သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်အစိုးရသစ်မှာ အမျိုးသမီးတဝက်ပါ


ပြင်သစ်သမ္မတ Francois Hollande ဟာ ဥရောပစီးပွားရေး အားကောင်းအောင် လမ်းသစ်ထွင် မဆောင်ရွက်ခင်မှာ လိုအပ်တာတွေကို လိုက်လံဆောင်ရွက်နေပါတယ်။ ပါရီမြို့တော်မှာ မိုးတွေကြားထဲ အခမ်းအနားနဲ့ သမ္မတအဖြစ် ဆိုရှယ်လစ်ဝါဒီ သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး နောက်တရက်မှာပဲ အစိုးရ အဖွဲ့သစ်ကို ခန့်အပ်လိုက်တယ်လို့ သမ္မတရဲ့ လက်ထောက်တွေက ကြေညာပါတယ်။

ဆိုရှယ်လစ်ဝါဒီ ဝန်ကြီးချုပ်ဟောင်း Laurent Fabius ကို နိုင်ငံခြားရေး ဝန်ကြီး၊ Pierre Moscovici ကို ဘဏ္ဍာရေး ဝန်ကြီးအဖြစ် အသီးသီး ခန့်အပ်လိုက်ပါတယ်။ Mr. Pierre Moscovici က အရင်က ဥရောပရေးရာဝန်ကြီး ဖြစ်ပြီး Mr. Hollande ရဲ့ မဲဆွယ်စည်းရုံးရေးမှူးဖြစ်ပါတယ်။ တခြား အရေးကြီးတဲ့ ဝန်ကြီးနေရာတွေဖြစ်တဲ့ အလုပ်သမားဝန်ကြီးနေရာ အတွက် Michael Sapin၊ ပြည်ထဲရေးဝန်ကြီးအဖြစ် Manuel Valls နဲ့ ကာကွယ်ရေးဝန်င်္ကြီး Jean-Yves Drian တို့ကို ခန့်အပ်လိုက်ပါတယ်။ ဂျာမာန် စကားပြော တတ်တဲ့ ဆိုရှယ်လစ်ပါတီ ရဲ့ လွှတ်တော်ခေါင်းဆောင် Jean-Marc Ayrault ကို ဝန်ကြီးချုပ်အဖြစ် အဂါၤနေ့ကပဲ ကြေညာသွားတာပါ။

အစိုးရအဖွဲ့ထဲမှာ အမျိုးသမီးတွေကိုလည်း ညီညီမျှမျှ ထည့်သွင်းပေးမယ်လို့ မဲဆွယ်တုန်းက ကတိပေးခဲ့သလို သမ္မတ hollande က လုပ်ဆောင်ပေးမယ့်ပုံရပါတယ်။ ထိပ်တန်းရာထူး အများစုကို အမျိုးသားတွေ ရရှိကြပေမယ့် နေရာ ၃၄ နေရာထဲက ၁၇ နေရာမှာ အမျိုးသမီးတွေ ခန့်ထားမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြင်သစ်နိုင်ငံရေးလောကမှာ နာမည်ကြီးဆုံး အမျိုးသမီး တဦးကတော့ ဝန်ကြီးအဖွဲ့မှာ မပါဝင်ပါဘူး။ Mr. Hollande ရဲ့ ပြိုင်ဘက် ဆိုရှယ်လစ်ပါတီခေါင်းဆောင် Martine Aubry ကတော့ အဲဒီလိုရာထူးယူရင် သဘာဝမကျတာမို့ ရာထူးမယူဖို့ သဘောတူလိုက်တယ်လို့ ပြောပါတယ်။

XS
SM
MD
LG