သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန်မှာ Arsenic အဆိပ်ပါဝင်မှု အမေရိကန်စစ်ဆေး


အမေရိကန်ဆန်အတွင်း Arsenic အဆိပ်ပါဝင်မှုအဆင့်ကို သတ်မှတ်ပြထားထားစဉ်။
အမေရိကန်ဆန်အတွင်း Arsenic အဆိပ်ပါဝင်မှုအဆင့်ကို သတ်မှတ်ပြထားထားစဉ်။
အမေရိကန် အစားအသောက်နဲ့ဆေးဝါးဆိုင်ရာ ကွပ်ကဲရေးအဖွဲ့က ဆန်၊ ဆန်နဲ့ပြုလုပ်တဲ့စားသောက်ကုန် နမူနာ ၁၃ဝဝ မှာ မြေဆီလွှာအတွင်း တွေ့ရလေ့ရှိတဲ့ အာဆင်းနစ်နဲ့ တခြား အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်း ပါဝင်နေမှုကို စစ်ဆေးခဲ့ပါတယ်။

ကမ္ဘာပေါ်က လူသန်းထောင်ပေါင်းများစွာရဲ့ အဓိက စားသောက်ကုန် ဆန်ထဲမှာ လက်ရှိ အာဆင်းနစ် ပါဝင်မှုပမာဏက လူထုကျန်းမာရေးကို အန္တရာယ် ရှိစေနိုင်သလား ဆိုတာကို အမေရိကန် ကြီးကြပ်ရေး အေဂျင်စီက ဆုံးဖြတ်နိုင်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ FDA ရဲ့ သိပ္ပံပညာရှင်တွေက အော်ဂဲနစ် အာဆင်းနစ်နဲ့ အဆိပ်ပြင်းအဆုံး ဓာတုပစ္စည်း အင်အော်ဂဲနစ် အာဆင်းနစ်လို့ခေါ်တဲ့ အသွင်ပြောင်း အာဆင်းနစ် ပါဝင်မှု ပမာဏတွေကို စမ်းသပ်ခဲ့ပါတယ်။

အော်ဂဲနစ် အာဆင်းနစ် ပါဝင်မှုကတော့ ထမင်းတစ်ပွဲစာမှာ ၂.၆ မိုက်ခရိုဂရမ်ကနေ ၇.၂ မိုက်ခရိုဂရမ် အထိ ပါဝင်နေတာကို သူတို့တွေ့ခဲ့ပါတယ်။ အော်ဂဲနစ် အာဆင်းနစ် ပါဝင်မှုက ဆန်ချောမှာနိမ့်ပြီး ဆန်ကြမ်း ဆန်လုံးညိုမှာတော့ ပါဝင်မှုများတယ်လို့ ဆိုပါတယ်။ ဆန်၊ ဆန်နဲ့ပြုလုပ်တဲ့ စားသောက်ကုန်တွေမှာ အင်အော်ဂဲနစ် အာဆင်းနစ် လို့ခေါ်တဲ့ အသွင်ပြောင်း အာဆင်းနစ် ပါဝင်မှုကတော့ ဒသမ ၁ မိုက်ခရိုဂရမ် ကနေ ၆.၆ မိုက်ခရို ဂရမ် အထိ ပါဝင်နေပါတယ်။

မွေးကင်းစကလေးငယ်တွေအတွက် အသင့်စားအစားအစာတွေမှာ အသွင်ပြောင်း အာဆင်းနစ်ပမာဏ အနည်းဆုံးဖြစ်ပြီး ဆန်ခေါက်ဆွဲမှာတော့ ပါဝင်မှု အများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်ရှင်။
XS
SM
MD
LG