သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှ ပစိဖိတ်ဒေသ အမေရိကန်စစ်အင်အားဖြန့်ကျက်

အာရှ-ပစိဖိတ်ဒေသမှာ အမေရိကန်စစ်အင်အား သြဇာအရှိန်အဝါ တိုးမြှင့်တဲ့ အစပျိုး အစီအစဉ်တရပ်အဖြစ် ပထမအသုတ် အမေရိကန် ကမ်းတပ်တပ်ဖွဲ့ဝင်တွေ သြစတြေးလျနိုင်ငံ မြောက်ပိုင်းကို ရောက်ရှိလာကြပါတယ်။

ဗုဒ္ဓဟူးနေ့က ဒါဝင်မြို့ကို စင်းလုံးငှားလေယာဉ်နဲ့ ရောက်လာကြတဲ့ အမေရိကန် ကမ်းတက်တပ်ဖွဲ့ဝင် ၂၀၀ လောက်ကိုတော့ သြစတြေးလျ ကာကွယ်ရေးဝန်ကြီး Stephen Smith က ကြိုဆိုခဲ့တာပါ။ သြစတြေးလျ စစ်တပ်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်သွားမယ့် မြေပြင်နဲ့ဝေဟင် တပ်ဖွဲ့ဝင် ၂,၅၀၀ ထဲက ပထမဆုံး အသုတ်အဖြစ် အမေရိကန် ကမ်းတက်တပ်သားတွေ ရောက်လာတာလည်း ဖြစ်ပါတယ်။

သဘောတူညီချက်အရ ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲလေယာဉ်တွေ အပါအဝင် အမေရိကန် စစ်လေယာဉ်တွေ ဒါဝင်စစ်အခြေစိုက် စခန်းကို ပိုပြီး အသုံးပြုခွင့်ပေးသွားမှာလည်း ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ သြစတြေးလျနိုင်ငံဆိုင်ရာ သံအမတ်ကြီး Jeffery Bleich ကတော့ လတ်တလော ကမ္ဘာပေါ်မှာ အရှိန်အဟုန် အကောင်းဆုံးနဲ့ ဖွံ့ဖြိုးတိုးတက်နေတဲ့ ဒေသအဖြစ် ရည်ညွှန်းသုံးနှုန်းပြီး အမေရိကန် တပ်တွေ အခြေချခွင့်ရတာဟာ အခွင့်အလမ်းကောင်း တရပ်လို့ ပြောခဲ့တာပါ။

အမေရိကန် ကမ်းတက်တပ်ဖွဲ့ဝင်တွေ အနေနဲ့ ဒါဝင်မြို့မှာ အမြဲတမ်း အခြေစိုက်ကျမှာ မဟုတ်ဘဲ မြို့စွန်မှာရှိတဲ့ စစ်တန်းလျားတွေမှာ ၆ လ တကြိမ် အလှည့်ကျစနစ်နဲ့ ထားရှိသွားမှာ ဖြစ်ပါတယ်။ အမေရိကန်တပ်တွေ သြစတြေးလျမှာ ချထားမယ့် အစီအစဉ်ကိုတော့ ၂ နိုင်ငံကြား စစ်ဘက်ဆိုင်ရာနဲ့ မဟာဗျူဟာမြောက်ဆက်ဆံရေးတွေ အနှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားနဲ့ သြစတြေးလျ ဝန်ကြီးချုပ် Julia Gillard တို့ကြား သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG