သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးေတြ ျမန္မာ့အေရး ေဆြးေႏြး 


အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝး ယခင္မွတ္တမ္းဓာတ္ပံု။ 

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံအက်ပ္အတည္းအေပၚ ေတြ႔ဆုံညႇိႏိႈင္းတဲ့အေျခအေနတရပ္ေပၚလာဖို႔ ဘယ္လို ေဆာင္႐ြက္ႏိုင္မလဲဆိုတာကို အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးေတြၾကား ေဆြးေႏြးခဲ့ၾကတယ္လို႔ Vietnam Times သတင္းစာေရးပါတယ္။

လက္ရွိ ျမန္မာႏိုင္ငံအေျခေနအေပၚ စိုးရိမ္မႈေတြကို ေျပာဆိုၾကၿပီး ျမန္မာ့အေရးဆိုင္ရာ အာဆီယံဘုံသေဘာတူညီခ်က္ အေကာင္အထည္ေပၚလာေစေရး အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးေတြ ေဆြးေႏြးခဲ့ၾကတာပါ။ ျမန္မာ့အေရး အာဆီယံအထူးကိုယ္စားလွယ္ရဲ႕ ႀကိဳးပမ္းမႈေတြကို ေထာက္ခံၿပီး သူ႔လုပ္ေဆာင္မႈကေန သိသာတဲ့တိုးတက္မႈေတြ ပိုရဖို႔လည္း ေဆြးေႏြးခဲ့ၾကတယ္လို႔ Vietnam Times က ေရးပါတယ္။

၇၇ ႀကိမ္ေျမာက္ ကုလသမဂၢအေထြေထြညီလာခံအျပင္ပန္းမွာ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးေတြ အလြတ္သေဘာေဆြးေႏြးခဲ့တာျဖစ္ၿပီး ျမန္မာ့အေရးအပါအဝင္ အာဆီယံ ထိပ္သီးက်င္းပေရးကိစၥေတြကိုပါ ေဆြးေႏြးခဲ့တာလို႔ သိရပါတယ္။ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးကေတာ့ NUG ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရနဲ႔ ျမန္မာအတိုက္အခံေတြကို သူ႔ ေတြ႔ဆုံခဲ့တာနဲ႔ပတ္သက္လို႔ေရာ NUG ဘက္က အဆိုျပဳခ်က္ေတြကိုပါ ဒီ အာဆီယံအစည္းအေဝးမွာ ျပန္လည္တင္ျပခဲ့တယ္လို႔ သူ႔ကိုယ္ပိုင္ လူမႈကြန္ယက္ေတြမွာ ေရးသားေဖာ္ျပထားပါတယ္။

#ASEAN #ျမန္မာ့အေရး #အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီး #ေဆြးေႏြးမႈ
==============

[[Unicode]]

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာ့အရေး ဆွေးနွေး

မြန်မာနိုင်ငံအကျပ်အတည်းအပေါ် တွေ႔ဆုံညှိနှိုင်းတဲ့အခြေအနေတရပ်ပေါ်လာဖို့ ဘယ်လို ဆောင်ရွက်နိုင်မလဲဆိုတာကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကြား ဆွေးနွေးခဲ့ကြတယ်လို့ Vietnam Times သတင်းစာရေးပါတယ်။

လက်ရှိ မြန်မာနိုင်ငံအခြေနေအပေါ် စိုးရိမ်မှုတွေကို ပြောဆိုကြပြီး မြန်မာ့အရေးဆိုင်ရာ အာဆီယံဘုံသဘောတူညီချက် အကောင်အထည်ပေါ်လာစေရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးခဲ့ကြတာပါ။ မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံပြီး သူ့လုပ်ဆောင်မှုကနေ သိသာတဲ့တိုးတက်မှုတွေ ပိုရဖို့လည်း ဆွေးနွေးခဲ့ကြတယ်လို့ Vietnam Times က ရေးပါတယ်။

၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံအပြင်ပန်းမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အလွတ်သဘောဆွေးနွေးခဲ့တာဖြစ်ပြီး မြန်မာ့အရေးအပါအဝင် အာဆီယံ ထိပ်သီးကျင်းပရေးကိစ္စတွေကိုပါ ဆွေးနွေးခဲ့တာလို့ သိရပါတယ်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးကတော့ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မြန်မာအတိုက်အခံတွေကို သူ့ တွေ့ဆုံခဲ့တာနဲ့ပတ်သက်လို့ရော NUG ဘက်က အဆိုပြုချက်တွေကိုပါ ဒီ အာဆီယံအစည်းအဝေးမှာ ပြန်လည်တင်ပြခဲ့တယ်လို့ သူ့ကိုယ်ပိုင် လူမှုကွန်ယက်တွေမှာ ရေးသားဖော်ပြထားပါတယ်။

#ASEAN #မြန်မာ့အရေး #အာဆီယံ နိုင်ငံခြားရေးဝန်ကြီး #ဆွေးနွေးမှု
==============

XS
SM
MD
LG