သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပ လက်နက်တင်ပို့မှု တားမြစ်ချက် ဂျပန်လျှော့ပေါ့မည်


ပြည်ပ လက်နက်တင်ပို့မှု တားမြစ်ချက် ဂျပန်လျှော့ပေါ့မည်
ပြည်ပ လက်နက်တင်ပို့မှု တားမြစ်ချက် ဂျပန်လျှော့ပေါ့မည်

ဂျပန်နိုင်ငံက လက်နက်တင်ပို့ရောင်းချမှု ဆယ်စုနှစ်ပေါင်းများစွာ ပိတ်ပင်ကန့်သတ်ထားတာကို ဖြေလျှော့ပေးတော့မယ်လို့ ပြောလိုက်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခတွေမှာ အသုံးပြုဖို့အတွက် ဂျပန်လုပ်လက်နက်တွေ တင်ပို့ရောင်းချတာကို ပိတ်ပင်ကန့်သတ်တဲ့ ငြိမ်းချမ်းရေးမူဝါဒတွေကို ဆက်ပြီး ကိုင်စွဲထားမှာဖြစ်တယ်လို့ ဂျပန်အစိုးရအဖွဲ့အတွင်းဝန်ချုပ် အိုဆမု ဖူဂျီမူရ (Osamu Fujimura) က ဒီကနေ့မှာ ပြောပါတယ်။

အစိုးရအဖွဲ့ လုံခြုံရေးကောင်စီက အတည်ပြုလိုက်ပြီဖြစ်တဲ့ စည်းမျဉ်းစည်းကမ်းအသစ်အရ တခြားနိုင်ငံတွေနဲ့အတူ လက်နက်တည်ဆောက်ရေး စီမံကိန်းတွေမှာ ပါဝင်လုပ်ဆောင်မှာဖြစ်ပြီး လက်နက် ဝယ်ယူတာနဲ့ ထုတ်လုပ်တဲ့စရိတ်တွေကို လျှော့ချမယ်လို့ သူက ပြောပါတယ်။

ဂျပန်နိုင်ငံဟာ အကြီးမားဆုံး မဟာမိတ်နိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ပူးတွဲစီမံကိန်းတွေအပေါ် ကန့်သတ်ထားတာကို လျှော့ပေါ့ထားပြီးဖြစ်ပါတယ်။ နောက်ဆုံးအတည်ပြုလိုက်တဲ့ အပြောင်းအလဲတွေက ဥရောပနိုင်ငံတွေနဲ့ သြစတြေးလျတို့ အပါအဝင် ကာကွယ်ရေးဆိုင်ရာ တခြားမိတ်ဘက်နိုင်ငံတွေနဲ့ ပူးတွဲလုပ်ဆောင်နိုင်ဖို့ တိုးချဲ့လိုက်တာဖြစ်ပါတယ်။

XS
SM
MD
LG