အခုတပတ်အနုပညာမိုးကောင်းကင်မှာတော့ မန္တလေးအငြိမ့်လောက အခြေအနေတွေအကြောင်း နားဆင်ရမှာပါ။ အငြိမ့်သဘင်အနုပညာတွေအထွန်းကားဆုံးဖြစ်တဲ့ မန္တလေးမြို့မှာ အခုတော့ အငြိမ့်တွေမရှိသလောက်ကို ရှားပါးနေပြီး အငြိမ့် လောကနိဂုံးချုပ်တော့မယ့်အရိပ်အရောင်တွေမြင်နေရပါတယ်။ အငြိမ့်လောကသားတွေလည်း ကြုံရာကျပန်း လုပ်ကိုင်စား သောက်နေကြရပါတယ်။ အခြေအနေတွေစုံစုံလင်လင်သိနိုင်အောင် အငြိမ့်လုပ်ငန်းကို ထူထောင်လုပ်ကိုင်ခဲ့သူလည်းဖြစ်ပြီး နာမည်ကြီးအငြိမ့်မင်းသမီးတဦးဖြစ်တဲ့ မန္တလေးမြို့ လမင်းတရာအငြိမ့်က ပန်တျာဌေးဌေးမြင့်ကို ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းထားပါတယ်။
မန္တလေးအငြိမ့်ခေတ် ကုန်ပြီလား
- Ma Nyo
