ရီပတ်ဗလစ်ကန်ဘက်က သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်မယ့်သူတွေရဲ့ ပထမဆုံးအကြိမ် ဆွေးနွေးပွဲကို နယူးဟန်ရှိုင်းယားပြည်နယ်မှာကျင်းပါတယ်။ ရီပတ်ဗလစ်ကန်ဘက်က ဘယ်သူတွေ သမ္မတလောင်းအဖြစ် ဝင်ပြိုင်မလဲ၊ ဘယ်သူ့ကို လူတွေ ဘယ်လောက် ထောက်ခံသလဲ ဆိုတာ လူတွေ စိတ်ဝင်စားနေကြပါတယ်။ ဆွေးနွေးဝိုင်းတွေမှာတော့ လက်ရှိ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အဓိက ဆွေးနွေးကြပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးနဲ့ ဦးဝင်းဖေတို့ ဆွေးနွေးတင်ပြထားပါတယ်။