သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပြန်အလှန်ပစ်ခတ်မှုအတွင်း ARSA စစ်သွေးကြွ ခေါင်းဆောင် တဦး သေဆုံး


(ယခင်ပုံဟောင်း) ARSA တပ်ဖွဲ့ (Photo: ARSA Facebook)
(ယခင်ပုံဟောင်း) ARSA တပ်ဖွဲ့ (Photo: ARSA Facebook)

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ခွဲထွက်ရေး ARSA ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ တွေနဲ့ ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့တွေကြား အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွား နေတဲ့အတွက် အခြေအနေတွေကို အထူးစိုးရိမ်နေကြောင်း ဒုက္ခသည်တွေက ဗွီအိုအေကို ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ဒုက္ခသည်စခန်းတွေမှာရှိနေတဲ့ ARSA အဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ဝင်ရောက်နှိမ်နင်းနေရာမှာ ARSA ထိပ်တန်း ခေါင်းဆောင်တဦး ဒီကနေ့ သေဆုံးသွားကြောင်း ဘင်္ဂလားဒေ့ရှ် ထိပ်တန်းအရာရှိတွေ အတည်ပြု ပြောဆိုတာကို တူရကီနိုင်ငံ Anadolu Agency သတင်းမှာ ရေးသားထားပါတယ်။

ARSA လက်နက်ကိုင်အဖွဲ့ဝင် ၁၀၀ လောက် ရိုဟင်ဂျာ ဒုက္ခသည် စခန်း အမှတ် ၁၇ ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတာကို သတင်းရခဲ့တဲ့အကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ် ရဲတွေနဲ့ အပြန်အလှန် တိုက်ပွဲဖြစ်ချိန်မှာ ARSA ဘက်က ထိပ်တန်း ခေါင်းဆောင် Hossain Majhi သေဆုံးသွားတယ်လို့ ဘင်္ဂလား‌ဒေ့ရှ် အရာရှိတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ RSO နဲ့ ARSA အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားရင် ARSA ဘက်က ၅ ယောက် သေဆုံးတာကို လက်တုံ့ပြန်ပြီး ပြန်လည်တိုက်ခိုက်ဖို့ ကြိုးစားခဲ့တာလို့လည်း ဘင်္ဂလား‌ဒေ့ရှ် အရာရှိတွေက ပြောပါတယ်။

ARSA လက်နက်ကိုင် အဖွဲ့ဟာ ၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်နဲ့ ရဲ လုံခြုံရေး ကင်းစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ အဖွဲ့ ဖြစ်ပါတယ်။ လုံခြုံရေးကင်းစခန်းတွေ တိုက်ခိုက်ခံခဲ့ရတဲ့ ဖြစ်ရပ်ကို အကြောင်းပြုပြီး မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးနဲ့ ဖိနှိပ်မှုတွေကြား သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းတွေကစလို ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေအပေါ် ARSA အစွန်းရောက် အဖွဲ့ရဲ့ ခြိမ်းခြောက်မှုတွေ ပိုတိုးလာခဲ့သလို ဒုက္ခသည်တွေကို ပြန်ပေးဆွဲ သတ်ဖြတ်တာတွေ လုပ်ခဲ့တဲ့အကြောင်း စခန်းအတွင်းက ဒုက္ခသည်တွေက ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG