သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဂျင်တီးနားစစ်တပ်အရာရှိဟောင်း ၁၉ ဦးကို နှစ်ရှည် ထောင်ဒဏ်များချမှတ်


အာဂျင်တီးနားနိုင်ငံမှ ာ (၁၉ ၇၆-၈၃) စစ်အာဏာရှင်အုပ်ချုပ်မှုအတွင်း လူသားထုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက် စစ်အရာရှိဟောင်း ၁၉ ဦးကို စစ်ဆေးနေတဲ့မြင်ကွင်း။ (ဇူလိုင် ၆၊ ၂၀၂၂)
အာဂျင်တီးနားနိုင်ငံမှ ာ (၁၉ ၇၆-၈၃) စစ်အာဏာရှင်အုပ်ချုပ်မှုအတွင်း လူသားထုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက် စစ်အရာရှိဟောင်း ၁၉ ဦးကို စစ်ဆေးနေတဲ့မြင်ကွင်း။ (ဇူလိုင် ၆၊ ၂၀၂၂)

[[Zawgyi/Unicode]]

အာဂျင်တီးနားနိုင်ငံမှာ ၁၉၇၀ ကနေ ၁၉၈၀ ပြည့်နှစ်ပိုင်းတွေအတွင်း အာဏာရှင် အစိုးရလက်ထက်က လူသားထုအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် စစ်တပ် အရာရှိဟောင်း ၁၉ ယောက်ကို ပြည်ထောင်စုတရားရုံးက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။

အာဏာရှင်ဟောင်း Jorge Rafael Videla (ဟော်ဟဲ Rafael Vi dela) လက်ထက် ၁၉၇၆ ခုနှစ်ကနေ ၁၉၈၃ ခုနှစ် ကာလတွေက ကလေးငယ်တွေကို ပြန်ပေးဆွဲမှုအပါအဝင် လူတွေ လက်စဖျောက်ခံရမှု၊ နှိပ်စက်မှု၊ သတ်ဖြတ်မှုတို့အပါအဝင် လူပေါင်း ၃၅၀ အပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် Buenos Aires မြို့တော်မှာရှိတဲ့ ပြည်ထောင်စုတရားရုံးက ပြစ်ဒဏ်ချခဲ့တာဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့က ထောင်ဒဏ် တသက်အပြစ်ပေးခံရသူ ၄ ယောက်ထဲမှာ ပြန်ပေးဆွဲမှု၊ မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုပါဝင်တဲ့ အမှုပေါင်း ၁၀၀ ကျော်အတွက် အပြစ်ရှိကြောင်း တေ့ွရှိတဲ့ အသက် ၉၈ နှစ်အရွယ် ဗိုလ်ချုပ်ကြီးဟောင်း Santiago Riveros ပါဝင်ပါတယ်။ သူဟာ တခြားလူ့အခွင့်အရေးချိုးဖောက်ခဲ့တဲ့ အမှုတွေမှာလည်း အပြစ်ရှိကြောင်း အမိန့်ချခံထားရပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း Riveros ကွပ်ကဲတဲ့ Buenos Aires မြို့ပြင်က Campo de Mayo စစ်တပ်အခြေစိုက်စခန်းမှာ ဖမ်းဆီးခံရပြီး အစအနပျောက်သွားသူပေါင်း ၆ ထောင်နီးပါး ရှိတယ်လို့ အာဂျင်တီးနားလူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။

အလုပ်သမားသမဂ္ဂဝင်တွေလို့ စွပ်စွဲခံရတဲ့ Mercedes Benz အလုပ်သမားကားစက်ရုံက အလုပ်သမား ၇ ယောက် အဲဒီစစ်စခန်းမှာ ဖမ်းဆီးခံရပြီး ၆ ယောက်သေဆုံးသွားခဲ့တယ်လို့ မှတ်ယူနိုင်တဲ့ အမှုအတွက်လည်း စစ်တပ်အရာရှိဟောင်းတွေကို မနေ့က ပြစ်ဒဏ်တွေ ချခဲ့ပါတယ်။ အာဏာရှင်ဟောင်း Jorge Rafael Videla လက်ထက်က လူပေါင်း ၃ သောင်းထက်မနည်း ပျောက်ဆုံး လက်စဖျောက်ခံရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

#Argentine #VOABurmese #အာဂျင်တီးနား #JorgeRafaelVidela #SantiagoRiveros

==============

[[Unicode]]







==============

XS
SM
MD
LG