သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတနေရာ ပြန်အရွေးခံမယ့် ရုရှားဝန်ကြီးချုပ် ဆန့်ကျင်မှုတွေနဲ့ကြုံ


ရုရှားနိုင်ငံသားတွေ သမ္မတသစ်ကို ရွေးကောက်တင်မြှောက်ဖို့ တနင်္ဂနွေနေ့မှာ မဲပေးကြရတော့မှာဖြစ်ပြီး သမ္မတဟောင်းနဲ့ လက်ရှိဝန်ကြီးချုပ် ဗလာဒီမီယာ ပူတင် (Vladimir Putin) အနိုင်ရမယ်လို့ ခန့်မှန်းထားကြပါတယ်။

အတိုက်အခံ သမ္မတလောင်း လေးယောက်ရှိပြီး အာဏာရ ညီညွတ်သောရုရှားပါတီနဲ့ ဗလာဒီမီယာ ပူတင်ကို အကြီးအကျယ် ကန့်ကွက်ဆန္ဒပြတာတွေရှိခဲ့ပေမဲ့ ပူတင်ပဲ အနိုင်ရမယ်လို့ ကျယ်ကျယ်ပြန့်ပြန့်ကို ခန့်မှန်းထားကြတာပါ။

ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခဲ့ပြီးကတည်းကဆိုရင် ဘယ်တုန်းကနဲ့မှမတူတဲ့ ကန့်ကွက်ဆန္ဒပြပွဲတွေမှာ ရုရှားနိုင်ငံသားတွေ ပါဝင်ခဲ့ကြပါတယ်။

နောက်ထပ် ၆ နှစ်ကနေ ၁၂ နှစ်အထိ တိုင်းပြည်ကို မစ္စတာပူတင် ထပ်ပြီးအုပ်ချုပ်မယ်ဆိုတဲ့ အတွေးမျိုး လုံးဝကို မတွေးနိုင်ဘူးလို့ ဆန္ဒပြသူတွေကပြောပါတယ်။ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၈ ခုနှစ်အထိ သမ္မတအဖြစ် အာဏာယူခဲ့တဲ့ လက်ရှိ ဝန်ကြီးချုပ်ဟာ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ နိုင်ငံရေးစနစ်၊ အကျင့်ပျက်ခြစားမှုတွေကနေတဆင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့တယ်လို့ သူတို့က ဆိုပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် လွတ်လပ်တဲ့ ဆန္ဒမဲကောက်ယူရေးအဖွဲ့ Levada က ကောက်ယူခဲ့တဲ့ လူထုသဘောထားစစ်တမ်းမှာ မစ္စတာပူတင်ဟာ ၆၂ ကနေ ၆၆ ရာခိုင်နှုန်းအထိ မဲအရေအတွက်နဲ့ အနိုင်ရပြီး စိတ်မသက်မသာဖြစ်ဖွယ် ဒုတိယအကျော့ ပြန် ပြိုင်ရမှာကို ရှောင်ရှားနိုင်မယ်ဆိုတာ တွေ့ရပါတယ်။

XS
SM
MD
LG