သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးကလင်တန် အာရှခရီးစဉ်အတွင်း မြန်မာ့အပြောင်းအလဲ ချီးကျူးပြောဆို


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ဟာ ဒီမိုကရေစီကိုမြှင့်တင်ဖို့၊ ဒေသတွင်းမှာ အမေရိကန်ရဲ့ စီးပွားရေးအရလုပ်ဆောင်မှု ပိုကြီးမားစေဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အာရှဒေသဆီ ခရီးထွက်နေတာမှာ အခု တော့ မွန်ဂိုလီယားနိုင်ငံမှာ ရောက်နေပါတယ်။

Ulaanbaatar မြို့တော်မှာကျင်းပနေတဲ့ အမျိုးသမီးများရဲ့ ခေါင်းဆောင်မှုဆိုင်ရာ ဆွေးနွေးပွဲတခုမှာ မစ္စစ်ကလင်တန်က တနင်္လာနေ့က စကားပြောခဲ့တာမှာ မြန်မာနိုင်ငံက အခြေအနေတွေကိုလည်း ထည့်သွင်းပြောဆိုသွားပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ စစ်ဘက်ကနေ အုပ်ချုပ်ခဲ့ပြီးတဲ့နောက် မြန်မာအစိုးရဟာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့ တယ်၊ နိုင်ငံရေးပါတီတွေ တည်ထောင် လုပ်ဆောင်နိုင်တဲ့ ဥပဒေတွေ ပြဌာန်းခဲ့တယ်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အကာအကွယ်ပေးတဲ့လုပ်ရပ်တွေ လုပ်ခဲ့တယ်၊ တိုင်းရင်းသားလူမျိုးစုတွေကြား သဘောထားကွဲပြားနေတာတွေကို ဖြေရှင်းရေး စတင်ပြီးတော့ ကြိုးပမ်းအားထုတ်ခဲ့တယ်လို့ ဟီလာရီ ကလင်တန်က ပြောပါတယ်။

ဒါ့အပြင် နှစ်ပေါင်းများစွာ အကျဉ်းကျခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း အခုဆိုရင် လွတ်လပ်စွာ ပြောဆိုနေနိုင်ပြီဖြစ်ပြီး သူမရဲ့ နေရာမှန်ဖြစ်တဲ့ လွှတ်တော်တွင်းမှာ ထမ်းဆောင်နေနိုင်ပြီလို့ မစ္စစ်ကလင်တန်က ပြောခဲ့ပါတယ်။

XS
SM
MD
LG