သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့အငြင်းပွားမှု အမေရိကန်ထောက်ခံဖို့ ဖိလစ်ပိုင်လိုလား


တရုတ်နဲ့အငြင်းပွားမှု အမေရိကန်ထောက်ခံဖို့ ဖိလစ်ပိုင်လိုလား

ဖိလစ်ပိုင် အစိုးရ တာဝန်ရှိသူတွေနဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်တို့ ဒီကနေ့ တွေ့ဆုံတဲ့အခါ တရုတ်နိုင်ငံနဲ့ ရေပိုင်နက် အငြင်းပွားနေတဲ့ ကိစ္စတွေကို အာရုံစိုက် ဆွေးနွေးသွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ဒီတပတ်နှောင်းပိုင်း ကျင်းပသွားမယ့် အရှေ့အာရှ ထိပ်သီး အစည်းအဝေးပွဲကိုအသွား အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဖိလစ်ပိုင်နဲ့ထိုင်းနိုင်ငံတို့ကို သွားရောက်နေတာလည်း ဖြစ်ပါတယ်။ တောင်တရုတ် ပင်လယ်တွင်းမှာ ရေပိုင်နက်အတွက် တရုတ်နိုင်ငံနဲ့ အငြင်းပွားမှုတွေ ကြီးထွားနေတဲ့ ကိစ္စအပေါ် အမေရိကန်ရဲ့ ထောက်ခံမှုရစေဖို့ ဖိလစ်ပိုင်သမ္မတ Benigno Aquino ကကြိုးပမ်းသွားလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။

ဘာလီကျွန်းက ထိပ်သီး အစည်းအဝေးပွဲအတွင်း တခြား အရှေ့တောင်အာရှ နိုင်ငံတွေအနေနဲ့ ရေပိုင်နက် အငြင်းပွားမှုမှာ ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့ ဖိလစ်ပိုင်သမ္မတက ဖိအားပေးသွားဖို့ ပြင်ဆင်ထားကြောင်းလည်း သတင်းတွေက ဖော်ပြနေကြတာပါ။ အမေရိကန် ပြည်ထောင်စုဟာ ဖိလစ်ပိုင်နိုင်ငံနဲ့ အပြန်အလှန် ကာကွယ်ရေးအတွက် နှစ်ပေါင်း ၆၀ ကြာ သဘောတူညီချက် တရပ်ကို လက်မှတ်ရေးထိုးထားတာဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လမှာပဲ ဖိလစ်ပိုင်နိုင်ငံက ကမ်းခြေလုံခြုံရေးအတွက် သင်္ဘောတွေ ပြန်လည်မွမ်းမံရာမှာ အကူအညီပေးခဲ့တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG