သုံးရလွယ်ကူစေသည့် Link များ

NLD အစိုးရခေတ် ပထမဦးဆုံး မြန်မာခရစ္စမတ်


ရန်ကုန်မြို့က ခရစ်ယာန်ဘုရားကျောင်းတခုမှာ ဘာသာဝင်များ စုဝေးကြ (၂၀၁၅)

မြန်မာနိုင်ငံမှာ အရင်အစိုးရလက်ထက် မှာထက်စာရင် ဒီနှစ် ခရစ္စမတ်ကာလဟာ ပိုပြီး စိတ်လွတ်လပ်ပေါ့ပါး ပျော်ရွှင်စရာ ဖြစ်တယ်လို့ မြန်မာ ပြည်တွင်းက ခရစ်ယာန် ဘာသာဝင်တချို့ကပြောဆိုပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ခရစ္စမတ်ပွဲတော် ကျင်းပနေချိန်မှာပဲ မြန်မာနိုင်ငံမှာလည်း စစ်ပွဲတွေရပ်စဲပြီး ငြိမ်းချမ်းဖို့၊ တိုင်းပြည် သာယာဝပြောဖို့ ခရစ်ယာန်ဘာသာဝင်တွေက ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလမှာ ဆုတောင်းလိုက်ကြပါ တယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

နယ်စပ်ဒေသတွေမှာ နှစ်ပေါင်းများစွာ စစ်မက်ဖြစ်ပွားလာတဲ့ မြန်မာနိုင်ငံမှာ စစ်ပွဲေ တွချုပ်ငြိမ်းပြီး စစ်ဘေးသင့်ပြည်သူတွေ ငြိမ်းချမ်းရေး ရစေကြောင်း အမေရိကန် ပြည်ထောင်စု Kentucky ပြည်နယ်က ကရင်ခရစ်ယာန်ဖုန်းတော်ကြီး တင်မသီက ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

“ကျနော်တို့ မြန်မာပြည်မှာ စစ်ပွဲဖြစ်နေတယ်ဆိုတဲ့ဟာက တကယ်တမ်းမှာ ဘုရားရဲ့ သားသမီး မိသားစုမှာရှိတဲ့ ချစ်ခြင်းမေတ္တာနဲ့ ပေးဆပ်ကြမယ် ရိုင်းပင်းကြမယ် ပူးပေါင်း ကြမယ်ဆိုရင် မြန်မာပြည်မှာ ငြိမ်းချမ်းရေးကတော့ ပီတိများစွာနဲ့ ခံစား ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကတော့ ခွင့်လွှတ်ခြင်းနဲ့ ကိုယ်ချင်းစာတရား အဲဒါတွေနဲ့ပဲ တည်ဆောက်လို့ ရတာဖြစ်ပါတယ် ”

ဒီနှစ်ခရစ္စမတ်ကာလ မြန်မာနိုင်ငံမှာ ခရစ္စမတ်ပွဲတော်ကျင်းပ ဆုတောင်းကြမယ့် အကြောင်းတွေနဲ့ပတ်သက်လို့ မွန်ခရစ်ယာန်ဘာသာဝင်တဦး ဖြစ်သူ ရန်ကုန်မြို့က မိမြင့်မြင့်မွန်က ပြောပြပါတယ်။

“ Carol Singing ကတော့ ဒီဇင်ဘာ ၁ရက်နေ့ကနေ ၂၀ ရက်နေ့ကြားထဲမှာပဲ ကိုယ့် အဖွဲ့နဲ့ကိုယ် သွားဆိုကြတယ်။ တအိမ်မှာ အနည်းဆုံး ၂ပုဒ် ၃ပုဒ် သွားဆိုပြီးတော့ သူတို့လှူလိုက်တဲ့ အလှူငွေနဲ့ ခရစ္စမတ် ၂၅ ရက်နေ့မှာ လာတဲ့ဧည့်သည်တွေကို ဘုရားကျောင်းမှာ ကျွေးတယ်။ ကလေးအတွက် အရုပ်တွေ စားသောက်စရာတွေ၊ လူကြီးကျတော့လည်း ဘုရားရှစ်ခိုးတယ်ပေါ့။ အဓိကတော့ ယေရှုခရစ်က သူ့ကို သတ်မယ့် လူတွေပေါ်မှာတောင် သူခွင့်လွှတ်တယ်ပေါ့ အဲဒီအကြောင်းကို လူတွေကို ခွင့်လွှတ်တတ်အောင် ဘုရားရှင်ရဲ့ငြိမ်သက်ခြင်း ဝမ်းမြောက်ခြင်း လွတ်မြောက်ခြင်း ရရှိအောင် လူတွေကိုဆုတောင်းပေးတယ် ”

ဘာသာရေးလွတ်လပ်ခွင့် ချိုးဖေါက်မှုတွေဆက်ရှိနေသေးတယ်လို့ နိုင်ငံတကာ ရဲ့ဝေဖန်မှု ဆက်ရှိနေဆဲ မြန်မာနိုင်ငံမှာ အရင်အစိုးရလက်ထက် မှာထက်စာရင် ဒီနှစ်ခရစ္စမတ် ကာလဟာ ပိုပြီးပျော်ရွှင်စရာဖြစ် လာတယ်လို့ ချင်းတိုင်ရင်းသား ခရစ်ယာန် ဘာသာဝင်တဦးတဲ့ ဆလိုင်းဘွေကုန်း က ပြောပါတယ်။

“အရင်အစိုးရထက် ဒီအစိုးရလက်ထက်မှာတော့ ကျနော်တို့ ခရစ္စမတ်ပွဲ ဆင်နွှဲရ မှာက ကျနော်အပါအဝင် ခရစ်ယာန်အတော်များများက စိတ်တွေ ပိုပြီးတော့ လွတ်လပ်မယ်ထင်တယ်။ အရင်တုန်းက ခရစ်ယာန်ရဲ့ အခန်းကဏ္ဍက အစိုးရ အနေနဲ့ ဒီလောက် အလေးမထားဘူးလို့ မြင်တယ်။ အခု အစိုးရသစ် လက်ထက်မှာ ကျတော့ ခရစ်ယာန်တွေ အခန်းကဏ္ဍက အရင်ကထက် Carol Singing ဆိုတာ ကအစ အတော်များများ စိတ်ပိုပြီး ပေါ့ပါးလွတ်လပ်လာတယ်။ အဲဒီတော့ မြန်မာ နိုင်ငံမှာ ခုလက်ရှိဖြစ်ပွားနေတဲ့ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ ကိုယ့်နိုင်ငံသား အချင်းချင်း ဖြစ်နေတဲ့ စစ်ပွဲတွေ ငြိမ်းချမ်းခြင်း ရပါစေလို့ ကျနော် ဆုမွန်ကောင်းေ တာင်းလိုက်ပါတယ် ”

အမေရိကန်အစိုးရရဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် USCIRF က ဒီဇင်ဘာ ၁၃ ရက်တုန်းက ထုတ်ပြန်တဲ့ Hidden Plight ဖုံးကွယ်ထားတဲ့ အတိ ဒုက္ခဆိုတဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံက ခရစ်ယာန်ဘာသာဝင်တွေဟာ ဖိနှိပ်ခွဲခြား ဆက်ဆံခံနေရတယ်လို့ ဖေါ်ပြထား ပါတယ်။

XS
SM
MD
LG