သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့တိုးတက်မှု အထွေထွေညီလာခံ အသိအမှတ်ပြုဖို့ Mr. Ban တိုက်တွန်း

Antarctica is the southernmost continent on Earth. The Antarctic Peninsula on the west coast is warming at unprecedented rates. (NASA map Robert Simmon)
Antarctica is the southernmost continent on Earth. The Antarctic Peninsula on the west coast is warming at unprecedented rates. (NASA map Robert Simmon)

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကုလသမဂ္ဂ အထွေထွေ ညီလာခံအနေနဲ့ အသိအမှတ်ပြုပြီး တိုးတက်မှုတွေ ပိုရှိလာအောင် ကုလသမဂ္ဂအနေနဲ့ ဘယ်လို ကူညီဆောင်ရွက်ပေးနိုင်မလဲ သုံးသပ် အဖြေထုတ်ဖို့ အတွင်းရေးမှူးချုပ်ဘန်ကီမွန်းက ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တိုက်တွန်းလိုက် ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှု အောင်မြင်မှုရအောင် နိုင်ငံတကာအနေနဲ့ ဝိုင်းဝန်းကူညီကြဖို့ကိုလည်း တိုက်တွန်းသွားပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ဆက်ပေးပါ့မယ်။

အတွင်းရေးမှူးချုပ် သူ့ရဲ့ မြန်မာနိုင်ငံ နောက်ဆုံးခရီးစဉ်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂအထွေထွေ ညီလာခံကို မနေ့က ရှင်းပြပြီး လက်ရှိ မြန်မာနိုင်ငံတွင်း ပြောင်းလဲမှုတွေကို အသိအမှတ်ကြဖို့ တိုက်တွန်းခဲ့တာပါ။ တိုးတက်မှုတွေ ပိုရှိလာအောင်လည်း ဘယ်လို ဝိုင်းကြဝန်းကြမလဲဆိုတာ နည်းလမ်းစဉ်းစားကြဖို့ အထွေထွေညီလာခံကို အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တိုက်တွန်းခဲ့ပါတယ်။

“ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ နိုင်ငံတကာ အသိုင်း အဝိုင်းက မြန်မာနိုင်ငံနဲ့ ပတ်သက် ပြီးတော့ နှစ်ပေါင်း ကြာရှည်စွာ စိုးရိမ်ပူပင်နေတဲ့ အချက်အတော်များများကို မကြာခင်က ပြုပြင်ပြောင်းလဲ မှုတွေ လုပ်လာပါပြီ။ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုအခြေအနေတွေဟာ မခိုင်မာသေးဘူးဆိုတာ လက်ခံရမှာဖြစ်သလိုပဲ အထွေထွေ ညီလာခံအနေနဲ့ တိုးတက်မှုတွေကို တစုံတရာ အသိအမှတ် ပြုရမှာ ဖြစ်ပါတယ်။ ဒီ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေကို အတွင်းရေးမှူးချုပ်ရုံးအနေနဲ့ ဘယ်လို အကူအညီတွေ ပေးသွားနိုင်မလဲဆိုတာကိုလည်း သုံးသပ် စဉ်းစားရမှာဖြစ်ပါတယ်။”

မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံခရီးစဉ်အတွင်း ပြည်ထောင်စုလွှတ်တော်ကို တက်ရောက်ပြီး မိန့်ခွန်း ပြောခဲ့ တာပါ။ ဒါဟာ နှစ်ပေါင်း ဆယ်စုနှစ် နဲ့ ကြာတဲ့ မြန်မာလွှတ်တော်အတွင်း မိန့်ခွန်းပြောတဲ့ ပထမဆုံး နိုင်ငံခြား ဧည်သည်လည်းဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ သူရဲ့ ပထမဆုံး မြန်မာနိုင်ငံတော်သစ်ကို သွားတဲ့ခရီးစဉ်လို့ အတွင်းရေးမှူးချုပ်က တင်စားခဲ့ပါတယ်။

“ကျနော် မြန်မာနိုင်ငံကို သွားရောက်တာ ဒီတခေါက်ပါဆိုရင် သုံးကြိမ်မြောက်ဖြစ်ပေမယ့် ရွေးကောက်ပွဲ အပြီး အရပ်သား အစိုးရတရပ် ဖွဲ့စည်းပြီး မြန်မာနိုင်ငံသစ်ကို သွားရောက်တာ ဒါ ပထမဆုံး အကြိမ်ဖြစ်ပါ တယ်။”

ခရီးစဉ်အတွင်းဟာ မြန်မာသမတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဝင်တွေ အာဏာပိုင်တွေကိုရော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်နဲ့ အခြား နိုင်ငံရေးပါတီတွေ လူမှုအဖွဲ့အစည်းတွေ ကိုပါ တွေ့ဆုံခွင့် ရခဲ့တယ်လို့ အတွင်းရေးမှူးချုပ်က ပြောပါတယ်။ အထူးသဖြင့်တော့ သူ မြန်မာပြည် ရောက်နေစဉ်အတွင်း လွှတ်တော် တက်ရေးမှာ ကျမ်းသစ္စာဆိုရေးကိစ္စ မကျေမလည်ဖြစ်နေတာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဘက်က ပြေလည်အောင် အလျှော့ပေးလိုက်တဲ့အပေါ်မှာ ကျေနပ်နှစ်သိမ့်မိတယ်လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။ မြန်မာနိုင်ငံတွင်းမှာ အခုလို ပြုပြင်ပြောင်းလဲမှုတွေ တွေ့လာရပေမယ့် အခြေအနေတွေက ခိုင်ခံ့မှုမရှိသေးဘူးလို့လည်း အတွင်းရေးမှူးချုပ်က သတိပေးပါတယ်။

“မြန်မာနိုင်ငံတွင်း အရေးကြီးပြုပြင်ပြောင်းလဲမှုတွေ ရှိနေပေမယ့်လည်း ဒီ ပြုပြင်ပြောင်းလဲမှုတွေဟာ မခိုင်မာဘဲ အချိန်မရွေး ပြန် ပျက်ယွင်းသွားနိုင်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း အခု ပြုပြင်ပြောင်းလဲမှုတွေအပေါ်မှာ အပြုသဘော ပြန်လည် တုံ့ပြန်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေကို နိုင်ငံအတော်များများက ပြန်လည် ရုပ်သိမ်းတာ၊ ဆိုင်းငံ့တာတွေ လုပ်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံ အသွင်ကူးပြောင်းမှုတွေ အောင်မြင်နိုင်အောင် ဒီထက်ပိုပြီး တုံ့ပြန်ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။”

ပြီးခဲ့တဲ့ မြန်မာခရီးစဉ်အတွင်းမှာတော့ ကုလသမဂ္ဂနဲ့ မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတွေ ပိုဖြစ်လာဖို့ကိုလည်း နှစ်ဘက် သဘောတူ ခဲ့ကြတယ်လို့ အတွင်းရေးမှူးချုပ်က ပြောပါတယ်။ မြန်မာနိုင်ငံ အပေါ် နိုင်ငံတကာ အပြုသဘောတုံ့ပြန်ကြဖို့ တိုက်တွန်းသလိုပဲ ကုလသမဂ္ဂ အနေနဲ့ကလည်း သူ့လုပ်ဆောင်ရမယ့် အပိုင်းကနေ မြန်မာ့နိုင်ငံရေး တိုးတက်မှုအတွက် ကူညီဆောင်ရွက်ဖို့ ပိုင်းဖြတ်ထားတယ်လို့လည်း ဆိုပါတယ်။

This item is part of
XS
SM
MD
LG