သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ် ဒဏ်ခတ်မှု ရုပ်သိမ်းဖို့ တရုတ်နိုင်ငံတိုက်တွန်း


နေပြည်တော် သတင်းစာရှင်းလင်းပွဲအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကို တွေ့ရစဉ်
နေပြည်တော် သတင်းစာရှင်းလင်းပွဲအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကို တွေ့ရစဉ်

မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးတွေ တိုးတက်လာတဲ့ အမေရိကန်ပြည်ထောင်စု အနေနဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရုပ်သိမ်းပေးဖို့ တရုတ်နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စုကတော့ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေဟာ စောင့်ကြည့်ဖို့ လိုအပ်နေဆဲဖြစ်တဲ့အတွက် လတ်တလော အရေးယူမှုတွေကို ရုပ်သိမ်းဦးမှာ မဟုတ်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။

မြန်မာအစိုးရ အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းမှုတွေပေါ် ကြိုဆိုကြောင်းနဲ့ အပြန်အလှန်အားဖြင့် အနောက်နိုင်ငံတွေ အနေနဲ့လည်း ဆက်ဆံရေးတွေ တိုးမြှင့်ဖို့ လိုတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Hong Lei က ပြောဆိုလိုက်တာပါ။
“မြန်မာနိုင်ငံမှာ တည်ငြိမ်မှုနဲ့ တိုးတက်မှုတွေ ရရှိစေဖို့ သက်ဆိုင်ရာ တိုင်းပြည်တွေ အနေနဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရုပ်သိမ်းရေး သဘောထားကိုလည်း ကျနော်တို့က ဆက်လက်ကိုင်ဆွဲထားပါတယ်။”

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကတော့ မြန်မာအစိုးရနဲ့ အမေရိကန် ပြည်ထောင်စုတို့ကြား အဆင့်မြင့် ဆွေးနွေးပြောဆိုမှုတွေ စတင်နေပြီ ဖြစ်ပေမဲ့လည်း မြန်မာနိုင်ငံက နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေဟာ ခိုင်မာမှု ရှိမရှိ စောင့်ကြည့်ဖို့ လိုအပ်နေတုန်းပဲလို့ ဒီကနေ့ သမ္မတ ဦးသိန်းစိန် နဲ့ နေပြည်တော်မှာ တွေ့ဆုံအပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ဝန်ကြီးကလင်တန် ကပြောဆိုခဲ့တာပါ။

နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှု မရှိဘူးဆိုပြီး မြန်မာအစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ထားတာတွေဟာ နှစ်ပေါင်း ၅၀ ကျော်မှာ ပထမဆုံးအကြိမ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတဦး မြန်မာနိုင်ငံကို သွားရောက်ခဲ့တာလို သံတမန်ဆက်ဆံရေးတွေ တိုးတက်လာတဲ့အတွက် အဆုံးသတ်ဖို့ နီးစပ်လာနေပြီလို့လည်း မြန်မာသမ္မတရဲ့ အကြံပေးပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဦးနေဇင်လတ် က ဗွီအိုအေကို ပြောဆိုထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG