သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ကလေးတွေ ပိုလီယိုကာကွယ်ဆေးမပေးနိုင်အောင် စစ်သွေးကြွတွေ ဟန့်တား


ပါကစ္စတန်အနောက်မြောက်ပိုင်းမှာ စစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှုကြောင့် ပိုလီယိုရောဂါကို တိုက်ဖျက်ရေး အသက်ကယ်ဆေးတွေ ကလေးသူငယ် နှစ်သိန်းခွဲလောက် အခက်အခဲဖြစ်နိုင်ပါတယ်။

တနင်္လာနေ့မှာ စတင်မယ့် ပိုလီယိုတိုက်ဖျက်ရေး အစီအစဉ်မှာ ဝါဇီရစ္စတန်မြောက်ပိုင်းက တိုင်းရင်းသားကလေး တစ်သိန်းခွဲ လောက်နဲ့ ဝါဇီရစ္စတန်တောင်ပိုင်းက တိုင်းရင်းသားကလေး တစ်သိန်းလောက်ဟာ ပိုလီယိုဆေးတွေ အချိန်မီ ရနိုင်ကြမှာ မဟုတ်ပါဘူးလို့ လူမှုရေးရာ ဝန်ကြီးဌာနက ပြောကြားပါတယ်။

ဝါဇီရစ္စတန် တိုင်းရင်းသားများဒေသဟာ အာဖဂန်နစ္စတန်နယ်နဲ့ နယ်ချင်းထိစပ်နေပြီးတော့ တာလီဘန်နဲ့ အယ်လ်ကိုင်းဒါးတို့ရဲ့အဆက်အသွယ်ရှိတဲ့ စစ်သွေးကြွတွေရဲ့ ဒေသဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက ပိုလီယိုရောဂါတိုက်ဖျက်ရေး ဝန်ထမ်းတွေကို တိုင်းရင်းသားတွေနဲ့ ဝေးဝေးနေဖို့၊ မနေရင် နောက် ဆက်တွဲ ဖြစ်ရပ်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ဟာဖစ်ဇဂူး၊ ဘာလ်တူး ခေါင်းဆောင်တဲ့ ဝါဇီရစ္စတန် မြောက်ပိုင်း စစ်သွေးကြွတွေက ခြိမ်းခြောက်ထားပါတယ်။

ပိုလီယိုရောဂါကုသရေး အဖွဲ့တွေက အမေရိကန်တွေအတွက် သတင်းထောက်လှမ်းဖို့ဖြစ်တယ်လို့ စစ်သွေးကြွတွေက စွပ်စွဲပါတယ်။ အဘော့ဒါဘတ် မြို့မှာ အိုစမာဘင်လာဒင် ရှိနေတာကိုသိဖို့ ပါကစ္စတန် ဆရာဝန် Shakil Afrid က ကာကွယ်ရေးထိုးဆေး စီမံချက် ဟန်ဆောင်ပြီးတော့ကာ DNA ဖော်ထုတ်စစ်ဆေး ခဲ့တာကို နမူနာပြပြီးတော့ စစ်သွေးကြွတွေက စွပ်စွဲတာဖြစ်ပါတယ်။

XS
SM
MD
LG