နယ်မြေပိုင်ဆိုင်မှုအတွက် တရုတ်နိုင်ငံနဲ့ အငြင်းပွားနေကြတဲ့ နိုင်ငံတွေ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ရဲ့ ဒီသီတင်းပတ်ကုန် မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပမယ့် ထိပ်သီး ဆွေးနွေးပွဲဟာ ဒေသတွင်း နိုင်ငံတွေအတွက် သြဇာကြီးမားတဲ့ တရုတ်နိုင်ငံနဲ့ ရင်ဆိုင်ရာမှာ စမ်းသပ်မှုတခုဖြစ်မယ်လို့ အကဲခတ်တွေ မြင်နေကြပါတယ်။
ထိပ်သီးအစည်းအဝေး ကျင်းပဖို့ ရှိနေချိန်မှာပဲ အာဆီယံ အသင်းဝင်တွေ ဖြစ်ကြတဲ့ ဗီယက်နမ်၊ ဖိလစ်ပိုင် နိုင်ငံတို့နဲ့ တရုတ်နိုင်ငံကြား တင်းမာမှုတွေ ကြီးထွားလာနေတာကြောင့် ဆွေးနွေးပွဲမှာ ထည့်သွင်းလာကြလိမ့်မယ်လို့ မျှော်လင့်နေကြတာပါ။ ဒါပေမဲ့လည်း တရုတ်နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး သြဇာအရှိန်အဝါတွေနဲ့ မကင်းဘူးလို့ ယူဆနေကြတဲ့ မြန်မာနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ ညီလာခံမှာ တရုတ်နိုင်ငံနဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့် ကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ပါ့မလား ဆိုတာကိုလည်း သံသယ ရှိနေကြပါတယ်။
ဒီသီတင်းပတ်ထဲမှာပဲ တရုတ်နိုင်ငံက ကမ်းလွန်ရေနံ တူးဖော်ရေး လုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်လာရာက ဗီယက်နမ် နိုင်ငံနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ၊ ဖိလစ်ပိုင်နိုင်ငံက တရုတ်ငါးဖမ်းသင်္ဘောသားတွေကို ဖမ်းဆီးခဲ့တာတွေကြောင့်လည်း တင်းမာမှုတွေ ပေါ်ပေါက်နေတာပါ။ တရုတ်နိုင်ငံက ရေနံတူးဖော်ရေး လုပ်ငန်းတွေ တိုးချဲ့ လုပ်ကိုင်မယ့် နေရာမှာ ဗီယက်နမ် ကင်းလှည့်သင်္ဘောတွေကို တရုတ်သင်္ဘောတွေက ထပ်တလဲလဲ ဝင်တိုက်တာ၊ မီးသတ်ပိုက်တွေနဲ့ ပက်တာတွေ လုပ်ခဲ့တယ်လို့ ဗီယက်နမ်နိုင်ငံက ပြောဆိုခဲ့တာပါ။
ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ တရုတ်နိုင်ငံရဲ့ ကမ်းလွန် ရေနံလုပ်ငန်းတွေ တိုးချဲ့တဲ့ အစီအစဉ်တွေကို ချက်ခြင်း ရပ်ဆိုင်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။