သုံးရလွယ်ကူစေသည့် Link များ

ဖေဖ၀ါရီ ၂၅၊ ၂၀၁၂။ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲကို အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံက စောင့်ကြည့်ရေးအဖွဲ့ စေလွှတ်လိုတယ်ဆိုတဲ့ ကမ်လှမ်းမှုကို မြန်မာဖက်က အလေးအနက်ထား စဉ်းစားပါမယ့်လို့ အကြောင်းပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာတော့ နိုင်ငံတကာက လေ့လာစောင့်ကြည့်မှုတွေ မရှိခဲ့ပါဘူး။ ပြည်တွင်း သတင်းဌာနတွေနဲ့ သီးခြားလွတ်လပ်တဲ့အစုအဖွဲ့အချို့ စောင့်ကြည့်မှုတွေ လုပ်ခဲ့ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ ကြိုတင်မဲအပါအ၀င် မဲမသာမှုတွေအတော်များများ ရှိခဲ့တာကြောင့် လာမယ့် ရွေးကောက်ပွဲဟာလည်း ဘယ်လောက် လွတ်လပ်မျှတမှုရှိမလဲ စိုးရိမ်မကင်းသူတွေလည်း ရှိပါတယ်။ ဒါပေမယ့် လစ်လပ်နေရာ ၄၈ နေရာလောက်နဲ့ လွှတ်တော်တွင်းမှာ အင်အားလွှမ်းမိုးဖို့ မဖြစ်နိုင်တာကြောင့်၊ ဒီ ရွေးကောက်ပွဲကို အာဏာပိုင်တွေက မျှမျှတတဖြစ်အောင် လုပ်ပေးမယ်လို့ ယူဆမှုလည်းရှိပါတယ်။

ဒါကြောင့် လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်တွင်း ပြည်ပ လေ့လာစောင့်ကြည့်မှုတွေ ဘယ်လောက်အတိုင်းအတာ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရမလဲ၊ စောင့်ကြည့်ခွင့်ရမယ့် အခြေအနေ အခင်းအကျင်းရော ရှိရဲ့လားဆိုတာ သုံးသပ်ဆွေးနွေးထားပါတယ်။

ရန်ကုန်မြို့က လူမှုကူညီရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေတဲ့ ဒေါက်တာဖုန်းဝင်းနဲ့၊ သတင်းထောက် ကိုမင်းလွင်တို့က အဓိက ဆွေးနွေးထားကြပါတယ်။

XS
SM
MD
LG