နျူကလီယား ထိပ်ဖူး တပ်ဆင်နိုင်တဲ့ တာတိုပစ် ဒုံးကျည်ကို အောင်အောင်မြင်မြင် စမ်းသပ်ပစ်လွှတ်နိုင်ပြီလို့ ပါကစ္စတန် စစ်တပ်က အင်္ဂါနေ့က ကြေငြာလိုက်ပါတယ်။
Hatf 9 (Nasr) အမျိုးအစား တာတိုပစ် ဒုံးကျည်ဟာ ကီလိုမီတာ ၆၀ အတွင်းပစ်ခတ်နိုင်ပြီး အထူးသဖြင့် သိပ် မဝေးကွာလှတဲ့ ဒေသတွေက ခြိမ်းချောက်မှုမျိုးတွေ ကို တားဆီးနိုင်ဖို့ ထုတ်လုပ်တာဖြစ်ကြောင်း ပါကစ္စတန် စစ်တပ်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။
ဒါဟာ ဒေသတွင်း တည်ငြိမ်ရေးအတွက် အာမခံရစေဖို့ ဒေသတွင်းကလာတဲ့ ခြိမ်းချောက်မှုမျိုးတွေ ကို တားဆီးနိုင်ဖို့ ကြိုးစားမှုအတွက် ဒီစမ်းသပ်မှုဟာ အဓိက အောင်မြင်မှုကြီးတရပ်လို့ ဒုဗိုလ်ချုပ်ကြီး Kha lid Ahmed Kid wa i ရဲ့ ပြောကြားချက်ကိုလည်း ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။
ဒါဟာ အိန္ဒိယနိုင်ငံက နျူကလီယား ထိပ်ဖူးတပ် ဒုံးကျည်ကို တရုတ်နိုင်ငံ ဘေဂျင်းမြို့ အထိ ရောက်အောင် ပစ်လွှတ် နိုင်တယ် လို့ ကြေငြာခဲ့တဲ့ ဧပြီလက စပြီး ပါကစ္စတန်နိုင်ငံက ဒုံးလက်နက်ကို တတိယ အကြိမ်မြောက် စမ်းသပ်ပစ် လွှတ်တာ ဖြစ်ပါတယ်။