အခုတပတ် အနုပညာ မိုးကောင်းကင်မှာ အချစ်ကဗျာတပုဒ် ရေးသားမှုနဲ့ နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ရတဲ့ ကဗျာဆရာ စောဝေရဲ့ ပြောဆိုမှုတွေကို ကြားရမှာပါ။ ကဗျာဆရာစောဝေရဲ့ ဖေဖေါ်ဝါရီ (၁၄) ဆိုတဲ့ကဗျာဟာ "အာဏာရူးကြီးမှုးကြီးသန်းရွှေ" လို့ အဓိပ္ပါယ်ကောက်လို့ရတဲ့ ကဗျာဖြစ်ပြီး ဒီကဗျာကြောင့် ကဗျာဆရာစောဝေ ထောင်ထဲမှာ (၂) နှစ်ကျော်ကြာ နေခဲ့ရပါတယ်။ ထောင်ထဲမှာလည်း အနုပညာဖန်တီးမှုတွေကို လုပ်ကိုင်ခဲ့တယ်ဆိုတဲ့ ကဗျာဆရာစောဝေကို ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းထားတာပါ။