သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာအနှံ့ ခရစ္စမတ်ပွဲတော် ကျင်းပ


ကမ္ဘာအနှံ ခရစ်စမတ်ပွဲတော် ကျင်းပ
ကမ္ဘာအနှံ ခရစ်စမတ်ပွဲတော် ကျင်းပ

ကမ္ဘာတလွှားက ခရစ်ယာန်တွေ ယေရှုခရစ်တော် မွေးဖွား သန့်စင်တဲ့ ခရစ္စမတ် ပွဲတော်တွေ ကျင်းပကြသလိုဘဲ အီရတ်နိုင်ငံက မိုဆူးလ်မြို့ အနီး မြို့ကလေးက ရာနဲ့ချီတဲ့ ခရစ်ယာန် ဘာသာဝင်တွေလည်း မျှော်လင့်ချက်၊ အံတု တွန်းလှန်ခြင်း သင်္ကေတတွေနဲ့ ခရစ္စမတ်ကို ကျင်းပခဲ့ကြပါတယ်။

အာစရိယန်နွယ်ဖွား ခရစ်ယာန် ဘာသာဝင် ထောင်နဲ့ချီ နေထိုင်ခဲ့ရာ Bartella မြို့ကလေးက ၂၀၁၄ ခုနှစ် သြဂုတ်လမှာ အစ္စလာမ္မစ် အစွန်းရောက် IS လက်ကို ကျရောက်ခဲ့တာ ဖြစ်ပါတယ်။ IS အဖွဲ့က Mar Shimoni ဘုရားကျောင်းထဲကို မွှေနှောက် ဖျက်ဆီး ခဲ့ပြီး လက်ဝါးကပ်တိုင်တွေ၊ ဘာသာရေးဆိုင်ရာ ရုပ်တုတွေကို ဖျက်ဆီး ဖယ်ရှားပြီး မီးရှိုှုခဲ့တာ ဖြစ်ပါတယ်။

မိုဆူးလ်မြို့သိမ်းတိုက်ပွဲ တစိတ်တပိုင်း အဖြစ် Bartella မြို့ကို ပြီးခဲ့တဲ့ အောက်တိုဘာလက အီရတ် တပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ပေမယ့် ဒေသခံတွေကတော့ အိမ်မပြန်နိုင်ကြသေးပါဘူး။ လတ်တလော တိုက်ပွဲတွေကြောင့် မြို့တွင်းမှာ ပျက်စီးနေပြီး အခြေခံ ဝန်ဆောင်မှုတွေလည်း မရှိ ဖြစ်နေပါတယ်။ စစ်သွေးကြွတွေက မြို့ထဲမှာလည်း ဗုံးတွေ ထောင်ထားတာပါ။

အီရတ် ကာဒ့် ဒေသမြို့တော် Irbil မြို့မှာ နေထိုင်နေကြတဲ့ Bartella ဒေသခံတွေ နေရပ်ရင်းတွေကို ပြန်လာပြီး ခရစ်စ္စမတ် ညချမ်းကို ဆင်နွဲခဲ့ကြတာ ဖြစ်ပါတယ်။ ယေရှု ခရစ်တော် ဖွားမြင်ရာ အဖြစ် အစဉ်အလာ ယုံကြည်ကြတဲ့ အနောက်ဘက်ကမ်းက Bethlehem မြို့မှာတော့ ခရစ်စ္စမတ်ညက ထောင်နဲ့ချီတဲ့ ကမ္ဘာ တလွှားက ဘုရားဖူးတွေ ခရစ္စမတ် ပွဲတော်ကို ကျင်းပခဲ့ကြပါတယ်။

အနောက်ဘက်ကမ်းက Bethlehem မှာ ပါလက်စတိုင်း ကင်းထောက်လူငယ် ယောက်ကျ်ားလေးနဲ့ မိန်းကလေးငယ်တွေဟာ Manger ရင်ပြင်မှာ ချီတက်လမ်းလျှောက်တဲ့ အခမ်းအနားတွေနဲ့ ခရစ္စမတ်ပွဲတော်ကို စတင်ဆင်နွှဲခဲ့ကြပါတယ်။

ပါလက်စတိုင်း အလံတွေကို ကိုင်ဆောင် ချီတက်ရာမှာတော့ယေရှုခရစ်တော် ဖွားမြင်ရာအဖြစ် အစဉ်အလာ ယုံကြည်ထားကြတဲ့ ရှေးဟောင်း Nativity ဘုရားကျောင်းရှေ့မှာ ပြင်ဆင်ထားတဲ့ ဧရာမ ရွှေရောင် ခရစ္စမတ် သစ်ပင်ရှေ့ကနေ ဖြတ်လျှောက်ခဲ့ကြပါတယ်။ ကမ္ဘာတလွှားက လာကြတဲ့ ဘုရားဖူးတွေဟာ မြို့တွင်းက ပွဲတွေကို သာမက Nativity ဘုရားကျောင်းထဲက ခရစ်တော်ဖွားမြင်တဲ့ နေရာလို့ ယုံကြည်ကြတဲ့ ဂူ Grotto ထဲမှာ ဆုတောင်းဖို့လည်း သွားကြပါတယ်။

ကမ္ဘာအနှံ့ ခရစ္စမတ်ပွဲတော် ကျင်းပ
please wait

No media source currently available

0:00 0:01:36 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG