[[Zawgyi/Unicode]]
ျမန္မာႏိုင္ငံမွာ ၿငိမ္းခ်မ္းေရးရရွိဖို႔ အာဆီယံရဲ႕ႀကိဳးပမ္းေဆာင္ရြက္မႈကို EU ဥေရာပသမဂၢအေနနဲ႔ ဆက္လက္ အားေပးေထာက္ခံသြားမယ္လို႔ မေန႔ကျပဳလုပ္ခဲ့တဲ့ EU အာဆီယံထိပ္သီးအစည္းအေဝးမွာ EU တာဝန္ရွိသူေတြကေျပာလိုက္ပါတယ္။
“ျမန္မာႏိုင္ငံရဲ႕အေျခအေနေတြနဲ႔ပတ္သက္ၿပီး လြန္စြာမွစိုးရိမ္ပူပန္ေနဆဲျဖစ္တယ္”လို႔ EU အာဆီယံ ဆက္ဆံေရး ၄၅ ႏွစ္ျပည့္မွာ က်င္းပတဲ့ ထိပ္သီးအစည္းအေဝးကေန ထုတ္ျပန္တဲ့ ပူးတဲြေၾကညာခ်က္ထဲမွာေဖၚျပထားပါတယ္။
ျမန္မာႏိုင္ငံအေရး အာဆီယံသေဘာတူညီခ်က္ ၅ ရပ္ကို ၿပီးခဲ့တဲ့ႏိုဝင္ဘာလ အာဆီယံထိပ္သီးအစည္းအေဝးပဲြမွာ ခ်မွတ္ခဲ့တဲ့အခ်က္အလက္ေတြနဲ႔အညီ သတ္မွတ္ထားတဲ့အခ်ိန္ကာလအတြင္း ၿပီးစီးေအာင္လုပ္ေဆာင္ဖို႔ကိုလည္း ေၾကညာခ်က္မွာတိုက္တြန္းထားပါတယ္။
ျမန္မာႏိုင္ငံရဲ႕ပဋိပကၡအတြင္း ယုံၾကည္မႈျပန္လည္တည္ေဆာက္ႏိုင္ေရးအတြက္ ပါဝင္ေနတဲ့ တာဝန္ရွိသူအဖဲြ႔အစည္းအသီးသီးနဲ႔ေတြ႔ဆုံႏိုင္ေရး၊ အကူအညီလိုအပ္ေနသူအားလုံးအတြက္ လူသားျခင္းစာနာမႈဆိုင္ရာအေထာက္အပံ့ေတြေပးပို႔ႏိုင္ေရး စတဲ့အခ်က္ေတြအပါအဝင္ ျမန္မာျပည္သူေတြရဲ႕အက်ိဳးစီးပြားအတြက္ ၿငိမ္းခ်မ္းတဲ့နည္းနဲ႔ေျဖရွင္းႏိုင္ဖို႔ ASEAN ရဲ႕ႀကိဳးပမ္းခ်က္ေတြကို ဥေရာပသမဂၢအေနနဲ႔ ေထာက္ခံအားေပးသြားမွာျဖစ္တယ္လို ေျပာထားပါတယ္။
ဒါ့အျပင္ ၿပီးခဲ့တဲ့ ဇူလိုင္လအတြင္း ဒီမိုကေရစီအေရးလႈပ္ရွားသူ ၄ ဦးကို ေသဒဏ္ေပး ကြက္မ်က္ခဲ့တဲ့အေပၚ ႐ႈတ္ခ်ကန္႔ကြက္ေၾကာင္းနဲ႔ အာစီယံပဋိညာဥ္ပါအခ်က္ေတြနဲ႔အညီ ျမန္မာႏိုင္ငံရဲ႕လူအခြင့္အေရးနဲ႔ အေျခခံလြတ္လပ္ခြင့္ေတြအတြက္ ၿငိမ္းခ်မ္းတဲ့နည္းနဲ႔ေျဖရွင္းႏိုင္ဖို႔ ဆထက္ထမ္းပိုး တိုးလုပ္ေဆာင္သြားမယ္လို႔ အာဆီယံ-EU ထိပ္သီးအစည္းအေဝးရဲ႕ ထုတ္ျပန္ေၾကညာခ်က္မွာေဖၚျပထားပါတယ္။
=================
[[Unicode]]
မြန်မာနိုင်ငံငြိမ်းချမ်းရေးရဖို့ အာဆီယံကြိုးပမ်းမှုကို အီးယူ ဆက်လက် ထောက်ခံသွားမည်
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိဖို့ အာဆီယံရဲ့ကြိုးပမ်းဆောင်ရွက်မှုကို EU ဥရောပသမဂ္ဂအနေနဲ့ ဆက်လက် အားပေးထောက်ခံသွားမယ်လို့ မနေ့ကပြုလုပ်ခဲ့တဲ့ EU အာဆီယံထိပ်သီးအစည်းအဝေးမှာ EU တာဝန်ရှိသူတွေကပြောလိုက်ပါတယ်။
“မြန်မာနိုင်ငံရဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး လွန်စွာမှစိုးရိမ်ပူပန်နေဆဲဖြစ်တယ်”လို့ EU အာဆီယံ ဆက်ဆံရေး ၄၅ နှစ်ပြည့်မှာ ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးကနေ ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်ထဲမှာဖေါ်ပြထားပါတယ်။
မြန်မာနိုင်ငံအရေး အာဆီယံသဘောတူညီချက် ၅ ရပ်ကို ပြီးခဲ့တဲ့နိုဝင်ဘာလ အာဆီယံထိပ်သီးအစည်းအဝေးပွဲမှာ ချမှတ်ခဲ့တဲ့အချက်အလက်တွေနဲ့အညီ သတ်မှတ်ထားတဲ့အချိန်ကာလအတွင်း ပြီးစီးအောင်လုပ်ဆောင်ဖို့ကိုလည်း ကြေညာချက်မှာတိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံရဲ့ပဋိပက္ခအတွင်း ယုံကြည်မှုပြန်လည်တည်ဆောက်နိုင်ရေးအတွက် ပါဝင်နေတဲ့ တာဝန်ရှိသူအဖွဲ့အစည်းအသီးသီးနဲ့တွေ့ဆုံနိုင်ရေး၊ အကူအညီလိုအပ်နေသူအားလုံးအတွက် လူသားခြင်းစာနာမှုဆိုင်ရာအထောက်အပံ့တွေပေးပို့နိုင်ရေး စတဲ့အချက်တွေအပါအဝင် မြန်မာပြည်သူတွေရဲ့အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့နည်းနဲ့ဖြေရှင်းနိုင်ဖို့ ASEAN ရဲ့ကြိုးပမ်းချက်တွေကို ဥရောပသမဂ္ဂအနေနဲ့ ထောက်ခံအားပေးသွားမှာဖြစ်တယ်လို ပြောထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ ဦးကို သေဒဏ်ပေး ကွက်မျက်ခဲ့တဲ့အပေါ် ရှုတ်ချကန့်ကွက်ကြောင်းနဲ့ အာစီယံပဋိညာဉ်ပါအချက်တွေနဲ့အညီ မြန်မာနိုင်ငံရဲ့လူအခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေအတွက် ငြိမ်းချမ်းတဲ့နည်းနဲ့ဖြေရှင်းနိုင်ဖို့ ဆထက်ထမ်းပိုး တိုးလုပ်ဆောင်သွားမယ်လို့ အာဆီယံ-EU ထိပ်သီးအစည်းအဝေးရဲ့ ထုတ်ပြန်ကြေညာချက်မှာဖေါ်ပြထားပါတယ်။