သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဗုံးကွဲမှု အီရန် ၃ ဦးကို ဖမ်းဆီးထား


ထိုင်းဗုံးကွဲမှု အီရန် ၃ ဦးကို ဖမ်းဆီးထား
ထိုင်းဗုံးကွဲမှု အီရန် ၃ ဦးကို ဖမ်းဆီးထား

ဒီသတင်းပတ်အတွင်းက ဘန်ကောက်မှာ ပေါက်ကွဲမှုတွေဖြစ်တာနဲ့ဆက်နွယ်ပြီး အီရန်အမျိုးသားသုံးဦးကို ဖမ်းဆီးလိုက်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ ဒီအဖြစ်အပျက်ဟာ ကမ္ဘာအဝှမ်းက အစ္စရေးသံတမန်တွေကို လုပ်ကြံဖို့ အီရန်ဖက်က အစီအစဉ် တစိတ်တပိုင်းဖြစ်တယ်လို့ အစ္စရေးဖက်က စွတ်စွဲထားပါတယ်။

တတိယမြောက် သင်္ကာမကင်းဖြစ်ခံရသူ အီရန်အမျိုးသားကိုတော့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ နိုင်ငံတကာလေဆိပ်မှာ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ကျန်နှစ်ဦးကိုတော့ အင်္ဂါနေ့ ပေါက်ကွဲမှု ဘန်ကောက်မှာ ဖြစ်ပြီးပြီးချင်းပဲ၊ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ အဲဒီ ပေါက်ကွဲမှုမှာတော့ အရပ်သားလေးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အစ္စရေးကတော့ ဘန်ကောက်မြို့က ပေါက်ကွဲမှုအပါအဝင် အိန္ဒိယနဲ့ ဂျော်ဂျီယာမှာပါ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှု သုံးခုစလုံးမှာ အီရန်နိုင်ငံ တိုက်ရိုက်ပါဝင်ပတ်သက်နေတယ်လို့ စွတ်စွဲထားပါတယ်။ အီရန်ဖက်က ဒီ စွတ်စွဲချက်ကို ငြင်းဆန်လိုက်ပြီး၊ ဒါဟာ ထိုင်းနဲ့ အီရန်နိုင်ငံအကြားက ရင်းနှီးခင်မင်ပြီး နှစ်ရှည်ကြာတဲ့ နှစ်ဖက်ဆက်ဆံရေးကို ထိခိုက်အောင် ကြိုးပမ်းတာဖြစ်တယ်လို့ အစ္စရေးကို ပြန်စွတ်စွဲခဲ့ပါတယ်။

XS
SM
MD
LG