တပ်မှူးတပ်သား ပြောစကား (၀၈၈)
၂၀၁၁ နိုဝင်ဘာ(၄)ရက်နေ့ ကနေ (၇)ရက်နေ့ အထိ၊ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပခဲ့တဲ့၊ “တတိယ အကြိမ် အာရှ လစ်ဘရယ်နှင့် ဒီမိုကရက်များ နှစ်ပတ်လည်ညီလာခံ”(Third Conference of Asia Liberal & Democrats) မှာ၊ မြန်မာနိုင်ငံက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီကိုကိုယ်စားပြုပြီး၊ ဗဟိုကော်မတီ ဝင် ဦးဝင်းထိန် တက်ရောက်ခဲ့ပါတယ်။ နှစ်ရှည်နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်းဖြစ်တဲ့၊ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ကို ဦးရော်နီညိမ်းက ဆက်သွယ်ပြီး၊ မြန်မာနိုင်ငံမှာ ကွယ်ပျောက်နေတဲ့ လစ်ဘရယ်ဒီမိုကရေစီ အခြေအနေကို ဒီသီတင်းပတ် တပ်မှူးတပ်သား ပြောစကားကဏ္ဍမှာ၊ ဒုတိယပိုင်း အဖြစ်၊ ဆွေးနွေးတင်ဆက်ထားပါတယ်။
ဦးရော်နီညိမ်း ။ ။ ဦးဝင်းထိန်တက်ရောက်လာခဲ့တဲ့ ဒီညီလာခံအကြောင်းကို ပြောပြပါဦး ခင်ဗျ။ ဒီညီလာခံ ကို ဘယ်လိုအမည်မှည့်ခေါ်ထားတယ်၊ ခုနပြောခဲ့သလို စုစုပေါင်းကိုယ်စားလှယ် ဘယ်နှစ်ယောက်တက်တယ်၊ ညီလာခံ လေးရက်အတွင်းမှာ workshop, seminar, symposium တွေက ဘယ်လိုရှိတယ် ဆိုတာတွေကို အကျဉ်းခံျုး ပြီး ပြောပြပေးပါးလား ခင်ဗျ။
ဦးဝင်းထိန် ။ ။ တက်လာတဲ့ ကိုယ်စားလှယ်တွေ (၈၀) လောက်ရှိပါတယ်။ စင်္ကာပူ၊ မြန်မာ၊ ထိုင်း၊ ဖိလစ် ပိုင်၊ ထိုင်ဝမ်တို့အပြင် ဥရောပနိုင်ငံတွေက ဂျာမဏီ၊ ပြင်သစ်၊ ဟော်လန်၊ ဘယ်လ်ဂျီယံ၊ အဘီဆီးနီးယား၊ အဲဒီနိုင်ငံတွေ က ကိုယ်စားလှယ်တွေပါတယ်။ ထူးခြားတာကတော့ လာအိုနဲ့ ဗီယက်နမ် မပါဘူး။ သို့သော် ဗီ ယက်နမ်မှာ အဖွဲ့အ စည်းနာမည်ကိုက Council of Asia Liberals and Democrats (CALD) နဲ့ ရုံးတွေ၊ နောက်နှစ်မှာ စပြီး ဖွင့်တော့မယ်။ တောင်ကိုးရီးယားမှာလည်း ဒီရုံးရှိပေမယ့်၊ ဒီနှစ်တော့ တောင်ကိုးရီး ယားက ကိုယ်စားလှယ် လာပြီး မတက်ပါဘူး။ ဘာလီကျွန်းရဲ့ Governor အုပ်ချုပ်ရေးမှူးပေါ့ သူက ဗိုလ်ချုပ် ကြီးဟောင်း တစ်ယောက်ပါ။ သူက ညီလာခံ အဖွင့် အမှာစကား ပြောတယ်။ ဒီပုဂ္ဂိုလ်က တော်တော် အရည် အချင်းရှိပါတယ်။ သူ့မိန့်ခွန်းအစမှာကိုက CALD ရဲ့ theme (အနှစ်သာရ)ကိုက ပါပြီးသား။ ဒီtheme က ဘာလဲဆိုတော့ Pluralism and Development (ဗဟုဝါဒနှင့် ဖွံ့ဖြိုးတိုးတက်မှု)။ အဲဒါအကျုံးဝင်နေတဲ့ သူ့ရဲ့ မိန့်ခွန်းထဲမှာ သူဘာပြောသွားလဲဆိုတော့၊ ခုန ကျနော် ပြောခဲ့သလို အများရဲ့ဆန္ဒကို လေးစားလိုက်နာသလို လူနည်းစုရဲ့အခွင့်အရေးကိုလည်း အကာအကွယ်ပေးရမယ် ဆိုတဲ့ theme လမ်းကြောင်းကို ဦးတည်ပြောသွား တယ်။ ပြောတဲ့အခါမှာလည်း၊ သူက အဓိက ပိုပြီးချဲ့ထွင်ပြောတာ က၊ ကျနော်တို့ကို သူက မိတ်ဆွေတွေလို ့တောင် မခေါ်ချင်ဘူး၊ ညီအစ်ကိုမောင်နှမတွေလို့ပဲ ခေါ်ချင်တယ်လို့ ထပ်ခါတလဲလဲပြောသွားတဲ့အခါကျတော့၊ လစ်ဘရယ်ဒီမိုကရေစီဆိုတာ ဒီလိုဘဝမျိုးတွေအထိရောက်အောင် ရည်မှန်းထားပါလားလို့၊ ကျနော် သဘောပေါက်သွားတယ်။ နောက်ပြီး ကိုယ်စားလှယ်တွေရဲ့ သုံးပုံတစ်ပုံဟာ အမျိုးသမီး တွေ။ အဲဒါက ထူးခြား ချက်ပဲ။ ဒီအမျိုးသမီးတွေက တက်တက်ကြွကြွကျွမ်းကျွမ်းကျင်ကျင်နဲ့ သက်ဆိုင်ရာဘာသာရပ်တွေ ကို ပြောနိုင်ခဲ့ကြတယ်။ ကျနော်ပြောဖို့ ကျန်သွားတာက၊ ဒီညီလာခံမှာ ဂျပန်ကလည်း ကိုယ်စားလှယ် တစ် ယောက် တက်ပါတယ်။ Governor က မိန့်ခွန်းပြောသွားပြီးတဲ့အခါမှာ၊ Frederick Norman Foundation က ကိုယ်စားလှယ်တွေက ကျနော်တို့တွေကို ကြိုဆိုတဲ့အကြောင်း ဆက်ပြောပြီးတော့၊ ညနေပိုင်းမှာတော့ ကျနော့်ကို ဦးစားပေးတဲ့အနေနဲ့ မြန်မာနိုင်ငံမှာ ကျနော်ကြုံတွေ့ခဲ့ရတဲ့ အကြောင်းတွေကို၊ ဆယ်မိနစ်လောက် ကျနော် မိန့်ခွန်း ပြောကြားခဲ့ရပါတယ်။ ပြီးတော့မှာ အဲဒီ CALD (Council of Asia Liberals and Democrats) မှာ၊ permanent secretariat (အမြဲတမ်းအတွင်းဝန်အဖွဲ့) ရှိတဲ့အခါကျတော့၊ အဲဒီ permanent secretariat ရဲ့ ဥက္ကဋ္ဌက သီရိလင်္ကာက။ ညီလာခံမှာ သီရိလင်္ကာကလည်း တက်ပါတယ် ခင်ဗျ။ သီရိလင်္ကာက ဝါရင့်အတိုက်အခံအမတ် Mr. Najiba ကနေ ဒီအစည်းအဝေးကို ကြီးကြပ်တာပဲပဲ ခင်ဗျ။ တနေကုန် အစီအ စဉ်တွေက ညနေ လေးနာရီခွဲ ငါးနာရီလောက်မှ ပြီးတယ်။ ပထမဆုံးနေ့က ပြီးတာနဲ့ Governor အိမ်မှာ dinner ဖိတ်ထားလို့၊ ကိုယ်စားလှယ်တွေ ကားနဲ့ သွားကြတာ၊ (၄၅) မိနစ်လောက်ကြာတာမှာ ဒီကားစီးတဲ့ ခရီးတခုလုံး ဘာတွေ့ရလဲဆိုတော့၊ ဒီဘာလီကျွန်း ရဲ့ မူဆာဒူအာ (Musadua) ဒေသဟာ အိမ်တွေတိုက်တွေ ဆက်နေ ပြီး တော်တော်စည်ကားတာ တွေ့ရတယ်။ အိမ်တွေက အဆင့်အတန်းမြင့်သလို၊ ကားတွေကလည်း အကုန်လုံး လိုလို သစ်လွင်တောက်ပနေတာကို၊ သတိ ထားမိတယ် ခင်ဗျ။
ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့ ဒီအစည်းအဝေးမှာ၊ ကိုယ်က ဖတ်တာရှိမယ်၊ တင်ပြတာရှိမယ်၊ သူတို့ကလည်း ဖတ် တာတွေ တင်ပြတာတွေရှိပြီးတော့ အပြန်အလှန် ဆွေးနွေးတာတွေ ရှိမယ်၊ work shop (အလုပ်ရုံဆွေးနွေးပွဲ) တွေ၊ symposium (အကြောင်းအရာတစ်ခုတည်းကို စူးစိုက်ဆွေးနွေးပွဲ) တွေ၊ seminar (အကြောင်းအရာများကို ဖြန့်ပြီးဆွေးနွေးပွဲ) တွေ ရှိမယ်။ နောက်ဆုံးမှာ ဒီညီလာခံကနေ ဘယ်လို resolution (ဆုံးဖြတ်ချက်)တွေ ချခဲ့ပါလဲ ခင်ဗျ။
ဦးဝင်းထိန် ။ ။ ဒီညီလာခံရဲ့ resolution ကတော့၊ လာတက်ကြတဲ့ ကိုယ်စားလှယ်တွေရဲ့ နိုင်ငံ အသီး သီးတွေမှာ လစ်ဘရယ်ဒီမိုကရေစီ ထွန်းကားဖို့အတွက် အနုနည်းနဲ့ ရုန်းကန်လှုပ်ရှားရေးပါ။ အခက်အ ခဲတွေတွေ့တဲ့အခါမှာလည်း၊ နောင်မှာ အခုလိုပဲ အခက်အခဲတွေကို ဆွေးနွေးညှိနှိုင်းပြီးတော့မှ အဖြေရှာကြမယ်၊ အဲဒီလို အဖြေရှာတဲ့ အခါ အချင်းချင်းတွေ ဆက်သွယ်နိုင်အောင်၊ ပါတီ ရုံးလိပ်စာတွေ email account တွေ ဖလှယ်တာတို့တွေ၊ ပြုလုပ်ခဲ့ကြပါတယ်။ တစ်ခုပြောဖို့ ကျန်သွားတာက၊ မွန်ဂိုးလီးယားက အတိုက်အခံပါတီရဲ့ ကိုယ်စားလှယ် သုံးယောက် လည်း လာတက်ပါတယ်။ ထိုင်ဝမ်ကဆိုရင် အရင်က အာဏာရပါတီရဲ့ ကျန်းမာရေးဒုဝန်ကြီးဖြစ်ခဲ့တဲ့သူက အခု အတိုက်အခံအဖြစ်နဲ့ ထိုင်ဖြွ့အဖွဲ့ကို ဦးဆောင်ပြီး လာတက်တာ။ လာမယ့် ဇန်နဝါရီလမှာ ထိုင်ဝမ်ရွေးကောက်ပွဲမှာ သူတို့က ပြန်နိုင်နိုင်တဲ့ အခြေအနေ အလားအလာကောင်းနေ တယ်လို့ ဆိုတယ်။ ကမ္ဘောဒီးယားကျတော့ ထူးထူးခြားခြားက ဝန်ကြီးချုပ်ဟွန်ဆန်က နည်းမျိုးစုံနဲ့ ဖိနှိပ် ထားတော့ အတိုက်အခံတွေ မလူးသာမလွန့်သာနဲ့ ခံနေရတဲ့ ကိစ္စတွေကို၊ သူတို့ရဲ့ constitution ဖွဲ့စည်းအုပ် ချုပ်ပုံအခြေခံဥပဒေမှာ ရေးထားတဲ့ clause တွေကိုသုံးပြီး၊ ဘယ်လိုနည်းနဲ့တုန့်ပြန်မယ်ဆိုတဲ့ အကြောင်းတွေ ကို၊ ညီလာခံမှာ ဝိုင်းဝန်းဆွေးနွေးကြပါတယ်။
ဦးရော်နီညိမ်း ။ ။ ဦးဝင်းထိန်ဆီက ကြားသိရသမျှဆိုရင်၊ ဒါဟာ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ ဒီညီလာခံ ဟာ အရင်နှစ်တွေကလည်း တခြားနိုင်ငံတွေမှာ ကျင်းပတယ်ဆိုတော့၊ လစ်ဘရယ်ဒီမိုကရက်တွေရဲ့ ညီလာခံ ကျင်းပတာမှာ၊ သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံအစိုးရတွေရဲ့ ကမကထလုပ်မှု မဟုတ်ပဲနဲ့၊ ခုနပြောတဲ့ ဂျာမန်ဖေါင်ဒေးရှင်းလိုမျိုး တစ်ခုနဲ့ လစ်ဘရယ်ဒီမိုကရက်တွေရဲ့ CALDက တာဝန်ရှိသူတွေပေါင်းပြီး လုပ်ကြ တဲ့သဘောလို့၊ မြင်ကြည့်လို့ ရပါ သလား ခင်ဗျ။ သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံအစိုးရတွေရဲ့ ပါဝင်ပတ်သက်မှု ရှိပါ သလား ခင်ဗျ။
ဦးဝင်းထိန် ။ ။ အခု ဒီညီလာခံမှ အဓိက ဧည့်ကြိုအနေနဲ့ လုပ်တာက၊ ခုနပြောတဲ့ ဂျာမဏီက Frederick Norman Foundation ၊ ပြီးတော့ အာရှတိုက်နဲ့ ပတ်သက်တဲ့ CALD (Council of Asia Liberals and Democrats) က၊ ကမကထလုပ်တယ်၊ ကုန်ကျစားရိတ်တွေကို ခံတယ်၊ ဒါပေမယ့် အင်ဒိုနီးရှားက အတိုက်အ ခံ ပါတီ PDIT ကလည်း ပူးတွဲပြီး၊ ညီလာခံဧည့်ခံရေးကို ပူးတြွဲပီးလုပ်ပါတယ်။ သို့သော်လည်း အာဏာရပါတီ က ဖြစ်တဲ့ ဘာလီကျွန်းရဲ့ Governor က၊ ကြည်ကြည်ဖြူဖြူနဲ့ ခွင့်ပြုတယ်။ အာဏာရပါတီကလည်း ဘာလီမှာ ဘာတွေလုပ်နေကြတယ် ဆိုတာ၊ သူတို့က သိပါတယ်။ အရင့်အရင်ကလည်း ဒီညီလာခံကို ဘန်ကောက်၊ မနီလာ၊ ကွာလာလမ်ပူတို့မှာ လုပ်ခဲ့တယ်။ အဲဒီညီလာခံတွေကိုလည်း သက်ဆိုင်ရာအစိုးရတွေက ကြည်ကြည်ဖြူဖြူ ခွင့်ပြုခဲ့ ပါတယ်။ ကျနော် မှန်းကြည့်လို့ရတာကတော့၊ အာရှမှာ လစ်ဘရယ်ဒီမိုကရေစီထွန်း ကားအောင်လုပ်တဲ့ နည်းမျိုးစုံနဲ့ လှုပ်ရှားတဲ့ပုဂ္ဂိုလ်တွေကို၊ အာဏာရပါတီတွေက အထိုက်အလျောက်လေးစား ပြီးတော့ ခွင့်ပြုတယ်။ လွတ်လပ်ခွင့် အထိုက်အလျောက် ပေးတယ်ပေါ့ဗျာ။ လှုပ်ရှားခွင့်နယ်ပယ်ပေးပြီး ခွင့်ပြု ထားတယ်လို့၊ ကျနော် ယူဆတယ်။
ဦးရော်နီညိမ်း ။ ။ အဲဒါကိုပဲ ကျနော်သိချင်တာပါ။ အဲဒါကြောင့် ၂၀၁၄ ခုနှစ်မှာ၊ မြန်မာနိုင်ငံမှာ အာဆီယံ အစည်းအဝေးကြီး ကျင်းပပြီ ဆိုကြပါစို့။ အဲဒီအချိန်မှာ ဖြစ်ပေါ်နေမယ့် မြန်မာအစိုးရထဲမှာ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ပါ ရင်လည်း ပါနေမလားတော့ မပြောတတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ၂၀၁၄ ခုနှစ်မှာ ရှိနေမယ့် မြန် မာနိုင်ငံအစိုးရက ခြိမ့်ခြိမ့်သဲသဲနဲ့ အာဆီယံ၊ အာဆီယံ + ၃၊ အာဆီယံ - အမေရိကန် စတဲ့ ညီလာခံတွေ အစည်းအဝေးကြီးတွေ လုပ် နေတဲ့အချိန်မှာ၊ တဘက်မှာလည်း ၂၀၁၄ မှာ၊ အခု ဦးဝင်းထိန်သွားတက်တဲ့ အာရှက လစ်ဘရယ်ဒီမိုကရက်တွေ ရဲ့ ညီလာခံမျိုးကို၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ခုန ဂျာမန်ဖေါင်ဒေး ရှင်းနဲ့ ပင်မအဖွဲ့အစည်း CALD နဲ့ သီရိ လင်္ကာက ပုဂ္ဂိုလ် ဦးဆောင်နေတဲ့ permanent secretariat အဖွဲ့၊ အဲဒါတွေ အကုန်ပေါင်းပြီး၊ မြန်မာနိုင်ငံမှာ ကော ဒီညီလာခံမျိုး လုပ်မယ်ဆိုရင် လုပ်လို့ရမယ့် အနေအထား မရှိဘူးလား ခင်ဗျ။ အကယ်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဆန္ဒရှိခဲ့ရင်ပေါ့။ အဲဒီအချိန် အာဏာရ အစိုး ရထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လည်း တစိပ်တပိုင်း ပါချင်လည်း ပါနေမယ်။ မပါပဲနဲ့ အခုလိုပဲ အတိုက် အခံပါတီပဲ ဖြစ်ချင်လည်း ဖြစ်နေမယ်။ ဦးဝင်းထိန်က ဒီညီလာခံ ကို ကိုယ်တိုင်သွားတက်တဲ့လူဆိုတော့၊ ဒီကိစ္စကို ဘယ်လိုမြင်ကြည့်နိုင်ပါလဲ ခင်ဗျ။ hypothesis (မှန်းဆတွေး ကြည့်မှု) တစ်ခုပါ။
ဦးဝင်းထိန် ။ ။ အခု ကျနော်တက်ခဲ့တဲ့ ညီလာခံမှာ ဘယ်နိုင်ငံက အစိုးရက ဘယ်လိုလုပ်နေတယ် ဆိုတာ ကို၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတယ်။ အဒီအခက်အခဲတွေကို ဘယ်လိုကျော်လွှားမလဲဆိုတကို၊ ပွင့်ပွင့်လင်း လင်း တိုင်ပင်ဆွေးနွေး အဖြေရှာကြတယ်။ ဒီညီလာခံတစ်ခုလုံးမှာ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နဲ့၊ ကိုယ့်နိုင်ငံက ပြဿနာတွေကို တင်ပြကြတယ်။ အေးအေးချမ်းချမ်းနဲ့ ညီလာခံ ပြီးသွားတယ်။ အဲဒီတော့ ကျနော်တို့နိုင်ငံမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အာဏာရထဲမှာ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ ဒီညီလာခံမျိုး မြန်မာနိုင်ငံမှာ နောက် နှစ်နှစ်သုံးနှစ်အတွင်း ဖြစ်လာနိုင်တယ်လို့၊ကျနော်ထင်တယ်။ ဖြစ်လာနိုင်အောင်လည်း ကျနော်တို့ ကြိုးစား ကြည့်မယ်။ အဲဒီလို ညီလာခံမှာ၊ မြန်မာအစိုးရကို မဟုတ်မတရားနည်းနဲ့ ပုတ်ခတ်တာမျိုး မဟုတ်ပဲနဲ့၊ ယဉ်ကျေးတဲ့နည်းနဲ့ ဝေဘန်တာမျိုးပဲ ဖြစ်ရမယ်။ ဒါ့ကြောင့်မို့လို့ မြန်မာနိုင်ငံမှာ နောက်နှစ်နှစ် သုံးနှစ်အတွင်း၊ ဒီညီလာခံမျိုး ဖြစ်မ လာနိုင်စရာ အကြောင်းမရှိဘူး၊ ဖြစ်လာနိုင်တယ်လို့ပဲ၊ ကျနော် ယူဆပါ တယ်။
ဦးရော်နီညိမ်း ။ ။ ဒါကြောင့် ၂၀၁၄ မှာ၊ အာဆီယံထိပ်သီးညီလာခံ မြန်မာနိုင်ငံမှာ ရှိလာမှာ ဖြစ်သလို၊ အာရှက လစ်ဘရယ်ဒီမိုကရက်တွေရဲ့ညီလာခံလည်း NLD နဲ့ CALD နဲ့၊ သက်ဆိုင်ရာတွေနဲ့ ကမကထ လုပ်ပြီးတော့၊ မြန်မာအစိုးရရဲ့ အနှောက်အယှက်အဟန့်အတား မပေးပဲနဲ့၊ ဖြစ်ပေါ်လာနိုင်တယ်လို့၊ ဦးဝင်းထိန် ယုံကြည်တယ် ပေါ့။
ဦးဝင်းထိန် ။ ။ ဟုတ်ပါတယ် ခင်ဗျာ။ ၂၀၁၄ မှာ အခု အနေအထားအရ၊ အာဆီယံထိပ်သီးညီလာခံ မြန် မာနိုင်ငံ မှာ လုပ်မယ်။ အလားတူပဲ လစ်ဘရယ်ဒီမိုကရက်တွေရဲ့ ညီလာခံလည်း မြန်မာနိုင်ငံမှာ လုပ်လို့ရနိုင် မယ့်၊ အနေအထား ရှိလာနိုင်ပါတယ်။
ဦးရော်နီညိမ်း ။ ။ ကျေးဇူးတင်ပါတယ် ဦးဝင်းထိန် ခင်ဗျား။ ဒီနှစ် ၂၀၁၁ နိုဝင်ဘာ(၄)ရက်နေ့ ကနေ (၇) ရက်နေ့ အထိ၊ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ Musadua မြို့မှာ ကျင်းပခဲ့တဲ့၊ “တတိယအကြိမ် အာရှ လစ်ဘရယ်နှင့် ဒီမို ကရက်များ နှစ်ပတ်လည်ညီလာခံ”(Third Conference of Asia Liberal & Democrats) မှာ၊ မြန်မာနိုင်ငံက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကို ကိုယ်စားပြုပြီး၊ တက်ရောက်ခဲ့တဲ့ NLD ဗဟိုကော်မတီဝင်နဲ့ နှစ်ရှည် နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်သူ ဗိုလ်ကြီးဟောင်းဦးဝင်းထိန် ကို၊ မြန် မာနိုင်ငံမှာ ကွယ်ပျောက်နေတဲ့ လစ်ဘရယ်ဒီမိုကရေစီ အခြေအနေနဲ့၊ မြန်မာနိုင်ငံမှာကော အာရှ လစ်ဘရယ်နဲ့ ဒီမိုကရက်တွေရဲ့ ညီလာခံ ၂၀၁၄ ခုနှစ်မှာ ကျင်းပနိုင်ခြေ ရှိမရှိ အခြေအနေတွေကို ဒီသီတင်းပတ် တပ်မှူးတပ် သားပြောစကားကဏ္ဍမှာ၊ “အင်ဒိုနီးရှား ဘာလီရောက် ဦးဝင်းထိန်၊ NLD လစ်ဘရယ်ဒီမိုကရေစီ နှင့် မြန်မာပြည် - အပိုင်း (၂)” ခေါင်းစဉ်နဲ့ ဆွေးနွေးတင် ပြခဲ့တာ ဖြစ်ပါတယ် ခင်ဗျာ။ ကျနော် ရော်နီညိမ်း ပါ။