သုံးရလွယ်ကူစေသည့် Link များ

အခုတပတ်အနုပညာမိုးကောင်းကင်မှာတော့ မန္တလေးမြို့မှာ ပြီးခဲ့တဲ့လကုန်ပိုင်းက ကျင်းပခဲ့တဲ့ ကာတွန်းပြပွဲတခု အကြောင်းကို နားဆင်ရမှာပါ။ မန္တလေးတိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီက ဇန်န၀ါရီလ၂၀ရက်နေ့ ကနေ ၂၂ရက်နေ့အထိ ကျင်းပခဲ့တဲ့ ကာတွန်းပြပွဲမှာ မြန်မာပြည်အတွင်း ဒီကနေ့ဖြစ်ပျက် နေတဲ့အခြေအနေတွေ ကို ထိထိမိမိ ကာတွန်းအနုပညာနဲ့ ဖေါ်ထုတ်ပြသခဲ့ကြပြီး ပရိတ်သတ်တွေကလည်း အကြိုက်တွေ့ခဲ့ ကြပါတယ်။ ဒီပွဲကိုဖြစ်မြောက် အောင် စီစဉ် ခဲ့သူတဦးဖြစ်တဲ့ မန္တလေးမြို့က “ကာတွန်း အောင်မော်” ကို ဆက်သွယ်မေးမြန်း ပြီး ကိုကျော်အောင်လွင်က တင်ဆက်ထားပါတယ်။

XS
SM
MD
LG