သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်းရန်ကြံစည်မှု ဘင်္ဂလားဒေရှ့်အစိုးရ လက်ဦး

အာဏာသိမ်းရန်ကြံစည်မှု ဘင်္ဂလားဒေရှ့်အစိုးရ လက်ဦး
အာဏာသိမ်းရန်ကြံစည်မှု ဘင်္ဂလားဒေရှ့်အစိုးရ လက်ဦး

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘာသာရေးအစွန်းရောက်တချို့က အစိုးရကို ဖြုတ်ချဖို့ ကြိုးပမ်းတာကို ကယ်တင်နိုင်ခဲ့တယ်လို့ စစ်ဘက်အရာရှိကြီးတွေက ပြောကြားလိုက်ပါတယ်။

ဝန်ကြီးချုပ် ရှိတ် ဟာစီနာ Sheikh Hasina ကို ဖြုတ်ချဖို့ အတွက် ကြံစည်မှုအကြောင်း အသေးစိတ်ကို ဗိုလ်မှူးချုပ် မိုဟာမက် မာဆွတ် ရာဇတ် Muhammad Masud Razzaq က သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။

ပြည်ပမှာ စီစဉ်ရေးဆွဲခဲ့တဲ့ ဒီအာဏာသိမ်းရေး အစီအစဉ်နဲ့ပတ်သက်ပြီး အငြိမ်းစား စစ်အရာရှိကြီး ၂ ဦးကို ဖမ်းဆီးထားမိပြီး တတိယလူဖြစ်တဲ့ ဗိုလ်မှူး ဇီရာဟတ် Ziaul Haq ကတော့ လွတ်နေဆဲ ဖြစ်တယ်လို့ ရာဇတ်က ပြောပါတယ်။

စစ်တပ်ရဲ့ လက်ရှိနဲ့ အငြိမ်းစား အရာရှိ စုစုပေါင်း ၁၆ ဦး ပါဝင်တယ်လို့လည်းဆိုပါတယ်။ အာဏာသိမ်းဖို့ ကြံစည်သူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစ္စလာမ် ရှာရီယာ ဥပဒေကို ပြဌာန်းကျင့်သုံးဖို့ ရည်ရွယ်ကြတယ်လို့လည်း ပြောပါတယ်။

ဝန်ကြီးချုပ် ရှိတ်ဟာစီနာဟာ ၂ဝဝ၉ ခုနှစ် သူအာဏာရကတည်းက အယူသည်းသူတွေကို နှိပ်ကွပ်လာခဲ့တာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG