သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒေသ ဒုက္ခသည်တွေကိုကူညီကြဖို့ အောက်လွှတ်တော်အမတ် Joseph Crowley တိုက်တွန်း


မြန်မာနိုင်ငံအနောက်ဘက်ခြမ်းက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေကြောင့် ထွက်ပြေး လာတဲ့ ဒုက္ခသည်တွေကို လက်မခံတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ မြန်မာအစိုးရတို့ကို တုံ့ပြန်တဲ့ ကြေညာချက် တစ်ရပ်ကို အမေရိကန်ကွန်ဂရက်အောက် လွှတ်တော်က မြန်မာ့အရေး ဆောင်ရွက်တာမှာ ထင်ရှားသူ တစ်ဦးဖြစ်တဲ့ နယူးယောက် ပြည်နယ်ကိုယ်စားပြု ဒီမိုကရက်အမတ် ဂျိုးဇက် ခရော်လီ (Joseph Crowley) က ဇွန်လ (၁၅) ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာက လက်ခံထားတဲ့ တာဝန်ဝတ္တရားတွေကနေ ရှောင်လွဲှခြင်း မပြုဘဲ စောင့်ထိန်းလိုက်နာတဲ့ အနေနဲ့ မြန်မာနိုင်ငံက အဓိကရုဏ်းတွေကနေ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားနေသူတွေကို လိုအပ် တဲ့စောင့်ရှောက်မှုတွေ ရရှိရေး ခွင့်ပြုဖို့၊ ဘင်္ဂလားဒေ့ရှ်အစိုးရကို သူ့အနေနဲ့ လေးလေးနက်နက် တိုက်တွန်း တယ်လို့ အောက်လွှတ်တော်အမတ် ခရော်လီက သူ့ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ မြန်မာ အစိုးရအနေနဲ့လည်း တနိုင်ငံလုံးမှာ လူ့အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့နဲ့ မြန်မာနိုင်ငံ မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဘက်မှုတွေကို တရားဥပဒေစိုးမိုးမှုနဲ့ အခြေခံလွတ်လပ်ခွင့်တွေနဲ့ အညီ တုံ့ပြန်ဆောင်ရွက်ဖို့တွေကို သူ့အနေနဲ့ တိုက်တွန်းကြောင်းလည်း၊ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အခုဖြစ်ပွားခဲ့တဲ့ အကြမ်းဘက်တိုက်ခိုက်မှုတွေဟာ မြန်မာအစိုးရ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေအဖြစ် ထင်ထင်ရှားရှား ဖြစ်နေကြောင်း၊ နိုင်ငံ့ ခေါင်းဆောင်တွေအနေနဲ့ အားလုံးသော လူနည်းစုလူမျိုးစုတွေရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးသင့်ကြောင်း၊ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေး မှုတွေကို ပိုမိုမြှင့်တင်ပေးသင့်ကြောင်း၊ အကြမ်းဘက်မှုတွေမှာ ပြစ်မှုကျူးလွန်ခဲ့သူတွေကို တရားမျှတပြီး ထင်သာမြင်သာရှိတဲ့ တရားစီရင်ရေး စနစ်တစ်ရပ်အောက်မှာ တာဝန်ခံမှုရှိရှိနဲ့ အရေးယူဆောင်ရွက် သွား သင့်ကြောင်းတွေကိုလည်း ဒီကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုနေတဲ့ ပဋိပက္ခကို အဆုံးသတ်စေဖို့ တရားဥပဒေစိုးမိုးရေးကို ခိုင်ခိုင်မာမာ တည်ဆောက်ဖို့ကို လုပ်ဆောင်သင့်ကြောင်းလည်း ကြေညာချက် မှာ ဖော်ပြထားပါတယ်။

ဇွန်လ (၁၅) ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပုံမှန်သတင်းထောက်တွေနဲ့ တွေ့ဆုံပွဲ မှာလည်း တောင်အာရှနဲ့ ဗဟိုအာရှရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Robert Blake က ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ဆင်းရဲတဲ့နိုင်ငံ ဖြစ်တာကြောင့် မြန်မာနိုင်ငံက ထွက် ပြေးလာတဲ့သူတွေကို ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး (UNHCR) ရုံးက အကူအညီတွေပေးရေးကို အမေရိကန် အစိုးရက မေတ္တာရပ်ခံထားပြီးတော့ ဒီပြဿနာကို ဘင်္ဂလားဒေ့ရှ် တစ်နိုင်ငံထဲရင်ဆိုင်ရတော့မှာ မဟုတ် ဘူးလို့ ပြောကြားသွားပါတယ်။

XS
SM
MD
LG