သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံဘက္ပို႔မယ့္ လက္နက္ေတြ ထိုုင္းမွာဖမ္းမိ 


ထိုင္းျမန္မာနယ္စပ္မွာ ၂၀၂၂၊ ဧျပီလ ၄ ရက္ေန့က ဖမ္းမိတဲ့လက္နက္မ်ား (Thai Police)


[[Zawgyi/Unicode]]

ထိုင္း-ျမန္မာနယ္စပ္၊ တာ့ခ္ျပည္နယ္ကေန ျမန္မာႏိုင္ငံ၊ ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕ဘက္ကိုပို႔မယ့္ စစ္သံုးလက္နက္ AK-47 ၁၂ လက္ကို တန္ေဆာင္ရမ္းနဲ႔ မယ္လမတ္ၿမိဳ႕နယ္ေတြမွာ ထိုင္းအာဏာပိုင္ေတြ သိမ္းဆည္းမိခဲ့ပါတယ္။ ဒီလက္နက္ေတြကို တရားမဝင္ပို႔ေဆာင္ဖုိ႔ ႀကိဳးပမ္းမႈမွာ ပတ္သက္ေနတဲ့ ျမန္မာႏိုင္ငံသား ေစာေအာင္စန္းေထြးအပါအ၀င္ သံုးဦးကုိ ဖမ္းဆီးထားတယ္လို႔လည္း ထုိင္းရဲမွဴးက သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။ ထိုင္းအေျခစိုက္ ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ႔ထားပါတယ္။

ျမန္မာႏိုင္ငံ ကရင္ျပည္နယ္ ျမဝတီၿမိဳ႕ဘက္ကို ပို႔ေဆာင္မယ့္ စစ္သံုးလက္နက္ေတြကို ထိုင္းႏို္င္ငံအတြင္းပုိင္းကေန နယ္စပ္ၿမိဳ႕နယ္တခုျဖစ္တဲ့ တာ့ခ္ျပည္နယ္ထဲက မဲလမတ္ၿမိဳ႕နယ္အထိ J&T Express ပါဆယ္ပို႔ေဆာင္ေရးကုမၸဏီဝန္ေဆာင္မႈနဲ႔ ပါဆယ္ထုတ္ၿပီး ပုိ႔ေဆာင္ခဲ့တာျဖစ္ပါတယ္။

ပါဆယ္ထုတ္အေလးခ်ိန္က သာမန္ထက္ ပုိေလးေနတဲ့အတြက္ ပါဆယ္ပို႔တဲ့ ကုမၸဏီက သကၤာမကင္းျဖစ္တာေၾကာင့္ သက္ဆိုင္ရာအာဏာပုိင္ေတြကို အေၾကာင္းၾကား သတင္းေပးခဲ့ရာက ဧၿပီလ ၄ ရက္ေန႔မွာ လက္နက္ ၇ လက္ကို ဖမ္းမိခဲ့ပါ တယ္။ အဲဒီေနာက္ လက္နက္ေတြ လက္ခံသယ္ယူတဲ့သူေတြရဲ႕ ေနအိမ္ေတြကို ဆက္လက္စံုစမ္းခဲ့ရာကေန လက္နက္ စုစုေပါင္း ၁၂ လက္ကုိ ဖမ္းဆီးခဲ့ေၾကာင္း ထိုင္းအာဏာပုိင္ေတြက သတင္းထုတ္ျပန္ခဲ့ပါတယ္။

လက္နက္ေတြ ဖမ္းမိတာနဲ႔ပတ္သက္လို႔ သတင္းစာရွင္းလင္းပဲြမွာ ျပည္နယ္ရဲခ်ဳပ္ Akradet Phimonsri က အခုလို ေျပာသြားပါ တယ္။

“လက္နက္ေတြနဲ႔အတူ လက္နက္သယ္ယူပုိ႔ေဆာင္တဲ့ တရားခံေတြကို ဖမ္းမိပါတယ္။ ပါဆယ္ပို႔ေနတဲ့ကုမၸဏီကိုသံုးျပီး တရားမဝင္လက္နက္ေတြ ပို႔ေဆာင္ဖုိ႔ ႀကိဳးစားတာျဖစ္ပါတယ္။ တရားခံ ေစာေအာင္စန္းေထြး ေနထုိင္ေနတဲ့ေနအိမ္ကုိ ရွာေဖြရင္း ေနာက္ထပ္လက္နက္ေတြကိုပါ ဖမ္းဆီးခဲ့ပါတယ္၊ အဓိက လက္နက္ပဲြစားေတြကိုလည္း ဆက္လက္ေဖာ္ထုတ္သြားပါမယ္ဆုိျပီး ေျပာသြားတာပါ။”

ဖမ္းမိတဲ့ လက္နက္ေတြကို ျမဝတီၿမိဳ႕မွာေနထုိင္ေနတဲ့ ကရင္လက္နက္ကိုင္အဖဲြ႔ ဝင္တဦးထံကို ေပးပို႔ဖုိ႔ လုပ္ေဆာင္ခဲ့ေၾကာင္း၊ အရင္တုန္းကလည္း အခုလို ပါဆယ္ဝန္ေဆာင္မႈနဲ႔ ျမဝတီဘက္ကို ပို႔ေဆာင္ေပးခဲ့ေၾကာင္း ဖမ္းဆီးခံရတဲ့ ျမန္မာႏိုင္ငံသား ေစာေအာင္စန္းေထြးက ဝန္ခံထြက္ဆုိတယ္ဆိုျပီး ထုိင္းသတင္းေတြမွာ ေဖာ္ျပႀကပါတယ္။

ျပီးခဲ့တဲ့ ေဖေဖၚ၀ါရီလ ၃ ရက္ေန႔တုန္းကလည္း မဲေဆာက္ၿမိဳ႕ မဟာဝမ္စီရင္စု၊ မဲ့ကုိကင္းေက်းရြာ ရပ္ကြက္ (၄) အပုိင္ ေသာင္ရင္းျမစ္အနီးက ျမက္ေတာေတြထဲမွာ ေသနတ္အသစ္ ၇ လက္နဲ႔ မွန္ဘီလူးတခု ပုိင္ရွင္မဲ့ ဖမ္းဆီးရမိတယ္္လုိ႔ ထုိင္း နယ္ျခားေစာင့္တပ္ဖြဲ႔က သတင္းထုတ္ျပန္ခဲ့ပါတယ္။ ထိုင္းႏိုင္ငံဘက္က လက္နက္ေမွာင္ခိုေတြကေန ဒုစရုိက္လုပ္ငန္းလုပ္ေနတဲ့ အဖဲြ႔ေတြဆီ လက္နက္ေတြ တရားမဝင္ ေရာင္းခ်ပို႔ေဆာင္မႈေတြလည္း အရင္က ႐ွိခဲ့ဖူးပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============
[[Unicode]]

မြန်မာနိုင်ငံဘက်ပို့မယ့် လက်နက်တွေ ထိုင်းမှာဖမ်းမိ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ပြည်နယ်ကနေ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီမြို့ဘက်ကိုပို့မယ့် စစ်သုံးလက်နက် AK-47 ၁၂ လက်ကို တန်ဆောင်ရမ်းနဲ့ မယ်လမတ်မြို့နယ်တွေမှာ ထိုင်းအာဏာပိုင်တွေ သိမ်းဆည်းမိခဲ့ပါတယ်။ ဒီလက်နက်တွေကို တရားမဝင်ပို့ဆောင်ဖို့ ကြိုးပမ်းမှုမှာ ပတ်သက်နေတဲ့ မြန်မာနိုင်ငံသား စောအောင်စန်းထွေးအပါအဝင် သုံးဦးကို ဖမ်းဆီးထားတယ်လို့လည်း ထိုင်းရဲမှူးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီမြို့ဘက်ကို ပို့ဆောင်မယ့် စစ်သုံးလက်နက်တွေကို ထိုင်းနိုင်ငံအတွင်းပိုင်းကနေ နယ်စပ်မြို့နယ်တခုဖြစ်တဲ့ တာ့ခ်ပြည်နယ်ထဲက မဲလမတ်မြို့နယ်အထိ J&T Express ပါဆယ်ပို့ဆောင်ရေးကုမ္ပဏီဝန်ဆောင်မှုနဲ့ ပါဆယ်ထုတ်ပြီး ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

ပါဆယ်ထုတ်အလေးချိန်က သာမန်ထက် ပိုလေးနေတဲ့အတွက် ပါဆယ်ပို့တဲ့ ကုမ္ပဏီက သင်္ကာမကင်းဖြစ်တာကြောင့် သက်ဆိုင်ရာအာဏာပိုင်တွေကို အကြောင်းကြား သတင်းပေးခဲ့ရာက ဧပြီလ ၄ ရက်နေ့မှာ လက်နက် ၇ လက်ကို ဖမ်းမိခဲ့ပါ တယ်။ အဲဒီနောက် လက်နက်တွေ လက်ခံသယ်ယူတဲ့သူတွေရဲ့ နေအိမ်တွေကို ဆက်လက်စုံစမ်းခဲ့ရာကနေ လက်နက် စုစုပေါင်း ၁၂ လက်ကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။

လက်နက်တွေ ဖမ်းမိတာနဲ့ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြည်နယ်ရဲချုပ် Akradet Phimonsri က အခုလို ပြောသွားပါ တယ်။

“လက်နက်တွေနဲ့အတူ လက်နက်သယ်ယူပို့ဆောင်တဲ့ တရားခံတွေကို ဖမ်းမိပါတယ်။ ပါဆယ်ပို့နေတဲ့ကုမ္ပဏီကိုသုံးပြီး တရားမဝင်လက်နက်တွေ ပို့ဆောင်ဖို့ ကြိုးစားတာဖြစ်ပါတယ်။ တရားခံ စောအောင်စန်းထွေး နေထိုင်နေတဲ့နေအိမ်ကို ရှာဖွေရင်း နောက်ထပ်လက်နက်တွေကိုပါ ဖမ်းဆီးခဲ့ပါတယ်၊ အဓိက လက်နက်ပွဲစားတွေကိုလည်း ဆက်လက်ဖော်ထုတ်သွားပါမယ်ဆိုပြီး ပြောသွားတာပါ။”

ဖမ်းမိတဲ့ လက်နက်တွေကို မြဝတီမြို့မှာနေထိုင်နေတဲ့ ကရင်လက်နက်ကိုင်အဖွဲ့ ဝင်တဦးထံကို ပေးပို့ဖို့ လုပ်ဆောင်ခဲ့ကြောင်း၊ အရင်တုန်းကလည်း အခုလို ပါဆယ်ဝန်ဆောင်မှုနဲ့ မြဝတီဘက်ကို ပို့ဆောင်ပေးခဲ့ကြောင်း ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား စောအောင်စန်းထွေးက ဝန်ခံထွက်ဆိုတယ်ဆိုပြီး ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၃ ရက်နေ့တုန်းကလည်း မဲဆောက်မြို့ မဟာဝမ်စီရင်စု၊ မဲ့ကိုကင်းကျေးရွာ ရပ်ကွက် (၄) အပိုင် သောင်ရင်းမြစ်အနီးက မြက်တောတွေထဲမှာ သေနတ်အသစ် ၇ လက်နဲ့ မှန်ဘီလူးတခု ပိုင်ရှင်မဲ့ ဖမ်းဆီးရမိတယ်လို့ ထိုင်း နယ်ခြားစောင့်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ထိုင်းနိုင်ငံဘက်က လက်နက်မှောင်ခိုတွေကနေ ဒုစရိုက်လုပ်ငန်းလုပ်နေတဲ့ အဖွဲ့တွေဆီ လက်နက်တွေ တရားမဝင် ရောင်းချပို့ဆောင်မှုတွေလည်း အရင်က ရှိခဲ့ဖူးပါတယ်။

===============

XS
SM
MD
LG