သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မာဒါဂါစကာမှာ အာဏာသိမ်းကြောင်း ကြေညာ


မာဒါဂါစကာမှာ အာဏာသိမ်းကြောင်း ကြေညာ

အာဖရိကအရှေ့တောင်ပိုင်းက ကမ်းရိုးတန်းကျွန်းနိုင်ငံဖြစ်တဲ့ မာဒါဂါစကာမှာ သူတို့ အာဏာသိမ်းထား လိုက်ပြီလို့ စစ်အရာရှိ အုပ်စုတခုက ကြေညာလိုက်ပါတယ်။ မာဒါဂါစကာမြို့တော်ရဲ့ဆင်ခြေဖုန်းမှာရှိတဲ့ စစ်တန်းလျှားတွေကနေ ဗိုလ်မှူးကြီး ချားလ်စ် အန်ဒရီယားနားဆိုဗီးနားက ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန် လိုက်တာပါ။

ဖွဲစည်းပုံအခြေခံဥပဒေသစ်အတွက် မဲပေးရမယ်လို့ဆိုပါတယ်။ အစိုးရအဖွဲ့အစည်းတွေ အားလုံးရုပ်သိမ်း လိုက်ပြီး နိုင်ငံကိုအုပ်ချုပ်ဖို့ စစ်ဘက်အုပ်ချုပ်မှုကို အစားထိုးမယ်လို့ ပြောပါတယ်။ ဗိုလ်မှူးကြီး ချားလ်စ်ဟာ မာဒါဂါစကာ သမ္မတ ရာဂျိုလီးနားကို ထောက်ခံသူတွေထဲက အဓိကကျတဲ့သူတဦးပါ။

ပြီးခဲ့တဲ့နှစ်တုန်းက သမ္မတ ရာဂျိုလီးနားဟာ စစ်တပ်ရဲ့ နောက်ခံပံ့ပိုးမှုနဲ့ တိုင်းပြည် အာဏာကိုရယူခဲ့တဲ့ သူပါ။ အခုလောလောဆယ်မှာတော့ စစ်တပ်ဘက်က ဒီကနေ့ အာဏာသိမ်းကြောင်း ကြေညာလိုက်တာနဲ့ ပတ်သက်ပြီး ချက်ချင်းတုန့်ပြန်မှုတွေ မရှိသေးပါဘူး။

XS
SM
MD
LG