပါတယ္။ အဲဒီထဲက ႏွစ္ေထာင္ေက်ာ္ေလာက္ ေနရပ္ျပန္သြားၾကတာျဖစ္သလို လက္ရွိမွာေတာ့ စစ္က်န္လက္နက္ေတြနဲ႔ ေျမျမႇပ္မိုင္းေတြ မရွင္းရေသးတာေၾကာင့္ ေနရပ္မျပန္ႏိုင္ေသးတဲ့ စစ္ေဘးဒုကၡသည္ ၂ေထာင္ေက်ာ္ေလာက္ က်န္ေနေသး တာ လည္းျဖစ္ပါတယ္။

ရခိုင္ျပည္နယ္မွာ အစိုးရတပ္နဲ႔ ရခိုင္လက္နက္ကိုင္AAအဖြဲ႕တို႔ ၿပီးခဲ့တဲ့ ၂၀၁၈အကုန္ပိုင္းေလာက္က ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲေတြေၾကာင့္ အိုးအိမ္စြန႔္ခြာထြက္ေျပးလာရသူ ႏွစ္သိန္းေက်ာ္အထိ ရွိခဲ့ၿပီး အဲဒီထဲက တသိန္းေက်ာ္ေလာက္ကေတာ့ တိုက္ပြဲေတြ မရွိေတာ့တာေၾကာင့္ ေနရပ္ျပန္သြားၾကၿပီ။

လက္ရွိအခ်ိန္ထိ ရခိုင္ျပည္ ေျမာက္ပိုင္းမွာ ေနရပ္မျပန္ႏိုင္ေသးတဲ့ စစ္ေဘးဒုကၡသည္ ၇ေသာင္းနီးပါးအထိရွိေနၿပီး ျပည္နယ္ေကာင္စီကေတာ့ မိမိသေဘာဆႏၵအေလ်ာက္ ေနရပ္ျပန္မယ့္သူေတြကို ေနရပ္ျပန္ပို႔ေပးမယ္လို႔ ေျပာဆိုထားပါတယ္။

ရခိုင္ဒုကၡသည္ေတြ ေနရပ္ျပန္
please wait

No media source currently available

0:00 0:02:38 0:00
တိုက္႐ိုက္ လင့္ခ္

.......................................

နေရပ်ပြန် အမ်းမြို့နယ် စစ်ဘေးရှောင် တထောင်ကျော်ကို ငွေ ၅ သိန်းစီ နဲ့ ဆန် ထောက်ပံံ့

{{Zawgyi/Unicode}}
ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိတဲ့ အမ်းမြို့နယ်အတွင်းက စစ်ပြေး ဒုက္ခသည်တထောင်ကျော်ဟာ မနေ့က စပြီး နေရပ်ပြန်နေကြပါပြီ။ နေရပ်ပြန်သွားတဲ့ စစ်ပြေးဒုက္ခသည်တွေကို ပြည်နယ်ကောင်စီက ငွေကျပ်ငါးသိန်းနဲ့ ဆန်ရိက္ခာတွေ ထောက်ပံ့ပေးတယ်လို့လည်း ဒုက္ခသည်တွေက ပြောဆိုကြပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ရန်ကုန်ကလာတဲ့ သတင်းကို ကိုအောင်လွင်ဦး က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ် အမ်းမြို့ပေါ် ဒုက္ခသည်စခန်းက စစ်ပြေးဒုက္ခသည် ၁ထောင်ကျော်ဟာမနေ့က စပြီးနေရပ်ပြန်ကြပါတယ်။မိမိသဘောဆန္ဒအလျောက် နေရပ်ပြန်ချင်တဲ့ သူတွေကို ပြည်နယ်ကောင်စီက စာရင်းကောက်ယူထားတာဖြစ်ပြီး နေရပ်ပြန်တဲ့ အခါမှာလည်း အိမ်ထောင်စု တစုကို ငွေကျပ်ငါးသိန်းနဲ့ ဆန်တစ်လစာထောက်ပံ့ပေးတယ်လို့လည်း အမ်းမြို့နယ် အမှတ်(၁) စစ်ဘေးဒုက္ခသည်စခန်းတာဝန်ခံ ကိုသန်းချိုကပြောပါတယ်။

“ လူဦးရေ တစ်ထောင်ကျော်ပေါ့နော်။ ဒီလူတွေကို ပြန်မယ်ဆိုလို့ရှိရင်တော့ ပြည်နယ် အစိုးရက တစ်အိမ်ထောင်ကို ငါးသိန်းပေးမယ်ပေါ့နော်၊ ခရိုင်ဘေးစီမံက ဆန်ရိက္ခာ တစ်လစာ၊ ပြန်သွားတဲ့ အချိန်မှာလည်း တခြား ဘာပေးလဲ ဆိုတော့ ပစ္စည်း ၁၇မျိုးပေးတယ်၊ အိုးခွက် ဇွန်း ပန်းကန်၊ ဆောင်၊ ခြင်ထောင် ပုဆိုး ထဘီ၊ ဆပ်ပြာတို့ အဲတာတွေ ပေးလိုက်တယ်၊ ပြန်တာက ဒါနဲ့ဆိုရင် လေးကြိမ်မြောက်ရှိပြီဗျာ။”

ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် အစောပိုင်းလောက်စပြီး ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် အမ်းမြို့နယ် ဒလက်ချောင်းအုပ်က ဒေသခံ သောင်းနဲ့ချီပြီး အမ်းမြို့ပေါ်ကို ထွက်ပြေးကြရတာပါ။

အမ်းမြို့နဲ့ မိုင်၃၀နီးပါးဝေးတဲ့ ဒလက်ချောင်းအုပ်စု ရွာဟောင်းကျေးရွာက ဦးအောင်ဝင်း ကတော့ စစ်ရှောင်စခန်းမှာ အနေကြာသွားရင် ရွာမှာကျန်ခဲ့တာတွေ ဆုံးရှုံးသွားမှာ ကြောက်လို့ နေရပ်ပြန်လာရတာလို့ ပြောပါတယ်။

လက်ရှိမှာတော့ အဲဒီဒလက်ချောင်းဖက်မှာ အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့ နှစ်ဖက် တပ်စွဲထားတာတွေရှိတာကြောင့် စိုးရိမ်ရတယ်လို့လည်း ဦးအောင်ဝင်းကပြောပါတယ်။

“ အခြေအနေကတော့ ကိုယ့်ရပ်ကိုယ့်ရွာမှာ ယခင်ကလို သူတို့သတ်မှတ်ထားတဲ့နေရာတွေကို မသွားရဘူးပေါ့နော်၊ သူတို့မသတ်မှတ်တဲ့နေရာတွေကိုတော့ လွတ်လွတ်လပ်လပ် သွားလာလို့ ရတယ်လေ၊ စိုးရိမ်မှုကတော့ ရှိတာပေါ့ဗျာ။ ဘယ်လို့လည်း ဆိုတော့ အခုအချိန် က သူတို့ နှစ်ဖက်လုံးက ဆုတ်ခွာမှုမှမရှိသေးတာကို။ကိုယ့်ဒေသကို ပြန်လာတာက အခုအချိန်က စစ်ရေးလည်း အေးချမ်းနေတယ်၊ ပြီးတော့ ကြာသွာလို့ရှိရင် ကိုယ်ပိုင်ဆိုင်တဲ့အရာတွေကို ဆုံးရှုံးသွားမှာကို ကြောက်တယ်၊ အိမ်တို့ ယာတို့ သီးပင်တွေတို့ပေါ့၊”

အမ်းမြို့နယ် အတွင်းက စစ်ပြေးဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည် ငါးထောင်ကျော် နေထိုင်ကြပါတယ်။ အဲဒီထဲက နှစ်ထောင်ကျော်လောက် နေရပ်ပြန်သွားကြတာဖြစ်သလို လက်ရှိမှာတော့ စစ်ကျန်လက်နက်တွေနဲ့ မြေမြှပ်မိုင်းတွေ မရှင်းရသေးတာကြောင့် နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည် ၂ထောင်ကျော်လောက် ကျန်နေသေး တာ လည်းဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့ ပြီးခဲ့တဲ့ ၂၀၁၈အကုန်ပိုင်းလောက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးလာရသူ နှစ်သိန်းကျော်အထိ ရှိခဲ့ပြီး အဲဒီထဲက တသိန်းကျော်လောက်ကတော့ တိုက်ပွဲတွေ မရှိတော့တာကြောင့် နေရပ်ပြန်သွားကြပြီ။

လက်ရှိအချိန်ထိ ရခိုင်ပြည် မြောက်ပိုင်းမှာ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည် ၇သောင်းနီးပါးအထိရှိနေပြီး ပြည်နယ်ကောင်စီကတော့ မိမိသဘောဆန္ဒအလျောက် နေရပ်ပြန်မယ့်သူတွေကို နေရပ်ပြန်ပို့ပေးမယ်လို့ ပြောဆိုထားပါတယ်။

XS
SM
MD
LG