သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Wikileaks ထူထောင်သူ ပြည်နှင်ဒဏ်ပေးဖို့ ဗြိတိန်တရားရုံးချုပ်ဆုံးဖြတ်


အငြင်းပွားစရာဖြစ်နေတဲ့ ဝီကီလိ အင်တာနက်ဝဘ်ဆိုက် တည်ထောင်သူ သြစတေးလျှ နိုင်ငံသား ဂျူလီယာ အဆိုင်းကို လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုနဲ့ပတ်သက်ပြီး တရားရင်ဆိုင်ဖို့အတွက် ဗြိတိန်နိုင်ငံကနေ ဆွီဒင်နိုင်ငံကို လွှဲပြောင်းပေးဖို့ တရားစီရင် ဆုံးဖြတ်ထားချက်ကို ဗြိတိန်နိုင်ငံ ဗဟိုတရားရုံးက ထပ်မံ အတည်ပြုလိုက်ပါတယ်။

အမျိုးသမီးတဦးကို အဓမ္မပြုကျင့်ခဲ့မှုနဲ့ နောက်အမျိုးသမီးတဦးကို မတော်တရော်ပြုလုပ်မှုနဲ့ ဆွီဒင်နိုင်ငံက ဖမ်းဝရမ်းထုတ်ထားခံရသူ အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ မစ္စတာအဆိုင်းအပေါ် အောက် တရားရုံးနှစ်ရုံးကနေ စီရင်ချက်ချမှတ်ထားတာကို ဗဟိုတရားရုံးကနေ ဗုဒ္ဓဟူးနေ့မှာ အခုလို ထပ်မံအတည်ပြုချက်ပေးလိုက် တာ ဖြစ်ပါတယ်။

မစ္စတာအဆိုင်းဘက်က ဥပဒေအကျိုးဆောင်တွေကတော့ သူ့အပေါ် ဖမ်းဝရမ်းထုတ်တဲ့ ဆွဲချရှေ့နေတွေဟာ ဥပဒေအကြောင်းအရ လုပ်ပိုင်ခွင့်မရှိတဲ့အတွက် အကျုံးမဝင်ဘူးဆိုပြီးတော့ ချေပလျှောက်ထားနေကြတာပါ။

ဒီအမှုတွေကို ကျူးလွန်ခဲ့ခြင်းမရှိပါဘူးလို့ ငြင်းဆိုထားတဲ့ မစ္စတာအဆိုင်းအနေနဲ့ ဥရောပ လူ့အခွင့်အရေး ခုံရုံးကို နောက်ဆုံးအနေနဲ့ ထပ်မံ အယူခံဝင်ခွင့် ရှိနေပါသေးတယ်။

ဝီကီလိဟာ အမေရိကန်အစိုးရရဲ့ လျှို့ဝှက်စာရွက် စာတမ်းတွေ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အီရတ်နဲ့ အာဖဂန်နစ္စတန်နိုင်ငံ စစ်ဘက်ရေးဆိုင်ရာ သံတမန် အပြန်အလှန်ပေးပို့တဲ့စာတွေကို လူသိရှင်ကြား ဖွင့်ချခဲ့အပြီးနောက် နိုင်ငံတကာက အာရုံစိုက်လာစေခဲ့တဲ့ ဝဘ်ဆိုက်တခု ဖြစ်လာခဲ့ပါတယ်ခင်ဗျာ။

XS
SM
MD
LG