သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံဒေသတွင်း IS အန္တရာယ်


အိုင်အက်စ် စစ်သွေးကြွတွေကို ထောက်ခံ ပံ့ပိုးနေသူ တွေက မလေးရှားနဲ့ စင်္ကာပူနိုင်ငံတွေကို သူတို့ရဲ့ အရှေ့အာရှ နယ်မြေ အဖြစ် သတ်မှတ်ဖေါ်ပြကြကြောင်း အာရှဒေသက လာတဲ့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ S. Rajaratnam နိုင်ငံတကာရေးရာကျောင်းက ထုတ်ဝေတဲ့ စာစောင်မှာ Jasminder Singh ရဲ့ သုံးသပ် ရေးသားခဲ့တာကို လူမှုမီဒီယာတွေက ဒေသတွင်းနိုင်ငံတွေထဲက ဒီ ၂ နိုင်ငံမှာ နိုင်ငံခြားသား တိုက်ခိုက်ရေး သမားတွေ တိုက်ခိုက်လာဖို့အတွက် အားပေးရာ ရောက်နေတယ်လို့ ကွက်ပြီး ဖေါ်ပြခဲ့တာ ဖြစ်ပါတယ်။ တခြား တိုက်ခိုက်နိုင်တဲ့ ဒေသတွင်းနိုင်ငံတွေ ထဲမှာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းတောင်ပိုင်း၊ မြန်မာနဲ့ ဂျပန်နိုင်ငံတွေ ပါဝင်နေတာပါ။

လုံခြုံရေး ဆိုင်ရာ လေ့လာဆန်းစစ်သူတွေကလည်း အခုလို ဆိုရှယ်မီဒီယာတွေမှာ ပြန့်နှံ့နေမှုကနေ အရှေ့အလယ်ပိုင်း ဒေသကို သွားပြီး တိုက်ခိုက်ရေး မလုပ်နိုင်ကြတဲ့ တသီးပုဂ္ဂလ အစွန်းရောက်တွေအနေနဲ့ ဒေသတွင်းမှာ တိုက်ခိုက်မှုတွေ လုပ်ဖို့ အားပေးရာ ရောက်နေတယ်လို့ သုံးသပ်ကြပါတယ်။

ဒေသတွင်းမှာ အကြမ်းဖက်မှုတွေ တိုးလာနေတာမို့ စင်္ကာပူ နိုင်ငံက မကြာခင် နှစ်တွေ အတွင်းမှာပဲ အကြမ်းဖက် ခြိမ်းခြောက်မှု အန္တရာယ် သတိပေး အဆင့်ကို အမြင့်ဆုံး သတ်မှတ်ထားတာ ဖြစ်ပါတယ်။

အိုင်အက်စ် စစ်သွေးကြွတွေဟာ အရှေ့အလယ်ပိုင်း ဒေသမှာ သူတို့ခြေကုပ်ယူထားတဲ့ နယ်မြေတွေ တဖြေးဖြေး ဆုံးပါးနေတဲ့ နောက် အရှေ့တောင် အာရှ ဒေသကို အခြေစိုက်ဖို့ ပြောင်းရွှေ့ အားထုတ်လာနိုင်တယ်လို့ ပြီးခဲ့တဲ့ နှစ်ကပဲ ကျွမ်းကျင်သူတွေက သတိပေးခဲ့တာဖြစ်ပါတယ်။

အာဆီယံဒေသတွင်း IS အန္တရာယ်
please wait

No media source currently available

0:00 0:01:43 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG