သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးကလင်တန် ဒေါ်စုနဲ့တွေ့ဆုံ


ဝန်ကြီးကလင်တန် ဒေါ်စုနဲ့တွေ့ဆုံ
ဝန်ကြီးကလင်တန် ဒေါ်စုနဲ့တွေ့ဆုံ

ဒီဇင်ဘာလ ၁ ရက်နေ့ ညဘက်မှာ ဝန်ကြီးကလင်တန်နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ညစာအတူစားခဲ့ကြပါတယ်။ ဒီနေ့ ဒီဇင်ဘာလ ၂ ရက်နေ့မှာတော့ ညဘက်မှာ ဝန်ကြီးကလင်တန်ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးတော့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒီနေ့မှာပဲ ဝန်ကြီးကလင်တန်ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ရဲ့ နေအိမ်ခြံဝန်ထဲမှာရော အမေရိကန်သံရုံးမှာပါ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ဟာ နိုဝင်ဘာလ ၃၀ ရက်နေ့က မြန်မာအစိုးရ ရုံးစိုက်ရာ နေပြည်တော်ကိုရောက်လာပြီးတော့ ဒီဇင်ဘာလ ၁ ရက်နေ့တုန်းက မြန်မာသမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌတွေအပြင် လွှတ်တော်ကိုယ်စားလှယ် တချို့နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

အဲဒီနေ့ ညနေပိုင်းမှာတော့ ရန်ကုန်မြို့က ရွှေတိဂုံစေတီတော်မြတ်ကြီးကို သွားရောက်ခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ရဲ့ခရီးစဉ်ကို နိုင်ငံတကာ သတင်းမီဒီယာတွေက အကျယ်တဝင့် ဖော်ပြကြပေမယ့် မြန်မာ အစိုးရပိုင် ရုပ်မြင်သံကြားနဲ့ သတင်းမီဒီယာတွေကတော့ နောက်ပိုင်း သတင်းနဲ့ အတွင်းသတင်းစာ မျက်နှာတွေမှာ မထင်မရှား ဖော်ပြကြတာမျိုး ရှိပါတယ်။

ပုဂ္ဂလိကပိုင်ဂျာနယ်တွေက ဒီသတင်းကို အကျယ်တဝင့် ရေးသားဖော်ပြခဲ့ပြီး အစိုးရပိုင်သတင်းတွေက မထင်မရှား ရေးသားဖော်ပြတာကိုလည်း ဝေဖန်ထောက်ပြကြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စ် ဟီလာရီကလင်တန်ဟာ မြန်မာနိုင်ငံအနေနဲ့ လက်ရှိ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေကို ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ဖို့၊ အမေရိကန် ပြည်ထောင်စုက ပိတ်ဆို့အရေးယူမှု sacintion ကို ရုပ်သိမ်းဖို့ဆိုရင် လက်ရှိ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ပိုပြီးတော့ တိုးပြီး ဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်မှာ တိုင်းရင်းသားတွေအပေါ် အကြမ်းဖက် ပဋိပက္ခ အဆုံးသတ်ဖို့နဲ့ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ မြောက် ကိုရီးယားနိုင်ငံနဲ့ စစ်ရေးအရ ဆက်သွယ်မှုတွေ အဆုံးသတ်ဖို့ နျူကလီယား လက်နက် ပြန့်ပွားမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာ သဘောတူညီချက်တွေကို မြန်မာနိုင်ငံက လေးစားလိုက်နာဖို့ကိုလည်း နေပြည်တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်း ပြောဆိုပါ တယ်။

မြန်မာသမ္မတ ဦးသိန်းစိန်ကလည်း ဝန်ကြီးကလင်တန်ရဲ့ သမိုင်းဝင်ခရီးစဉ်ဟာ ၂ နိုင်ငံဆက်ဆံရေးမှာ အခန်းကဏ္ဍသစ် ဖွင့်လှစ်မှုကို ကိုယ်စားပြုတယ်လို့ ပြောဆိုပါတယ်။

XS
SM
MD
LG